ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် ၆နှစ် ထပ်မံချမှတ်ခံရ

သြဂုတ် ၁၅-၂၀၂၂
KT(VOM)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေမနက်ပိုင်းက နေပြည်တော်အချုပ်ထောင် အထူးတရားရုံးကနေ ဒေါ်ခင်ကြည်ဖောင်‌ဒေးရှင်းနဲ့ဆက်စပ်ပြီး စွပ်စွဲထားတဲ့အမှုတွေထဲက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတဲ့ အမှု ၄မှုအတွက် ဒီကနေ့မှာ ထောင်ဒဏ် ၆ နှစ် ထပ်မံချမှတ်လိုက်တယ်လို့ သိရပါတယ်။

တရားရုံးနဲ့ နီးစပ်သူတဦးက “အမှု (၄)မှုထဲက နေပြည်တော်က လရောင်တောမြေနေရာနဲ့ပတ်သက်တဲ့ အဂတိအမှု ၃မှုအတွက် ထောင်ဒဏ် ၃နှစ်စီကို တပေါင်းတည်းကျခံရမှာဖြစ်ပါတယ်။ ကျန်တစ်မှုဖြစ်တဲ့ ရန်ကုန်၊ ဗဟန်းမြို့နယ်က အဆောက်အအုံမြေနေရာနဲ့ပတ်သက်ပြီး စွဲဆိုတဲ့ အဂတိအမှုတစ်မှုအတွက် ၃နှစ်သတ်မှတ်တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၆နှစ်ချမှတ်ခံရတာဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဒဏ် ၁၁နှစ်ချမှတ်ခံထားရတာဖြစ်ပြီး အခုအမှုနဲ့ဆိုရင် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရပြီးဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဒေါ်အောင်ဆန်းစုကြည် #ထောက်၆နှစ်ထပ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW