မသန်စွမ်းသူတွေအတွက် အသက်မွေးဝမ်းကျောင်းပညာကို စားရိတ်ငြိမ်းအခမဲ့နဲ့ သင်ကြားပေးမယ်

ဩဂုတ် ၆
VOM (GG)

မသန်စွမ်းသူတွေကို ရန်ကုန်က မသန်စွမ်းသက်ကြီးသင်တန်းကျောင်းမှာ နေစားစရိတ်ငြိမ်း အခမဲ့နဲ့ အသက်မွေးဝမ်းကျောင်းသင်တန်းတွေကို လူမှု၀န်ထမ်းဦးဌာနက သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

သင်တန်းကာလက ၃ လကြာမြင့်မှာဖြစ်ပြီး သင်တန်းကာလတလျှောက်ကိုနေစရိတ်၊စားစရိတ် အခမဲ့ နဲ့သင်ကြားပေးမှာဖြစ်​ပြီး လာမယ့် စက်တင်ဘာ ၁၂ ရက်နေ့ မှာ စတင်ဖွင့်လှစ်မှာဖြစ်တယ်လို့သိရပါ တယ်။

စက်ချုပ်သင်တန်း၊တံဆိပ်ရိုက်သင်တန်း၊ ဓာတ်ပုံသင်တန်း၊ဆံသသင်တန်း ၊ကွန်ပျူတာသင်တန်း တွေကို သင်ကြားပေးမှာဖြစ်ပြီး လူ ၁၀၀ထိ လက်ခံမှာဖြစ်တယ်လို့ သိရပါတယ်။

” မသန်စွမ်းတိုင်းလျှောက်လို့ရတယ်။အဓိက အသက်မွေးဝမ်းကျောင်းပညာတတ်မြောက်ပြီး ဘဝရပ်တည်ရေးအထောက်အကူဖြစ်စေဖို့ပါ။ လျှောက်မယ့်သူက အသက် ၁၈ ကနေ၄၅ အထိရပါတယ်။ နယ်ကလာသူဆိုရန်ကုန်လာတဲခရီးစရိတ်ပါထောက်ပံ့မှာပါ “လို့ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း တာဝန်ရှိသူတဦးကပြောပါတယ်။

သင်တန်းတက်ရောက်ခွင့်ရသူတွေကို သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း နေထိုင်ရေး၊ စားသောက်ရေး စီစဉ်ပေးမှာဖြစ်တဲ့အပြင် သင်ထောက်ကူပစ္စည်းနဲ့ နယ်က လာရောက်သူတွေကိုလည်း အသွားအပြန်ခရီးစရိတ် ထောက်ပံ့မှာဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်း၊အမှတ်(၆၅)မှာရှိတဲ့ လူမှုဝန်ထမ်းအတတ် သင်သိပ္ပံကျောင်းဝင်းက မသန်စွမ်းသက်ကြီးသင်တန်းကျောင်း ဖုန်း ၀၁-၉၆၆၁၇၁၂၊ ၀၉-၂၅၀၄၀၂၃၉၂၊ ၀၉-၄၂၁၀၀၃၅၆၀ ကို ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းနိုင်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မသန်စွမ်း #အသက်မွေးပညာ #အခမဲ့သင်ပေးမယ်

Related posts

Leave a Comment

VOM News

FREE
VIEW