ဧရာဝတီတိုင်းမှာ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် အသေးစားနဲ့အလတ်စားလုပ်ငန်းတွေ ရပ်နားလာရ

သြဂုတ် ၊၁၇-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်းက အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းတွေဟာ စက်သုံးဆီဈေးမြင့်တက်လာတာ၊ ငွေကြေအခက်အခဲတွေနဲ့ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ် တွေကြောင့် လုပ်ငန်းတွေ ရှေ့ဆက်ရပ်တည်ဖို့ခက်ခဲ လာလို့ ရပ်နားလာရတယ်လို့ အသေးစားနဲ့ အလတ်စားလုပ်ငန်းရှင်တွေဆီကနေသိရပါတယ်။

”ကိုဗစ်ကပ်ရောဂါကြောင့် လုပ်ငန်းတွေရပ်ပစ်ရမယ့်အထိ ဖြစ်ခဲ့လို့ အရင်အစိုးရက ချေးငွေထုတ်ချေးပေးခဲ့လို့ရပ်တည်ခဲ့တယ် ၊ တခါ နိုင်ငံရေးဖြစ်စဉ်တွေကြောင့် လုပ်ငန်းတွေလည်ပတ်ဖို့ ခက်ခဲပြန်တယ်၊အခုဒေါ်လာဈေးတွေနဲ့ ရွှေဈေးကွာဟ ၊ စက်သုံးဆီဈေးတွေက အဆမတန်ဘထိုးတက်လာတော့ ကျွန်တော်တို့လုပ်ငန်းတွေက ဘယ်လိုမှမတတ်နိုင်တော့ဘဲ ယိမ်းယိုင်သွားလို့ပြန်မလုပ်နိုင်ကြတော့လို့ ရပ်ပစ်ရတာပါ ၊ လက်ရှိ လုပ်ငန်းရှင် ၁၉ ယောက်လောက်ရပ်ထားရတယ်”လို့ ဧရာဝတီတိုင်းက အသေးစားနဲ့အလတ်စား စီးပွားရေး လုပ်ငန်းရှင်တဦးကပြောပါတယ်။

ဧရာဝတီတိုင်းထဲက အသေးစားနဲ့ အလတ်စားစီးပွားရေ လုပ်ငန်းတွေအများစုဟာ နိုင်ငံရေး ၊ ငွေကြေး ၊ ကုန်ဈေးနှုန်းငွေကြေလဲလည်နှုန်းတွေမတည်ငြိမ်မှုတွေ ကြောင့် အလုပ်ထလုပ်ရင် အရှုံးသာပြနေလို့ ရပ်ဆိုင်းလိုက်ရတာဖြစ်တယ်လို့သိရပြီး လက်ရှိ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင် ၁၉ ခုရပ်နားထားရသလို လက်ရှိအခြေအနေအတိုင်းဆက်သွားရင် ထပ်မံရပ်နားရမယ့်ဘလုပ်ငန်းရှင်တွေ ထပ်ရှိလာမယ်လို့ အသေးစားစီးပွားရေးလုပ်ငန်းတွေရဲ့ပြောပြချက်အရသိရပါတယ်။

“လုပ်ငန်းတော်တော်များများ ရပ်သွားပြီ။ အခုအခြေအနေတွေက တောင့်ခံဖို့ ခက်သွားပြီလေ။ အရင်က ပြောနေကျစကားက နည်းပညာနဲ့ ငွေကြေးအရင်းအနှီး အခက်အခဲကြောင့် SME တွေ မရှင်သန်တာပေါ့ ၊ အခုက အဲဒါတွေတင် မကတော့ဘူး။ အခု ဖြစ်ပျက်နေတာတွေ အားလုံးလည်း သိနေကြတာပဲဗျာ ၊ အရင်ကျွန်တော် ပြောဖူးပါတယ် မလုပ်ဘဲ ထိုင်စားရင် တော်သေးတယ် ၊ ထလုပ်ရင် ထပ်ရှုံးပဲ။ ရိုးရိုးလေးပဲ စဉ်းစားကြည့်ပါ ၊ကိုယ့်ရှိတဲ့ ပိုက်ဆံတောင် ထုတ်ချင်တိုင်းထုတ်မရတဲ့ အခြေအနေမှာ ဘာလုပ်ငန်းလုပ်ဖို့အဆင်ပြေနိုင်ပါ့မလဲဗျာ”လို့ ဧရာဝတီတိုင်းက အသေးစားလုပ်ငန်းရှင်တဦးက ပြောပါတယ်။

နောက်ထပ် အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းရှင်တဦးကလည်း “ကျွန်တော်တို့ ဧရာဝတီတိုင်း တစ်တိုင်းလုံးမှာရှိတဲ့ စီးပွားရေးလုပ်ငန်း ရာခိုင်နှုန်း ၉၀ လောက်ဟာ အသေးစား ၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းကဏ္ဍတွေမှာ ပါဝင်နေတာဖြစ်ပါတယ် ၊ တိုင်းဒေသကြီးရဲ့ စီးပွားရေး တိုးတက်မှု ၊ ဆုတ်ယုတ်မှုဟာလည်း တိုင်းပြည်စီးပွားရေး တည်ငြိမ်မှု၊ ကျဆင်းနဲ့ တိုက်ရိုက်ဆက်နေတယ်၊ ဒါ့ကြောင့် လုပ်ငန်းတွေရှေ့ဆက်လည်ပတ်ဖို့ ပြန်လည်စတင်နိုင်ဖို့ဆို အစိုးရရဲ့ပံ့ပိုးမှုလိုအပ်ပါတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ NLD လက်ထက်က ကိုဗစ်ကပ်ဘေးကြောင့်ထိခိုက်မှုရှိခဲ့တဲ့ လက်ဖက်ရည်ဆိုင် နဲ့ စားသောက်ဆိုင်တွေအပါအဝင် အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို ချေးငွေနှုန်းထားအမျိုးမျိုးသတ်မှတ်ပြီး အတိုးနှုန်း ၂ ရာခိုင်နှုန်းနဲ့ ငွေထုတ်ချေးပေးတာတွေရှိခဲ့တယ်လို့ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီ #အသေးစားအလတ်စားလုပ်ငန်း #ရပ်နားလားရ

Related posts

Leave a Comment

VOM News

FREE
VIEW