စက်သုံးဆီအရောင်းဆိုင်နားမှာ ပေါက်ကွဲမှုဖြစ်လို့ လူ ၁ ဦးသေ ၊ ၂ ဦး ဒဏ်ရာရ

သြဂုတ် ၊ ၁၇ ၊ ၂၀၂၂
SP( VOM)

တနင်္သာရီတိုင်း ၊ မြိတ်မြို့နယ် ၊ မြတ်နောင်ကျေးရွာ ၊ လေယာဥ်ကွင်းလမ်းမှာရှိတဲ့ စက်သုံးဆီ အရောင်းဆိုင်းနားမှာ မနေ့ သြဂုတ် ၁၆ ရက် မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပြီး လူသေဆုံးတာနဲ့ ဒဏ်ရာရတာတွေရှိခဲ့တယ်လို့ မြိတ်မြို့နယ် စီမံခန့်ခွဲရေးရုံးဆီက သိရပါတယ်။

” မနေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်မှာ ပေါက်ကွဲတာပါ ၊ လေယာဥ်ကွင်လမ်းက HD စက်သုံးဆီအရောင်းနားမှာပါ ၊ လူ ၁ ဦးသေတယ် ၊ ၂ ဦး ဒဏ်ရာရတယ် ၊ ဆီဆိုင်တော့ ထိခိုက်တာ မရှိဘူး ” လို့ မြိတ်မြို့ခံ တယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး မြိတ်မြို့နယ် ၊ စီမံခန့်ခွဲရေး ရုံးအဖွဲ့နဲ့ နီးစပ်သူတယောက်က” ဆီဆိုင်နားမှာ ထောင်ထားတဲ့ လက်လုပ်မိုင်းပေါက်ကွဲတာပါ ၊ အဲ့ဒီ ပေါက်ကွဲတဲ့အချိန် အနားက ဖြတ်သွားတဲ့ လိုက်ထရပ်ကား တစ်စီးကို မိုင်းစထိမှန်တယ် ၊ အဲ့ဒါကြောင့် ကားပေါ်မှာလိုက်ပါလာတဲ့ ၊ကန်ကြီးရပ်ကွက်က ဦးဟန်ထွန်းမြင့် (၄၃) နှစ် မိုင်းစထိမှန် ဒဏ်ရာရရှိကာ သေဆုံးခဲ့တယ် ၊ သူနဲ့ တစ်ရပ်ကွက်တည်းနေတဲ့ ဦးငွေလှိုင် (၆၂) နှစ်နဲ့ ကန်ဖျားရပ်ကွက်နေ ဇူလှိုင်မောင်မောင် (၁၉) သူတို့ ၂ ဦးက ဒဏ်ရာရတယ် ” လို့ ပြောပါတယ်။

အပြင်းအထန် ဒဏ်ရာရထားတဲ့ လူနာ ၂ ဦးကို မြိတ်မြို့ မီးသတ်တပ်ဖွဲ့နဲ့ ဒေသခံ လူမှုကူညီရေးအသင်းတွေက မြိတ်မြို့စစ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြိတ်မြို့နယ်မှာ စက်သုံးဆီစျေးနူန်းတွေ အဆမတန် ​ကြီးမြင့်လာပြီးနောက်ပိုင်း အခုလို ဆီဆိုင်အနီး မိုင်းပေါက်ကွဲတာဟာ ပထမဆုံး အကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မြိတ် #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW