ဧရာဝတီတိုင်းမှာ တလအတွင်း သဘာဝဘေးအန္တရာယ် ၃၈ ကြိမ်ဖြစ်ပွားခဲ့ပြီး ၂ ဦးသေဆုံး၊ ၁၀၉၂ ဦး သဘာဝဘေးဒဏ်ခံစားခဲ့ရ

သြဂုတ်၊ ၅ -၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်းမှာ သဘာ၀ဘေးအန္တရာယ်ကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း သဘာဝဘေးအန္တရာယ် ၃၈ ခါဖြစ်ပွားခဲ့ပြီး လူ ၂ ဦးသေဆုံးကာ လူ ၁၀၉၂ ဦး သဘာဝဘေးအန္တရာယ်ဒဏ် ခံစားခဲ့ရတယ်လို့ ဧရာဝတီတိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကနေ သိရပါတယ်။

”ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်စဉ်အပေါင်း ၃၈ ခါဖြစ်ခဲ့တယ်၊ အိမ်ထောင်စု ၂၃၇ ကနေ လူဦးရေ ၁၀၉၂ သဘာဝဒဏ် ခံစားခဲ့ရပါတယ်၊ကမ်းပြိုသဘာဝဘေးကအများဆုံးဖြစ်ပွားခဲ့တာတွေ့ရပါတယ်၊သဘာဝဘေးဒဏ်သင့်ဒေသခံတွေကို လည်းထောက်ပံ့ငွေတွေပေးအပ်ထားပါပြီ”လို့ဧရာဝတီတိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဧရာဝတီတိုင်းမှာ ပြီးခံတဲ့ ဇူလိုင် ၁ ရက်ကနေ ၃၁ ရက်အထိ ကမ်းပြိုဘေး ၂၂ ခါ၊ မီးဘေး ၁ ခါ၊ လေဘေး ၁၃ ခါ ၊ မိုးကြိုးဘေး ၁ ခါ၊ ထူးခြားသဘာဝဘေး ၁ ခါဖြစ်ပွားခဲ့ပြီး သေဆုံး ၂ ဦး၊နဲ့ ဒဏ်ရာရရှိသူ ၁ ဦးရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သဘာဝဘေးအန္တရာယ်ဒဏ်ကြောင့် ငွေကျပ် ၄၆ သန်းဆုံးရှုံးခဲ့ပြီး ထိခိုက်၊ သေဆုံး ၊ပျက်စီး ၊ဒဏ်ရာရ၊ နေအိမ်ပြိုလဲသဘာဝဘေးဒဏ်သင့်တွေကို ငွေကျပ် ၂၆ သန်းကျော် ထောက်ပံ့ပေးထားတယ်လို့လည်း သိရပါတယ်။

”ပန်းတနော်မြို့ဘက်မှာက ကမ်းပြိုသဘာဘေးဖြစ်တာ ပိုအဖြစ်များပါတယ်၊ကမ်းပြိုလို့ နေအိမ်တွေ ဖျက်ရွှေ့ရတာလည်းမနည်းတော့ပါဘူး၊သဘာဝဘေး ကာကွယ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြင့်လုပ်စေလိုပါတယ်”လို့ ပန်းတနော်မြို့ခံ ၁ ဦးကပြောပါတယ်။

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက သဘာဝ ဘေးအန္တရာယ် ၂၃ ကြိမ်သာ ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ အတွင်း ၃၈ ကြိမ်ဖြစ်ပွားခဲ့လို့ သဘာ၀ဘေးအန္တရာယ် အကြိမ်ရေ ၁၅ ကြိမ်ပိုများလာတယ်လို့ ဧရာဝတီတိုင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကနေသိရပါတယ်။

#voiceofmyanmar #VOM #ဧရာ၀တီတိုင်း #သဘာ၀ဘေးအန္တရာယ်

Related posts

Leave a Comment

VOM News

FREE
VIEW