အရာ​တော်မြိုနယ်ထဲက မင်းရွာနဲ့ အောင်သာရွာ မီးရှို့ခံရ ၊ လူ ၁ ဦး မီးလောင်သေဆုံး

သြဂုတ် ၊ ၆ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ အရာတော်မြို့နယ် ၊ အရာတော်-မြင်းမူကားလမ်းပေါ်က မင်းရွာဟာ ဒီကနေ့ မနက်ပိုင်းက မီးရှို့ခံရပြီး လူ ၁ ဦး မီးလောင်သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ဒီမနက် မိုးလင်းတာနဲ့ ရွာထဲကို စစ်ကြောင်းရောက်လာတယ် ၊ တရွာလုံးထွက်ပြေးတိမ်းရှောင်နေရတယ် ၊ အဲ့ဒီအချိန် ပစ်ခတ်သံတွေကြားရပြီး ရွာမီးလောင်တာပါ “လို့ ဒေသခံတယောက်က ပြောပါတယ်။

ဒါ့အပြင် မင်းရွာဟာ အရာတော်မြို့နယ်ရဲ့ တောင်ဘက်ခြမ်းမှာ အကြီးဆုံး ကျေးရွာအုပ်စု ၊ရွာကြီးဖြစ်ပြီး အိမ်ခြေ ၁ ထောင်ကျော်ရှိတဲ့အနက် ဒီမနက်မှာ အိမ်ခြေ တဝက်မက မီးရှို့ခံရတာဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

” မနက်ပိုင်းက ပြေးနေရတာပါ ၊ အခု နေ့လယ်ပိုင်းမှာ ​ပြေးနေတဲ့သူတွေထဲက တချို့တဝက် ရွာထဲကိုပြန်လာနေကြပြီ ၊ အိမ်ခြေ ၅ ရာထက်မနည်း လောင်တာပါ ၊ အသက် ၈၀ ကျော် ဒေါ်ရှင်ဆိုတဲ့ အဘွားကြီးကတော့ မီးလောင် သေဆုံးသွားတယ် ၊ စျေးတန်းဘက်က စျေးဆိုင်တန်းတွေ မီးထဲ ပါ ၊ မပါဆိုတာ အခုသွားကြည့်နေတယ် ” လို့ မင်းရွာ ဒေသခံတယောက်က ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ နေ့လည်ပိုင်း ၁၁ နာရီဝန်းကျင်ကလည်း အရာတော်မြို့နယ် ၊ မူးမြစ်ကမ်းဘေးက အောင်သာကျေးရွာမှာ မီးရှိုခံရတာတွေဖြစ်ပေါ်ပြီး လူနေအိမ်နဲ့ အဆောက်အဦတွေ မီးလောင်ပျက်စီးခဲ့ရပြီး မီးလောင်သွားတဲ့ အိမ်ခြေအရေအတွက်ကို ဒေသခံတွေ ထွက်ပြေးနေရတဲ့အတွက် မသိရသေးဘူးလို့ ပြောပါတယ်။

အဲ့ဒိအပြင် ဒီကနေ့ မနက်ပိုင်းမှာ အရာတော်မြို့နယ်ထဲက မင်းရွာနဲ့ အောင်သာရွာ မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး အရာတော်မြို့နယ် စီမံခန့်ခွဲရေး အဖွဲ့ရုံးကို VOM က ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်မရသေးပါဘူး။

ဒါ့အပြင် အရာတော်မြို့နယ်ထဲက ကျေးရွာတွေဟာ မကြာခဏ မီးရှို့ခံနေရပြီး ပြီးခဲ့တဲ့၂၀၂၁ ၊ စက်တင်ဘာကနေ အခုနှစ် ၂၀၂၂၊ သြဂုတ်အထိ မီးရှို့ခံရတဲ့ ရွာပေါင်း ၇ ရွာနဲ့ မီးလောင်အိမ်ခြေ ၁ ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #အရာတော်

Related posts

Leave a Comment

VOM News

FREE
VIEW