ကိုယ်တိုင်စိုက်တဲ့ ဆန်ကို ပြန်ဝယ်စားနေရတဲ့ ရွှေဘိုခရိုင်ထဲက တောင်သူတွေရဲ့ဘဝ

သြဂုတ် ၁၈-၂၀၂၂ Voice Of Myanmar(VOM) စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ရွှေဘိုခရိုင်ဟာ စပါးစိုက်ပျိုးမှု အများဆုံးခရိုင်တခုဖြစ်ပြီး ရွှေဘိုခရိုင်ထဲက ရွှေဘိုမြို့နယ်၊ ဒီပဲယင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်တွေမှာ ရွှေဘိုပေါ်ဆန်းစပါးကို အဓိကစိုက်ပျိုးကြတာလည်းဖြစ်ပါတယ်။ နိုင်ငံရေးအပြောင်းအလဲဖြစ်ခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်၀ါရီလ နောက်ပိုင်း အဲ့ဒီဒေသကတောင်သူတွေဟာ နယ်မြေမတည်ငြိမ်မှုတွေ၊ စိုက်ပျိုးစရိတ်သွင်းအားစုမြင့်တက်လာမှုတွေကြောင့် ရွှေဘိုပေါ်ဆန်းစပါးစိုက်ပျိုးမှုတွေ လျော့နည်းလာခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့မိုးစပါးပေါ်ချိန်မှာလည်း ဒေသအတွင်းမလုံခြုံမှုတွေကြောင့် ထွက်ရှိလာတဲ့စပါးတွေကို ရတဲ့ဈေးနဲ့ရောင်းချခဲ့ရတယ်လို့ တောင်သူတွေကပြောပါတယ်။ အခုလို မိုးရာသီမှာတော့ ကျေးရွာတွေမီးရှို့ခံရတဲ့အခါမှာ သိုလှောင်ထားတဲ့ မျိုးစပါးနဲ့ ဝမ်းစာစပါးမီးလောင်ဆုံးရှုံရတာတွေ၊ သွင်းအားစုမြင့်တက်လာမှုတွေကြောင့် စပါးစိုက်တောင်သူ ၆၀ ရာခိုင်နှုန်းလောက်က မိုးစပါးစိုက်ပျိုးနိုင်ခြင်းမရှိကြဘူးလို့ သိရပါတယ်။ ဒါ့အပြင် သိုလှောင်ထားတဲ့ဝမ်းစာစပါးတွေလည်း မီးလောင်ဆုံရှုံးခဲ့တဲ့ တောင်သူတွေအနေနဲ့ လက်ရှိစားဝတ်နေရေးအတွက် ဆန်ကိုပြန်ဝယ်စားနေရတယ်လို့ တောင်သူတချို့ကပြောပါတယ်။ ကိုယ်စိုက်တဲ့ဆန်ကို ပြန်ဝယ်စားရချိန်မှာလည်း ရွှေဘိုပေါ်ဆန်းမွှေးတအိတ်ကို ၇ သောင်းကျော်အထိရှိနေတာကြောင့် ရွှေဘိုက ပေါ်ဆန်းမွှေးစိုက်တဲ့တောင်သူတွေက ဆန်ကြမ်းကိုသာ ဝယ်စားနေကြရတယ်လို့လည်း ပြောဆိုကြပါတယ်။ #voiceofmyanmar…

Read More

ပုသိမ်-ငရုတ်ကောင်းလမ်းမှာ တောင်ကျရေ ကျဆင်းလာလို့ လူနေအိမ်တွေရေနစ်၊ ကားလမ်းတွေလည်းပိတ်မိနေ

သြဂုတ်၊ ၁၇-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ၊ငရုတ်ကောင်း တောင်အနီး ပုသိမ်-ငရုတ်ကောင်းကားလမ်းတလျှောက် မှာ ဒီကနေ့ ဩဂုတ် ၁၇ နေ့လယ်ပိုင်းကစတင်လို့ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတွေ ကျဆင်းလာတဲ့အတွက် ကားလမ်းရေကျော်ကာ ကားတွေပိတ်မိနေသလို ကားလမ်းဘေးမှာရှိတဲ့ လူနေအိမ်တွေလည်း ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ “တောင်ကျရေတွေလည်း ဆင်းပြီးတော့ ချောင်းရေကလည်း တက်တာနဲ့ အကုန်မြုပ်ကုန်တာ၊ ရေက တချို့နေရာ ၄ ပေကျော်အထိ တက်နေတာ၊ အကုန်လုံးတော့ ဘေးလွတ်ရာကိုရှောင်ဖို့ ကိုယ့်အစီအစဉ်နဲ့ကိုယ်လုပ်နေကြတယ်၊ ပိတ်မိနေသူတွေလည်းရှိတယ်၊ ကားလမ်းကလည်း သွားမရတော့ဘူး၊ ကားတွေလည်း မနည်းပိတ်မိနေတယ်၊ရေကတဟုန်ထိုးတက်လာတာ ၊ ကားတွေ ဆယ်နဲ့ချီကားတွေပိတ်နေတာ၊ အိမ်တွေလည်း ရေဝင်ကုန်ပြီ ”လို့ ဒေသခံတဦးကပြောပါတယ်။ ပုသိမ်-ငရုတ်ကောင်း ကားလမ်းလမ်းပိုင်းမှာ ရေအမြင့်မှာ ၁ ပေကနေ ၄ ပေထိ ရေကျော်နေတာဖြစ်ပြီး ကားတွေ ဖြတ်သန်းသွားလို့မရတော့ဘဲ ကားလမ်းရဲ့ နံဘေးရှိတဲ့ နေအိမ်တွေမှာလည်း…

Read More

ရွှေဘို-မြစ်ကြီးနားကားလမ်းပေါ်က နဘားဂိတ် မိုင်းခွဲခံရပြီး ဝန်ထမ် ၅ ဦး ဖမ်းဆီးခံရ

သြဂုတ် ၊ ၁၇ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ အင်းတော်မြိုနယ် ၊ နဘားကျေးရွာအနီး ရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ်က နဘားဂိတ်ကို မနေ့ သြဂုတ် ၁၆ ရက် မနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ခံရပြီး အဲ့ဒီ ဂိတ်က ဝန်ထမ်းတချို့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အင်းတော်မြို့ခံ ဝန်ထမ်း အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” မနေ့က မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာဖြစ်တာပါ ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင် တိုးလ်ဂိတ်ကို မိုင်းခွဲတယ် ၊ မီးရှို့ ဖျက်ဆီးလိုက်တာပါ ၊ အဲ့ဒီ ဂိတ်က ဝန်ထမ်း ၅ ယောက်လည်း ဖမ်းဆီးသွားတယ် ၊ ဘယ်အဖွဲ့ဆိုတာတော့ သေခြာမသိရဘူး”လို့ နဘားရွာမှာနေတဲ့ ဒေသခံတယောက်က ပြောပါတယ်။ အဲ့ဒီ မိုင်းခွဲမှုကြောင့် ဝန်ထမ်းနေအိမ်တွေနဲ့ ဂိတ်တဲ…

Read More

အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုမတိုင်မီ မြောက်ကိုရီးယားက ခရုဇ်ဒုံးကျည်တွေ ပစ်ခတ်

ဆိုးလ်၊ သြဂုတ်-၁၇-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ သြဂုတ် ၁၇ ရက်မနက်အစောပိုင်းမှာ နိုင်ငံအနောက်ဘက် ကမ်းရိုးတန်းမှာရှိတဲ့ အွန်ချွှန်မြို့ကနေ ခရုဇ်ဒုံးကျည်နှစ်စင်းကို စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ အဲဒီဒုံးကျည် ရောက်ရှိပျံသန်းခဲ့တဲ့ အကွာအဝေးနဲ့ အသေးစိတ်အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာ လေ့လာနေတယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ သြဂုတ် ၁၁ ရက်ကနေ စက်တင်ဘာ ၁ ရက်ထိပြုလုပ်မယ့် ကာလရှည်ကြာ ဆိုင်းငံ့ထားတဲ့ Ulchi Freedom Shield ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် အမေရိကန်နဲ့တောင်ကိုရီးယားတို့က လေးရက်ကြာအကြိုလေ့ကျင့်မှုပြီး နောက်တရက်မှာ မြောက်ကိုရီးယားက အခုလို ဒုံးကျည်တွေ ပစ်ခတ်စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ မကြာသေးမီနှစ်တွေအတွင်း နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်အပြင် မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေလျော့ပါးအောင်လို့ အရွယ်အစားလျှော့ချခဲ့ပါတယ်။ မြောက်ကိုရီးယားကတော့ အဲဒီပူးတွဲစစ်ရေးလေ့ကျင့်မှုတွေဟာ ကျူးကျော်ဖို့အတွက် လေ့ကျင့်နေတာလို့ စွပ်စွဲပြောဆိုလေ့ရှိပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ဟာ…

Read More

ဧရာဝတီတိုင်းမှာ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် အသေးစားနဲ့အလတ်စားလုပ်ငန်းတွေ ရပ်နားလာရ

သြဂုတ် ၊၁၇-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်းက အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းတွေဟာ စက်သုံးဆီဈေးမြင့်တက်လာတာ၊ ငွေကြေအခက်အခဲတွေနဲ့ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ် တွေကြောင့် လုပ်ငန်းတွေ ရှေ့ဆက်ရပ်တည်ဖို့ခက်ခဲ လာလို့ ရပ်နားလာရတယ်လို့ အသေးစားနဲ့ အလတ်စားလုပ်ငန်းရှင်တွေဆီကနေသိရပါတယ်။ ”ကိုဗစ်ကပ်ရောဂါကြောင့် လုပ်ငန်းတွေရပ်ပစ်ရမယ့်အထိ ဖြစ်ခဲ့လို့ အရင်အစိုးရက ချေးငွေထုတ်ချေးပေးခဲ့လို့ရပ်တည်ခဲ့တယ် ၊ တခါ နိုင်ငံရေးဖြစ်စဉ်တွေကြောင့် လုပ်ငန်းတွေလည်ပတ်ဖို့ ခက်ခဲပြန်တယ်၊အခုဒေါ်လာဈေးတွေနဲ့ ရွှေဈေးကွာဟ ၊ စက်သုံးဆီဈေးတွေက အဆမတန်ဘထိုးတက်လာတော့ ကျွန်တော်တို့လုပ်ငန်းတွေက ဘယ်လိုမှမတတ်နိုင်တော့ဘဲ ယိမ်းယိုင်သွားလို့ပြန်မလုပ်နိုင်ကြတော့လို့ ရပ်ပစ်ရတာပါ ၊ လက်ရှိ လုပ်ငန်းရှင် ၁၉ ယောက်လောက်ရပ်ထားရတယ်”လို့ ဧရာဝတီတိုင်းက အသေးစားနဲ့အလတ်စား စီးပွားရေး လုပ်ငန်းရှင်တဦးကပြောပါတယ်။ ဧရာဝတီတိုင်းထဲက အသေးစားနဲ့ အလတ်စားစီးပွားရေ လုပ်ငန်းတွေအများစုဟာ နိုင်ငံရေး ၊ ငွေကြေး ၊ ကုန်ဈေးနှုန်းငွေကြေလဲလည်နှုန်းတွေမတည်ငြိမ်မှုတွေ ကြောင့် အလုပ်ထလုပ်ရင် အရှုံးသာပြနေလို့ ရပ်ဆိုင်းလိုက်ရတာဖြစ်တယ်လို့သိရပြီး လက်ရှိ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်…

Read More

ထိုင်းတောင်ပိုင်း နေရာ ၁၇ ခုမှာ ဗုံးပေါက်ကွဲမှုနဲ့ မီးရှို့မှုတွေ ဖြစ်ပွား

ဘန်ကောက်၊ သြဂုတ်-၁၇-၂၀၂၂ မျိုးဆက်(VOM) ထိုင်းနိုင်ငံတောင်ပိုင်း နေရာ ၁၇ ခုထက်မနည်းမှာ ဗုံးပေါက်ကွဲမှုနဲ့ မီးရှို့မှုတွေ သြဂုတ် ၁၇ ရက် မနက်ပိုင်းမှာ ဖြစ်ပွားခဲ့ပြီး လူ ခုနှစ်ဦးဒဏ်ရာရရှိသွားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဗုံးကွဲမှုနဲ့ မီးရှို့မှုတွေဟာ နိုင်ငံတောင်ပိုင်းပြည်နယ်သုံးခုရှိ ဓါတ်ဆီဆိုင်တွေနဲ့ ကုန်မျိုးစုံစတိုးဆိုင်တွေကို ပစ်မှတ်ထား လုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်ရှိချိန်ထိ ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာမသိရသေးပါဘူး။ မလေးရှားနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ထိုင်းတောင်ပိုင်းပြည်နယ်တွေမှာ အားကောင်းမောင်းသန်မဟုတ်ပေမယ့်လည်း ဆယ်စုနှစ်များစွာ သူပုန်ထမှုတွေ ကြုံတွေ့နေရပြီး မွတ်ဆလင်အများစုနေထိုင်ရာ ပက်တာနီ၊ ယာလာ၊ နာရာသီ၀ပ်နဲ့ ဆောင်ခလာတို့မှာ ခွဲထွက်ရေး အုပ်စုတွေကို အစိုးရက ကိုင်တွယ်နေရပါတယ်။ ၂၀၀၄ ခုနှစ်မှစတင်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူ ၇၃၀၀ ကျော်သေဆုံးခဲ့တယ်လို့ အကြမ်းဖက်မှုတွေကို စောင့်ကြည့်တဲ့ Deep South Watch အဖွဲ့ကပြောပါတယ်။ ၂၀၁၃ ခုနှစ်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စတင်ခဲ့ပေမယ့်…

Read More

ရန်ကုန်မှာ မိုးသည်းထန်စွာရွာသွန်းလို့ ရေကြီးနေပြီး နေအိမ်ရွှေ့ပြောင်းရတာနဲ့ ကျောင်းတွေယာယီပိတ်

သြဂုတ် ၁၇၊၂၀၂၂ KK(VOM) ရန်ကုန်က မြို့နယ်အချို့မှာ ဒီကနေ့ မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး နေအိမ်တွေ ရွှေ့ပြောင်းရတာတွေနဲ့ ကျောင်းတွေ ယာယီပိတ်ထားတယ်လို့ အဆိုပါမြို့နယ်တွေဆီကနေ သိရပါတယ်။ ရွှေပေါက်ကံမြို့မှာ ဒီကနေ့ မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီးနောက် နေအိမ်တွေရေဝင်ကာ စာသင်ကျောင်းအချို့ ယာယီပိတ်ထားရတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။ “အိမ်ထဲတွေလည်းရေဝင်တယ် ကျောင်းတွေမှာလည်း ရေဝင်တယ်၊ အိမ်ကသားက အလက ၁၀ မှာတက်တာ ဒီနေရေတက်နေလို့ ကျောင်းပိတ်လို့ပြန်လာရတယ်”လို့ ပြောပါတယ်။ မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက်မှာလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေနဲ့လမ်းတွေပေါ်မှာ ရေတွေဝင်ရောက်ပြီး မီးသတ်တွေက ကူညီပြောင်းရွေ့ပေးနေရတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။ “အပိုင်း ၁၁နဲ့ ၁၇ မှာ ပိုဆိုးတယ်၊ အခု မီးသတ်တွေက ကူပြီးရွေ့ပေးနေတယ် ရေဘေးလွှတ်တဲ့နေရာတွေကို”လို့ပြောပါတယ်။ ရွှေပြည်သာမြို့နယ်မှာလည်း အိမ်တွေနဲ့ကျောင်းတွေမှာ ရေဝင်ပြီး ကလေးတွေကျောင်းတက်ရာမှာ အခက်အခဲဖြစ်နေတယ်လို့ ရပ်ကွက်နေသူတဦးကပြောပါတယ်။ “အလက ၉ မှာဆို…

Read More

စက်သုံးဆီအရောင်းဆိုင်နားမှာ ပေါက်ကွဲမှုဖြစ်လို့ လူ ၁ ဦးသေ ၊ ၂ ဦး ဒဏ်ရာရ

သြဂုတ် ၊ ၁၇ ၊ ၂၀၂၂ SP( VOM) တနင်္သာရီတိုင်း ၊ မြိတ်မြို့နယ် ၊ မြတ်နောင်ကျေးရွာ ၊ လေယာဥ်ကွင်းလမ်းမှာရှိတဲ့ စက်သုံးဆီ အရောင်းဆိုင်းနားမှာ မနေ့ သြဂုတ် ၁၆ ရက် မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပြီး လူသေဆုံးတာနဲ့ ဒဏ်ရာရတာတွေရှိခဲ့တယ်လို့ မြိတ်မြို့နယ် စီမံခန့်ခွဲရေးရုံးဆီက သိရပါတယ်။ ” မနေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်မှာ ပေါက်ကွဲတာပါ ၊ လေယာဥ်ကွင်လမ်းက HD စက်သုံးဆီအရောင်းနားမှာပါ ၊ လူ ၁ ဦးသေတယ် ၊ ၂ ဦး ဒဏ်ရာရတယ် ၊ ဆီဆိုင်တော့ ထိခိုက်တာ မရှိဘူး ” လို့ မြိတ်မြို့ခံ တယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး မြိတ်မြို့နယ် ၊ စီမံခန့်ခွဲရေး ရုံးအဖွဲ့နဲ့ နီးစပ်သူတယောက်က”…

