ရန်ကုန်မှာ လုယက်မှု၊ဓားပြတိုက်မှုနဲ့ ခိုးမှုတွေ​ကြောင့် လုံခြုံမှုမရှိ​ဘူးလို့ မြို့ခံအချို့ပြော

သြဂုတ် ၁၅၊၂၀၂၂ KK(VOM) ရန်ကုန်က မြို့နယ်အချို့မှာ လုယက်မှု၊ခိုးမှုနဲ့ဓားပြတိုက်မှုတွေကြောင့် သွားလာနေထိုင်ရတာဟာ လုံခြုံမှုမရှိဘူးလို့ မြို့ခံအချို့က ပြောပါတယ်။ ရွှေပြည်သာမြို့နယ်၊ အမှတ် ၄ လမ်းမ၊ ငါးကန်လမ်းထိပ်မှာ မနေ့ သြဂုတ် ၁၄ရက် ညနေပိုင်းက ဆိုင်ကယ်ဖမ်းဆီးခံရလို့ သွားရွေးပြီး ပြန်လာသူလူငယ်တဦးဆီကနေ ဆိုင်ကယ်ကို လူသုံးဦးက ဓားထောက်လုသွားတယ်လို့ မြို့ခံတဦးက ပြောပါတယ်။ “ဆိုင်ကယ်အဖမ်းခံရလို့ သွားရွေးတာ အပြန်မှာ ဆိုင်ကယ်ရော ဖုန်းရောအလုခံရတယ်၊ ဓားနဲ့ထောက်ထားတော့ ဘာမှလုပ်လို့မရဘူး သုံးယောက်တောင်”လို့ ပြောပါတယ်။ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်၊ စက်ဆန်းမီးရထားဝင်းလိုင်းမှာနေတဲ့ ဝန်ထမ်းတဦးနဲ့ညီမဖြစ်သူကို ပြီးခဲ့တဲ့သြဂုတ် ၁၁ ရက်နေ့ညက လိုင်းခန်းမှာရှိနေတဲ့အချိန် အမျိုးသားခြောက်ဦး ကားတစီးနဲ့ရောက်လာကာ ရိုက်နှက်ပြီး သိန်းတစ်ရာကျော်နဲ့ရွှေခြောက်ကျပ်သား လုယူမှုဖြစ်ခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။ “ဝန်ထမ်းအိမ်မှာ နေတဲ့သူတောင် လုယက်ခံရတယ်ဆိုတော့ စဥ်းစားကြည့်၊ ရန်ကုန်မှာ နေဖို့မကောင်းတော့ဘူး”လို့ ပြောပါတယ်။ အဲ့ဒီလို အိမ်မှာနေတဲ့သူတွေနဲ့…

Read More

ဧရာဝတီတိုင်းမှာ စက်သုံးဆီဆိုင်တွေကို ဈေးတင်မရောင်းဖို့နဲ့ ဆိုင်ပိတ်ထားတာကို အရေးယူတော့မယ်ဆိုပြီး လိုက်စစ်နေ

သြဂုတ်၊ ၁၅ -၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်းမှာ စက်သုံးဆီရောင်းချတဲ့ဆိုင်တွေကို ဆီဆိုင်မပိတ်ဖို့၊ဈေးတင်မရောင်းဖို့နဲ့ အကန့်အသတ်နဲ့ မရောင်းဖို့ဆိုပြီး ပူးပေါင်းအဖွဲ့တွေက ဒီကနေ့ သြဂုတ် ၁၅ ရက်ကစတင်ပြီး လိုက်လံစစ်‌ဆေးသတိပေးတာတွေလုပ်နေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ ဧရာဝတီတိုင်းထဲက ကျောင်းကုန်း၊ ပုသိမ်၊ ဟင်္သာတ ၊ဖျာပုံ၊ ဝါးခယ်မ၊ သာပေါင်း ၊ မြောင်းမြ ၊ ကျုံပျော် ၊ မအူပင် စတဲ့ မြို့နယ်တွေမှာ စက်သုံးဆီတွေရောင်းချတာ မရပ်ဖို့ ၊ အကန့်အသတ်နဲ့ မရောင်းဖို့ ၊ ဈေးတင်မရောင်းဖို့ ၊ ဆီပြတ်တာမဖြစ်စေဖို့ အဲ့ဒီစစ်ဆေးတဲ့အချက်တွေကို ဖောက်ဖျက်တာတွေ့ရင် အပြစ်ပေးအရေးယူမယ်ဆိုပြီး ပူးပေါင်းစစ်ဆေးရေးအဖွဲ့ကသတိပေးနေတာလို့သိရပါတယ်။ ”ရုတ်တရက် တစ်ခါမှ ရဲတွေစစ်သားတွေ လာမစစ်ဆေးဘူးတော့ လန့်သွားတာ၊ ဆီဈေးမကစားဖို့ ၊ မရောင်းဘဲမနေဖို့ ၊ အကန့်အသတ်နဲ့ မရောင်းဖို့ ၊ အဓိက လက်ရှိဖြစ်နေတဲ့ ဆီပြတ်လပ်နေတယ် ဆိုင်တွေပိတ်ရတယ်ဆိုတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ အရေးယူဖို့စစ်ဆေးတာလို့ပြောတယ်၊…

Read More

ကော့ကရိတ်မှာ ၃ နေရာပစ်ခတ်မှုတွေဖြစ်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် ရဲ ၅ ဦးသေဆုံး

သြဂုတ် ၊ ၁၅ ၊ ၂၀၂၂ SP( VOM) ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့မှာ ဒီကနေ့ မနက်ပိုင်းက ၃ နေရာ ပစ်ခတ်တာတွေဖြစ်ပြီး ကော့ကရိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် ရဲ ၅ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့တယ်လို့ ကော့ကရိတ်မြို့နယ် ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ဒီမနက် ၁၀ နာရီလောက်မှာစဖြစ်တယ်၊ ဒေါနတောင် လမ်းဟောင်း စစ်ဆေးရေးဂိတ်နားက ခရိုင်ရဲဝန်းနေရာ ၊ ခရိုင်ထွေ/အုပ်ရုံးနဲ့ မြန်မာ့စီးပွားရေး ဘဏ်နေရာတွေမှာ ဖြစ်တာပါ ၊ ၂ ဘက်ပစ်ခတ်ချိန် နာရီဝက်လောက်ကြာမယ် “လို့ ကော့ကရိတ် မြို့ခံ ဝန်ထမ်းတယောက်က ပြောပါတယ်။ အဲ့ဒီ ပစ်ခတ်မှုဖြစ်နဲ့ ပတ်သက်လို့ ကရင်ပြည်နယ် ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူ တယောက်က ” ဖြစ်တာက ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ ဖြစ်တာပါ ၊…

Read More

ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် ၆နှစ် ထပ်မံချမှတ်ခံရ

သြဂုတ် ၁၅-၂၀၂၂ KT(VOM) နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေမနက်ပိုင်းက နေပြည်တော်အချုပ်ထောင် အထူးတရားရုံးကနေ ဒေါ်ခင်ကြည်ဖောင်‌ဒေးရှင်းနဲ့ဆက်စပ်ပြီး စွပ်စွဲထားတဲ့အမှုတွေထဲက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတဲ့ အမှု ၄မှုအတွက် ဒီကနေ့မှာ ထောင်ဒဏ် ၆ နှစ် ထပ်မံချမှတ်လိုက်တယ်လို့ သိရပါတယ်။ တရားရုံးနဲ့ နီးစပ်သူတဦးက “အမှု (၄)မှုထဲက နေပြည်တော်က လရောင်တောမြေနေရာနဲ့ပတ်သက်တဲ့ အဂတိအမှု ၃မှုအတွက် ထောင်ဒဏ် ၃နှစ်စီကို တပေါင်းတည်းကျခံရမှာဖြစ်ပါတယ်။ ကျန်တစ်မှုဖြစ်တဲ့ ရန်ကုန်၊ ဗဟန်းမြို့နယ်က အဆောက်အအုံမြေနေရာနဲ့ပတ်သက်ပြီး စွဲဆိုတဲ့ အဂတိအမှုတစ်မှုအတွက် ၃နှစ်သတ်မှတ်တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၆နှစ်ချမှတ်ခံရတာဖြစ်ပါတယ်”လို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဒဏ် ၁၁နှစ်ချမှတ်ခံထားရတာဖြစ်ပြီး အခုအမှုနဲ့ဆိုရင် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရပြီးဖြစ်ပါတယ်။ #voiceofmyanmar #VOM #ဒေါ်အောင်ဆန်းစုကြည် #ထောက်၆နှစ်ထပ်ချခံရ

Read More

အမေရိကန် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ထိုင်၀မ်ကို မကြေညာဘဲ ရောက်ရှိနေ

တိုင်ပေ၊ သြဂုတ်-၁၅-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီ ထိုင်၀မ်ကို သွားရောက်ပြီးနောက် ၁၂ ရက်အကြာမှာ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်၀မ်ကို သြဂုတ် ၁၄ ရက်မှာ ရောက်ရှိနေပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ငါးဦးပါ၀င်တဲ့ အဲဒီအဖွဲ့ဟာ ကြေညာခြင်းမပြုဘဲ ထိုင်၀မ်သို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး သူတို့ဟာ သြဂုတ် ၁၅ ရက်ထိနေထိုင်မှာဖြစ်ကြောင်း ထိုင်၀မ်ရှိ အမေရိကန်ဆက်ဆံရေးရုံးက ပြောပါတယ်။ ဒါဟာ အင်ဒို-ပစိဖိတ်ဒေသ ပိုမိုကျယ်ပြန့်တဲ့ ခရီးစဉ်ရဲ့ တစိတ်တပိုင်းဖြစ်ပြီး ထိုင်၀မ်သမ္မတ ဆိုင်အင်း၀မ်နဲ့ သြဂုတ် ၁၅ ရက်မှာ တွေ့ဆုံမှာဖြစ်ပါတယ်။ ထိုင်၀မ်သို့ နန်စီပလိုစီလာရောက်ပြီးနောက် တရုတ်နိုင်ငံဟာ ကျွန်းအနီးမှာ အကြီးစားစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာလည်း စစ်ရေးလေ့ကျင့်မှုတွေကို ကျွန်းအနီးမှာ တရုတ်နိုင်ငံက ဆက်လက်လုပ်ဆောင်ခဲ့ပြီး သြဂုတ် ၁၄ ရက်အစောပိုင်းမှာ တရုတ်လေယာဉ် ၂၂ စင်းနဲ့ စစ်သင်္ဘော ခြောက်စင်းကို ထိုင်၀မ်ရေလက်ကြားအနီးတွေ့ရှိခဲ့ကြောင်း ထိုင်၀မ်ဘက်က ပြောပါတယ်။…

Read More

ရေစင်ရေမန်းတော်ကြီး သောက်ရေသန့်ဟာ သောက်သုံးဖို့မသင့်တာကြောင့် ရောင်းချနေရင် အရေးယူမယ်လို့ FDA အသိပေး

ဩဂုတ် ၁၅-၂၀၂၂ VOM (GG) တရားမဝင် ထုတ်လုပ်ရောင်းချခဲ့တဲ့ ရေစင်ရေမန်းတော်ကြီးသောက်ရေသန့်စက်ရုံနဲ့ရုံးချုပ်ကို ဝင်ရောက်ဖမ်းဆီးပြီး ၂ လအကြာမှာ သောက်သုံးဖို့မသင့်တဲ့ ရေသန့်ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA က အသိပေးထုတ်ပြန်လိုက်ပါတယ်။ “ရေစင်ရေမန်းတော်ကြီး” အမှတ်တံဆိပ် သောက်ရေသန့်ဟာ ဓာတ်ခွဲစစ်ဆေးချက်အရ အဏုဇီဝနဲ့ ဓာတုသတ်မှတ်ချက် ကိုက်ညီမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရတဲ့အတွက် သောက်သုံးဖို့​မသင့်တဲ့ သောက်ရေသန့်ဖြစ်တယ်လို့ FDA ရဲ့ထုတ်ပြန်မှာ ပါရှိပါတယ်။ ဒါ့ကြောင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ဖို့နဲ့ တကယ်လို့ လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ၂၈(က)အရ အရေးယူမှာဖြစ်တယ်လို့ သိရပါတယ်။ ” တံဆိပ်ဖြုတ်ပြီး တရားမဝင်ဖြန့်နေတာတွေရှိနေသေးတယ်လို့ ဈေးကွက်စောင့်ကြည့်တာဝန်ယူထားတဲ့ အသင်းသားတွေကပြောပါတယ် ၊ ရေသန့်ကို ​ထပ်မထုတ်ရလို့ပြောထားပါတယ်၊ ထပ်ထုတ်ရင်ဥပဒေအရ အရေးယူမယ်လို့ရေးထားတယ် “လို့ မြန်မာနိုင်ငံရေသန့်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးရဲထွဋ်ကပြောပါတယ်။ ရေသန့်ကို အဘရှိန်ရဲ့ရေစင်ရေမန်းအဖြစ်ပြုပြင်ရောင်းချခဲ့တဲ့ စက်ရုံနဲ့ အာတီးယားလမ်းက ရုံးချုပ်ကို ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့မှာ…

Read More

အီဂျစ်မှာ ခရစ်ယာန်ဘုရားကျောင်းမီးလောင်မှု လူ ၄၀ ကျော်သေဆုံး

ကိုင်ရို၊ သြဂုတ်-၁၅-၂၀၂၂ မျိုးဆက်(VOM) အီဂျစ်နိုင်ငံရှိ ခရစ်ယာန်ဘုရားကျောင်းတခုမှာ သြဂုတ် ၁၄ ရက်ကဖြစ်ပွားခဲ့တဲ့ မီးလောင်ကျွမ်းမှုကြောင့် လူဒါဇင်များစွာ သေဆုံးခဲ့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ သေဆုံးအရေအတွက်ဟာ ၄၁ ဦးထက်မနည်းရှိပြီး ဒါဇင်နဲ့ချီဒဏ်ရာရရှိခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောဆိုထားပြီး သေဆုံးသူတွေထဲမှာ ကလေးငယ်တွေလည်း ပါ၀င်တယ်လို့ ဆိုပါတယ်။ ဂီဇာဒေသရှိ အဲဒီဘုရားကျောင်းမှာ ၀တ်ပြုသူ ငါးထောင်ခန့်စုဝေးနေချိန် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ထွက်ပြေးကြချိန်မှာ ၀င်ပေါက်မှာ လူစုလူဝေးဖြစ်ကာ ပိတ်မိသလိုဖြစ်ခဲ့တယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ မီးလောင်မှုကြောင့် သေဆုံးသူတွေထဲမှာ အသက်သုံးနှစ်မှ ၁၆ နှစ်ကြားအရွယ် ၁၈ ဦးပါ၀င်တယ်လို့ ဆေးရုံမှတ်တမ်းတွေကို ကိုးကားပြီး စီအင်န်အင်န်သတင်းဌာနက ဖော်ပြထားပါတယ်။ မီးလောင်ကျွမ်းမှုအကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးကြောင်း မီးသတ်တပ်ဖွဲ့ကပြောပါတယ်။ မျက်မြင်သက်သေအချို့ကတော့ ဝါယာရှော့ခ်ဖြစ်ပွားမှုကြောင့် မီးစတင်လောင်ကျွမ်းခဲ့တယ်လို့ ပြောဆိုကြပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM #ကိုင်ရို

Read More

ပြည်တွင်း ရွှေစျေး၂၇ သိန်း ဖြစ်နေပြီး ဒေါ်လာ ၃၀၀၀ ကျော်အထိမြင့်တက်နေ

ဩဂုတ် ၁၅-၂၀၂၂ VOM (GG) ပြည်တွင်းရွှေစျေး ဒီနေ့ဩဂုတ် ၁၅ ရက်နေ့မှာ အခေါက်ရွှေ တကျပ်သားကို ၂၇ သိန်း စျေး ​​​ရှိနေပြီး အမေရိကန်ဒေါ်လာက အမြင့်ဆုံး တဒေါ်လာကို ၃၀၀၀ ကျော်အထိ စျေးကွက်ရှိနေတယ်လို့သိရပါတယ်။ ဒီနေ့ရဲ့ ၁၆ ပဲရည် အခေါက်ရွှေစျေးက ပြင်ပစျေးကွက်မှာ ၂၇၀၀၀၀၀ ဝန်းကျင် ရှိနေပြီး အမေရိကန်ဒေါ်လာက တဒေါ်လာကို ၂၉၅၀ ကနေ ၃၀၅၀ အထိ စျေးရှိနေကာ ကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြစ်ပြီး ဒေါ်လာစျေးကွက်ပျက်နေပြီလို့ ဒေါ်လာဝယ်ရောင်းလုပ်သူတွေကပြောပါတယ်။ ” တနေ့က ၂၈ သိန်း ကျော်ထိတက်သွားတယ်။မနေ့ကတော့ ၂၆ သိန်းကျော်ထိပြန်ကျတယ်။ဒီနေ့ စျေးစဖွင့်တော့ ၂၆ သိန်းကျော်နဲ့စတယ်၊ အခု ၁ နာရီကျော်စျေး ၂၇ ပြန်ဖြစ်လာတယ်။ဒါကြောင့် တချို့ဆိုင်တွေဆို အခေါက်ရွှေ အရောင်းရပ်ထားကြတယ်။ ဆိုင်ကြီးတွေတောင်ပါတယ်၊ ဒေါ်လာကလည်း ၃၀၀၀ ကျော်တာက…

Read More

ဟိုပင်ပြည်နယ်အမတ်နဲ့ ဖားကန်သပိတ်ခေါင်းဆောင် ဖမ်းဆီးခံရ

ဩဂုတ် ၁၅-၂၀၂၂ GG(VOM) ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမျိုးကျော်နဲ့ ဖားကန့် သပိတ်ခေါင်းဆောင် ကိုစိုင်းမောင်တို့ ၂ ယောက်ဟာ မနေ့က ဩဂုတ်၁၄ ရက်နေ့က မြစ်ကြီးနားမြို့ ၂၁ မိုင်ဂိတ်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။ ” မနေ့က ၁၀ နာရီလောက်မှာ သူတို့အဖမ်းခံလိုက်ရတယ်။ ဂိတ်မှာစစ်ဆေးချိန် NUG ငွေတိုက်စာချုပ်တွေတွေ့လို့ ဖမ်းခံလိုက်ရတာလို့သိရတယ်။ ဖမ်းခံရတာ ၂၁မိုင်ဂိတ်မှာပေါ့ “လို့ ဒေသခံတဦးကပြောပါတယ်။ လက်ရှိမှာ ကိုမျိုးကျော်နဲ့ ကိုစိုင်းမောင်တို့ကို မြစ်ကြီးနားမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ဦးမျိုးကျော်ဟာ NLDပါတီရဲ့ဟိုပင်မြို့နယ် အမှတ်၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ပြီး ပရဟိတအလုပ် လုပ်ကိုင်သူတဦးလည်းဖြစ်တယ်လို့သိရပါတယ်။ ဖားကန့်က ကချင်ပြည်နယ် သံယံဇာတဝန်ကြီး ဒါရှိလှဆိုင်းနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးတင်စိုးလည်း ပြီးခဲ့တဲ့ လပိုင်းတွေက ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ဖားကန့်၊ဆိပ်မူကျေးရွာမှာ ဆန္ဒပြသူ ၇ ဦး ဖမ်းဆီးခံရမှုလည်း…

Read More
VOM News

FREE
VIEW