ထိုင်းတောင်ပိုင်း နေရာ ၁၇ ခုမှာ ဗုံးပေါက်ကွဲမှုနဲ့ မီးရှို့မှုတွေ ဖြစ်ပွား

ဘန်ကောက်၊ သြဂုတ်-၁၇-၂၀၂၂
မျိုးဆက်(VOM)

ထိုင်းနိုင်ငံတောင်ပိုင်း နေရာ ၁၇ ခုထက်မနည်းမှာ ဗုံးပေါက်ကွဲမှုနဲ့ မီးရှို့မှုတွေ သြဂုတ် ၁၇ ရက် မနက်ပိုင်းမှာ ဖြစ်ပွားခဲ့ပြီး လူ ခုနှစ်ဦးဒဏ်ရာရရှိသွားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ဗုံးကွဲမှုနဲ့ မီးရှို့မှုတွေဟာ နိုင်ငံတောင်ပိုင်းပြည်နယ်သုံးခုရှိ ဓါတ်ဆီဆိုင်တွေနဲ့ ကုန်မျိုးစုံစတိုးဆိုင်တွေကို ပစ်မှတ်ထား လုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်ရှိချိန်ထိ ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာမသိရသေးပါဘူး။

မလေးရှားနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ထိုင်းတောင်ပိုင်းပြည်နယ်တွေမှာ အားကောင်းမောင်းသန်မဟုတ်ပေမယ့်လည်း ဆယ်စုနှစ်များစွာ သူပုန်ထမှုတွေ ကြုံတွေ့နေရပြီး မွတ်ဆလင်အများစုနေထိုင်ရာ ပက်တာနီ၊ ယာလာ၊ နာရာသီ၀ပ်နဲ့ ဆောင်ခလာတို့မှာ ခွဲထွက်ရေး အုပ်စုတွေကို အစိုးရက ကိုင်တွယ်နေရပါတယ်။

၂၀၀၄ ခုနှစ်မှစတင်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူ ၇၃၀၀ ကျော်သေဆုံးခဲ့တယ်လို့ အကြမ်းဖက်မှုတွေကို စောင့်ကြည့်တဲ့ Deep South Watch အဖွဲ့ကပြောပါတယ်။

၂၀၁၃ ခုနှစ်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စတင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ကပ်ရောဂါကြောင့် ဆွေးနွေးပွဲတွေကို နှစ်နှစ်ကြာဆိုင်းငံ့ပြီးနောက် ယခုနှစ်အစောပိုင်းမှာ အဓိကသူပုန်အဖွဲ့ဖြစ်တဲ့ Barisan Revolusi Nasional အဖွဲနဲ့ ထိုင်းအစိုးရအကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်ခဲ့ပါတယ်။

Ref: Reuters
Photo: AP
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

✕
VOM News

FREE
VIEW