လူကနေ ခွေးကို မျောက်ကျောက်ရောဂါ ကူးစက်မှု ပထမဆုံးအကြိမ်ဖြစ်ပွား

ပါရီ၊ သြဂုတ်-၁၈-၂၀၂၂
မျိုးဆက်(VOM)

ပြင်သစ်နိုင်ငံမှာ လူကနေ ခွေးကို မျောက်ကျောက်ရောဂါ ကူးစက်မှု ဖြစ်ပွားခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သြဂုတ် ၁၇ ရက်မှာ ပြောပါတယ်။

တအိမ်တည်းမှာ အတူနေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ မျောက်ကျောက်ရောဂါလက္ခဏာတွေ စတင်တွေ့ရှိပြီးနောက် ၁၂ ရက်အကြာမှာ သူတို့မွေးမြူထားတဲ့ခွေးကို ရောဂါကူးစက်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

မျိုးရိုးဗီဇ ခွဲခြမ်းစိတ်ဖြာမှုအရ ခွေးကိုကူးစက်တဲ့ ဗိ်ုင်းရပ်စ်ဟာ ခွေးပိုင်ရှင်အမျိုးသားတွေ တွေ့ရှိရတဲ့ ဗိုင်းရပ်စ်နဲ့ အတူတူပင်ဖြစ်ကြောင်း သိရပါတယ်။

ဒီလိုလူကနေ ခွေးကိုမျောက်ကျောက်ရောဂါကူးစက်မှုဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ရောဂါကူးစက်ခံရတဲ့ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ သီးခြားခွဲနေထိုင်ဖို့အရေးကြီးကြောင်း ကျန်းမာရေးကျွမ်းကျင်သူတွေကပြောပါတယ်။

ဒါအပြင် အခြားတိရိစ္ဆာန်တွေကို ကူးစက်နိုင်ခြေကို လျှော့ချဖို့ အတွက် အမှိုက်တွေကိုလည်း ဂရုတစိုက်စွန့်ပစ်ဖို့ လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြုံပြုပြောဆိုပါတယ်။

မျောက်ကျောက်ရောဂါနဲ့ပတ်သက်ပြီး အများပြည်သူ ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇူလိုင်လမှာ ကြေညာခဲ့ပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ပါရီ

Related posts

Leave a Comment

VOM News

FREE
VIEW