အမေရိကန် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ထိုင်၀မ်ကို မကြေညာဘဲ ရောက်ရှိနေ

တိုင်ပေ၊ သြဂုတ်-၁၅-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီ ထိုင်၀မ်ကို သွားရောက်ပြီးနောက် ၁၂ ရက်အကြာမှာ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်၀မ်ကို သြဂုတ် ၁၄ ရက်မှာ ရောက်ရှိနေပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ငါးဦးပါ၀င်တဲ့ အဲဒီအဖွဲ့ဟာ ကြေညာခြင်းမပြုဘဲ ထိုင်၀မ်သို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး သူတို့ဟာ သြဂုတ် ၁၅ ရက်ထိနေထိုင်မှာဖြစ်ကြောင်း ထိုင်၀မ်ရှိ အမေရိကန်ဆက်ဆံရေးရုံးက ပြောပါတယ်။

ဒါဟာ အင်ဒို-ပစိဖိတ်ဒေသ ပိုမိုကျယ်ပြန့်တဲ့ ခရီးစဉ်ရဲ့ တစိတ်တပိုင်းဖြစ်ပြီး ထိုင်၀မ်သမ္မတ ဆိုင်အင်း၀မ်နဲ့ သြဂုတ် ၁၅ ရက်မှာ တွေ့ဆုံမှာဖြစ်ပါတယ်။

ထိုင်၀မ်သို့ နန်စီပလိုစီလာရောက်ပြီးနောက် တရုတ်နိုင်ငံဟာ ကျွန်းအနီးမှာ အကြီးစားစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီနောက်မှာလည်း စစ်ရေးလေ့ကျင့်မှုတွေကို ကျွန်းအနီးမှာ တရုတ်နိုင်ငံက ဆက်လက်လုပ်ဆောင်ခဲ့ပြီး သြဂုတ် ၁၄ ရက်အစောပိုင်းမှာ တရုတ်လေယာဉ် ၂၂ စင်းနဲ့ စစ်သင်္ဘော ခြောက်စင်းကို ထိုင်၀မ်ရေလက်ကြားအနီးတွေ့ရှိခဲ့ကြောင်း ထိုင်၀မ်ဘက်က ပြောပါတယ်။

တရုတ်နိုင်ငံဟာ ထိုင်၀မ်ကို သူ့ရဲ့ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားပြီး ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ပါက စစ်အင်အားသုံးမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #တိုင်ပေ

Related posts

Leave a Comment

VOM News

FREE
VIEW