Read More

စစ်ကိုင်းရတနာပုံ တံတားဂိတ်မှာ အပြန်အလှန် ပစ်ခတ်လို့ ၃ ဦးသေ ၊ ၂ ဦး ဒဏ်ရာရ

သြဂုတ် ၊ ၁၇ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့ဘက်ကမ်း၊ ဧရာဝတီမြစ်ကူး ရတနာပုံ တံတားစစ်ဆေးရေးဂိတ်မှာ ဒီကနေ့မနက် ၈ နာရီဝန်းကျင်က အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ပွားပြီး သေဆုံး ၊ ဒဏ်ရာရတာတွေရှိတယ်လို့ စစ်ကိုင်းမြို့ခံတွေဆီက သိရပါတယ်။ ” မန္တလေး ဘက်ကနေ စစ်ကိုင်းဘက်ကို ဝင်လာတဲ့ ခရီးသည် တင် အာကာသလိုင်းကားပေါ်ကနေ ဂိတ်ကို အရင်စပစ်တာပါ ၊ ဂိတ်က ပြန်ပစ်တဲ့အခါ ၊ အဲ့ဒီနားက လူတွေ အကုန်ပြေးတယ် ၊ ပစ်ခတ်ချိန် ၁၀ မိနစ်လောက်ကြာတယ် ” လို့ ရတနာပုံ တံတားဂိတ် ဝန်ထမ်း အသိုင်းအဝိုင်းက ပြောပါတယ်။ ဒါ့အပြင် စစ်ကိုင်းမြို့နယ် လုံခြုံရေး အဖွဲ့ရုံးနဲ့ နီးစပ်သူ တစ်ဦးက ” စစ်ကိုင်းဘက်ကို အဝင်ကား…

Read More

ကုန်စျေးနှုန်းမြင့်တက်လာခြင်းကြောင့် ညနဲ့မနက် ထမင်းပေါင်းစားရတဲ့သူတွေ ရှိလာ

သြဂုတ် ၁၇-၂၀၂၂ KK(VOM) ရန်ကုန်က မြို့နယ်အချို့မှာ ကုန်စျေးနှုန်းမြင့်တက်လာပြီး အလုပ်အကိုင်ရှားပါးမှုကြောင့် အခြေခံလူတန်းစားတွေဟာ ထမင်းကို မနက်နဲ့ညပေါင်းစားရတဲ့အထိ ဒုက္ခရောက်လာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဆန်စျေး၊ဆီစျေးနဲ့စားသောက်ကုန်စျေးတွေတက်လာတာကြောင့် ကြုံရာကျပန်းလုပ်ကိုင်နေသူတွေဟာ နေ့စဥ်ထမင်းကို နပ်မှန်အောင်မစားရဘူးလို့ လှိိုင်သာယာမြို့နယ်နေသူတဦးက ပြောပါတယ်။ နေ့စဥ်အိမ်တစ်အိမ်မှာ မိသားစုထမင်းစားဖို့ လက်ထဲ ငွေတစ်သောင်းရှိမှ အဆင်ပြေပြီး အလုပ်အကိုင်အဆင်မပြေတဲ့ရက်ဆို မနက်နဲ့ညပေါင်းစားရတယ်လို့ တောင်ဒဂုံမှာ နေထိုင်သူတဦးကလည်း ပြောပါတယ်။ “ဆီစျေး ဆန်စျေးက ထမင်းဝအောင်စားဖို့မပြောနဲ့ မသေရုံတမယ်စားသောက်နေရတာ၊ ဆန်ကြမ်းတစ်ပြည် ၂ထောင်ကျော်၊ ဆီတစ်ဆယ်သား ၁ထောင်၊ ကြက်ဥတစ်လုံး ၂၅၀၊ ကန်စွန်းရွက်တစ်စီး ၃၀၀ အသားငါးစားဖို့မစဥ်းစားနဲ့ ထမင်းပုံမှန်စားရတာ အခုချိန်မှာ အာဂလူ ဖြစ်နေပြီ”လို့ သူကပြောပါတယ်။ ကုန်စျေးနှုန်းတက်ရုံသာမက နိူင်ငံရေးအခြေအနေကြောင့် ပစ်ခတ်မှုနဲ့ဗုံးပေါက်ကွဲမှုတွေကလည်း အလုပ်အကိုင်အခွင့်အလမ်းကို ဆုံးရှုံးစေတယ်လို့ မြောက်ဥက္ကလာပမြို့နယ်မှာနေထိုင်သူတဦးက ပြောပါတယ်။ “ပန်းရံလေး အပြတ်ရလို့ မိသားစုတွေသွားလုပ်တယ်၊ လုပ်တဲ့ရပ်ကွက်မှာ ဗုံးပေါက်လို့ ခဏနားလိုက်ရတယ်၊…

Read More
VOM News

FREE
VIEW