ထိုင်းမှာ နိုက်ကလပ်မီးလောင်မှုကြောင့် လူ ၁၃ ဦးသေဆုံး ၊ ၄၀ ကျော်ဒဏ်ရာရ

 

ဘန်ကောက်၊ သြဂုတ်-၅-၂၀၂၂
မျိုးဆက်(VOM)

ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်း ချွှန်ဘူရီပြည်နယ်မှာရှိတဲ့ နိုက်ကလပ်တခုမှာ မီးလောင်မှုဖြစ်ပွားပြီးနောက် လူ ၁၃ ဦးသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

နိုက်ကလပ်မီးလောင်ကျွမ်းမှုဟာ ဆက်တာဟစ်ခရိုင်ရှိ Mountain B nightspot နိုက်ကလပ်မှာ ဒီနေ့မနက် တနာရီက ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဲဒီနိုက်ကလပ်ဟာ ဘန်ကောက်ကနေ ၁၅၀ ကီလိုမီတာမှာရှိပြီး တထပ်တိုက်ဖြစ်ပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ကလပ်ထဲက လူတွေထွက်ပြေးခဲ့ကြရပြီး လူအချို့မှာတော့ အ၀တ်အစားတွေ မီးလောင်မှုတွေပါဖြစ်ပွားခဲ့ကြောင်း အွန်လိုင်းမှာ ပြန့်နှံ့နေတဲ့ ရုပ်သံတွေမှာ ဖော်ပြထားပါတယ်။

နိုက်ကလပ်ရဲ့နံရံတွေပေါ်က မီးလောင်လွယ်တဲ့ပစ္စည်းတွေက မီးလောင်မှုကို ပိုမိုဆိုးရွားစေတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

မီးကို နှစ်နာရီကျော်ကြာ မီးသတ်သမားတွေက ငြှိမ်းသတ်ခဲ့ရပါတယ်။သေဆုံးသူအားလုံးဟာ ထိုင်းနိုင်ငံသားတွေလို့ ယူဆရပါတယ်။

လက်ရှိချိန်ထိတော့ မီးလောင်ကျွမ်းမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို မသိရှိရသေးပါဘူး။ ၂၀၀၉ ခုနှစ်ကလည်း ဘန်ကောက်မှာရှိတဲ့ နိုက်ကလပ်တခုမီးလောင်မှုကြောင့် လူ ၆၀ ကျော်သေဆုံးခဲ့ဖူးပါတယ်။

Ref: BBC
Photo: SAWANG ROJANATHAMMASATHAN RESCUE FOUNDATION
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW