ရေကြည်မှာ နိုင်ငံသားအထောက်အထားမဲ့သူ ၂၅ ဦး ဖမ်းမိချိန် ကားမောင်းပြေးလို့ ၁ ဦး ပြုတ်ကျသေဆုံး

သြဂုတ် ၄- ၂၀၂၂
မင်းမြတ်

ဧရာ၀တီတိုင်း၊ရေကြည်မြို့နယ်၊ ဂွ-ငါးသိုင်းချောင်း သွားတဲ့ကားလမ်းပေါ်မှာ မနေ့ သြဂုတ် ၃ ရက် မနက် အစောပိုင်းက နိုင်ငံသားအထောက်အထားမဲ့သူ ၂၅ ယောက်ကို ဖမ်းမိခဲ့ပြီး ဖမ်းမိတဲ့ ၂၅ ယောက်ထဲက ကားမောင်းပြေးလာတဲ့အချိန် အထောက်အထားမဲ့သူ အမျိုးသမီး ၂ ယောက် ကားပေါ်ကနေ ပြုတ်ကျပြီး ၁ ယောက်သေဆုံးသွားကာ ၁ ယောက်ဒဏ်ရာရရှိသွားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီကနေသိရပါတယ်။

နိုင်ငံသားအထောက်အထားမဲ့သူ ၂၅ ယောက်ကို
းဂွ-ငါးသိုင်းချောင်းသွားတဲ့ကားပေါ်မှာကားနဲ့မောင်းလာချိန် ဖမ်းမိခဲ့တာဖြစ်ပြီး အဲ့ဒီ ၂၅ ယောက်ထဲက နိုင်ငံသား အထောက်အထားမဲ့သူ အမျိုးသမီး ၂ယောက်ဟာ ကားမောင်းလာစဉ် မိုင်တိုင်အမှတ် ၄၄/၀ နဲ့ ၄၄/၁ ကြားမှာ ကားပေါ်ကနေ ပြုတ်ကြပြီး ၁ ယောက်က ဦးခေါင်းပွင့် သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

”အားလုံးဖမ်းမိတာ ၂၅ ယောက်ပါ၊ ဖမ်းမိမှာစိုးလို့ ကားမောင်းပြေးတာ ကားပေါ်ကနေ ၂ ယောက် ပြုတ်ကျလို့ ၁ ယောက်သေသွားပါတယ်၊ သေသွားတဲ့သူက အမျိုးသမီးပါ ၊ ၁ ယောက်ကပြင်းထန်ဒဏ်ရာရသွားတာ တွေ့ရတယ်၊ ဂွ-ငါးသိုင်းချောင်းကားလမ်းရဲ့ မိုင်တိုင် ၄၄ နားမှာပြုတ်ကျတာပါ၊ရေကြည်မြို့နယ်ရဲစခန်းမှာ လိုအပ်တာတွေစစ်ဆေးနေပါတယ်”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးကပြောပါတယ်။

အဲ့ဒီဖမ်းမိတဲ့နိုင်ငံသားအထောက်အထားမဲ့သူတွေထဲမှာ အမျိုးသမီး ၁၁ ယောက် ၊ အမျိုးသား ၁၁ ယောက်နဲ့ အသက်မပြည့်သေးတဲ့ ကလေး ၃ ယောက်ဖြစ်တယ်လို့သိရပြီး သက်ဆိုင်ရာက လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်နေချိန် ဖမ်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းမိတဲ့အထောက်အထားမဲ့သူ ၂၅ဦးကို ရေကြည်မြို့မရဲစခန်းက စစ်ဆေးနေပြီး ဥပဒေနဲ့အညီ တရားစွဲအရေးယူဆောင်ရွက်ဖို့ လုပ်နေတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ရေကြည်

Related posts

Leave a Comment

VOM News

FREE
VIEW