ဟိုပင်ပြည်နယ်အမတ်နဲ့ ဖားကန်သပိတ်ခေါင်းဆောင် ဖမ်းဆီးခံရ

ဩဂုတ် ၁၅-၂၀၂၂
GG(VOM)

ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမျိုးကျော်နဲ့ ဖားကန့် သပိတ်ခေါင်းဆောင် ကိုစိုင်းမောင်တို့ ၂ ယောက်ဟာ
မနေ့က ဩဂုတ်၁၄ ရက်နေ့က မြစ်ကြီးနားမြို့ ၂၁ မိုင်ဂိတ်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။

” မနေ့က ၁၀ နာရီလောက်မှာ သူတို့အဖမ်းခံလိုက်ရတယ်။ ဂိတ်မှာစစ်ဆေးချိန် NUG ငွေတိုက်စာချုပ်တွေတွေ့လို့ ဖမ်းခံလိုက်ရတာလို့သိရတယ်။ ဖမ်းခံရတာ ၂၁မိုင်ဂိတ်မှာပေါ့ “လို့ ဒေသခံတဦးကပြောပါတယ်။

လက်ရှိမှာ ကိုမျိုးကျော်နဲ့ ကိုစိုင်းမောင်တို့ကို မြစ်ကြီးနားမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ဦးမျိုးကျော်ဟာ NLDပါတီရဲ့ဟိုပင်မြို့နယ် အမှတ်၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ပြီး ပရဟိတအလုပ် လုပ်ကိုင်သူတဦးလည်းဖြစ်တယ်လို့သိရပါတယ်။

ဖားကန့်က ကချင်ပြည်နယ် သံယံဇာတဝန်ကြီး ဒါရှိလှဆိုင်းနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးတင်စိုးလည်း ပြီးခဲ့တဲ့ လပိုင်းတွေက ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ဖားကန့်၊ဆိပ်မူကျေးရွာမှာ ဆန္ဒပြသူ ၇ ဦး ဖမ်းဆီးခံရမှုလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်ထဲမှာ အရင်ကလည်း ဖမ်းဆီးခံရတဲ့ လွှတ်တော်အမတ်တွေရှိထားသလို နေအိမ်တွေချိတ်ပိတ်ခံထားရတာတွေလည်းရှိပြီး အမှုဖွင့်ခံထားရလို့ တိမ်းရှောင်နေရတဲ့ လွှတ်တော်အမတ်တွေလည်းရှိနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဖားကန့်

Related posts

Leave a Comment

VOM News

FREE
VIEW