အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုမတိုင်မီ မြောက်ကိုရီးယားက ခရုဇ်ဒုံးကျည်တွေ ပစ်ခတ်

ဆိုးလ်၊ သြဂုတ်-၁၇-၂၀၂၂
မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ သြဂုတ် ၁၇ ရက်မနက်အစောပိုင်းမှာ နိုင်ငံအနောက်ဘက် ကမ်းရိုးတန်းမှာရှိတဲ့ အွန်ချွှန်မြို့ကနေ ခရုဇ်ဒုံးကျည်နှစ်စင်းကို စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

အဲဒီဒုံးကျည် ရောက်ရှိပျံသန်းခဲ့တဲ့ အကွာအဝေးနဲ့ အသေးစိတ်အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာ လေ့လာနေတယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

သြဂုတ် ၁၁ ရက်ကနေ စက်တင်ဘာ ၁ ရက်ထိပြုလုပ်မယ့် ကာလရှည်ကြာ ဆိုင်းငံ့ထားတဲ့ Ulchi Freedom Shield ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် အမေရိကန်နဲ့တောင်ကိုရီးယားတို့က လေးရက်ကြာအကြိုလေ့ကျင့်မှုပြီး နောက်တရက်မှာ မြောက်ကိုရီးယားက အခုလို ဒုံးကျည်တွေ ပစ်ခတ်စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ မကြာသေးမီနှစ်တွေအတွင်း နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်အပြင် မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေလျော့ပါးအောင်လို့ အရွယ်အစားလျှော့ချခဲ့ပါတယ်။

မြောက်ကိုရီးယားကတော့ အဲဒီပူးတွဲစစ်ရေးလေ့ကျင့်မှုတွေဟာ ကျူးကျော်ဖို့အတွက် လေ့ကျင့်နေတာလို့ စွပ်စွဲပြောဆိုလေ့ရှိပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ဟာ ပဲ့ထိန်းဒုံးကျည်ကာကွယ်ရေး စစ်ရေးလေ့ကျင်ပမှုကို ဟာဝိုင်အီကမ်းလွန်မှာ ပြုလုပ်ခဲ့ပါတယ်။

Ref: Reuters
Photo: Reuter
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW