အီဂျစ်မှာ ခရစ်ယာန်ဘုရားကျောင်းမီးလောင်မှု လူ ၄၀ ကျော်သေဆုံး

ကိုင်ရို၊ သြဂုတ်-၁၅-၂၀၂၂
မျိုးဆက်(VOM)

အီဂျစ်နိုင်ငံရှိ ခရစ်ယာန်ဘုရားကျောင်းတခုမှာ သြဂုတ် ၁၄ ရက်ကဖြစ်ပွားခဲ့တဲ့ မီးလောင်ကျွမ်းမှုကြောင့် လူဒါဇင်များစွာ သေဆုံးခဲ့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

သေဆုံးအရေအတွက်ဟာ ၄၁ ဦးထက်မနည်းရှိပြီး ဒါဇင်နဲ့ချီဒဏ်ရာရရှိခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောဆိုထားပြီး သေဆုံးသူတွေထဲမှာ ကလေးငယ်တွေလည်း ပါ၀င်တယ်လို့ ဆိုပါတယ်။

ဂီဇာဒေသရှိ အဲဒီဘုရားကျောင်းမှာ ၀တ်ပြုသူ ငါးထောင်ခန့်စုဝေးနေချိန် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ထွက်ပြေးကြချိန်မှာ ၀င်ပေါက်မှာ လူစုလူဝေးဖြစ်ကာ ပိတ်မိသလိုဖြစ်ခဲ့တယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မီးလောင်မှုကြောင့် သေဆုံးသူတွေထဲမှာ အသက်သုံးနှစ်မှ ၁၆ နှစ်ကြားအရွယ် ၁၈ ဦးပါ၀င်တယ်လို့ ဆေးရုံမှတ်တမ်းတွေကို ကိုးကားပြီး စီအင်န်အင်န်သတင်းဌာနက ဖော်ပြထားပါတယ်။

မီးလောင်ကျွမ်းမှုအကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးကြောင်း မီးသတ်တပ်ဖွဲ့ကပြောပါတယ်။ မျက်မြင်သက်သေအချို့ကတော့ ဝါယာရှော့ခ်ဖြစ်ပွားမှုကြောင့် မီးစတင်လောင်ကျွမ်းခဲ့တယ်လို့ ပြောဆိုကြပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ကိုင်ရို

Related posts

Leave a Comment

VOM News

FREE
VIEW