ဧရာဝတီတိုင်းမှာ စက်သုံးဆီဈေး မြင့်တက်လာတာကြောင့် ဆိုင်ကယ် ကယ်ရီဆွဲသူတွေ ရပ်နားလာရ

သြဂုတ်၊ ၁၈-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်းမှာ ဆိုင်ကယ် ကယ်ရီဆွဲတဲ့သူတွေအများ ဆုံး သုံးတဲ့ ဓာတ်ဆီ ၁လီတာဈေးဟာ တနေ့တခြား မြင့်တက်လာပြီး လိုသလောက်ဝယ်မရတဲ့အခက်အခဲတွေ ရှိလာပြီး ဆိုင်ကယ်ကို လူစီးနင်းသူနည်းလာလို့ ကယ်ရီ ဆွဲတဲ့လုပ်ငန်းတွေ ရပ်နားလာရတယ်လို့ ဆိုင်ကယ် ကယ်ရီပြေးဆွဲတဲ့လုပ်ငန်း လုပ်ကိုင်သူတွေဆီကနေ သိရပါတယ်။ ဧရာဝတီတိုင်းထဲမှာရှိတဲ့ အခြေခံလူတန်းစား အမျိုးသား အများစုဟာ ဆိုင်ကယ် ကယ်ရီဆွဲတဲ့လုပ်ငန်းကို အသက်မွေးဝမ်းကြောင်း လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်နေကြတာဖြစ်ပြီး လက်ရှိစက်သုံးဆီဈေးတွေ တက်လာတာနဲ့ ဆီဝယ်မရတာတွေကြောင့် ကယ်ရီဆွဲတဲ့ လုပ်ငန်း လုပ်ကိုင်သူ ပျှမ်းမျှ ဦးရေ ၁၂၀၀၀ ခန့်ဟာ လုပ်ငန်းရပ်နားနေရတာ ၂ ပတ်လောက်ရှိနေပြီလို့ ဒေသခံကယ်ရီဆွဲတဲ့လုပ်ငန်း လုပ်ကိုင်သူတွေရဲ့ ပြောပြချက်အရသိရပါတယ်။ ”အခု ဆီစျေးက အရမ်းတက်လာတော့ ကယ်ရီဆွဲရတာ အခက်အခဲတွေဖြစ်လာတယ်၊ အရင်ပုံမှန် စီးနေကျ ခရီးသည်တွေတောင် ဘတ်စ်ကား ပြောင်းစီးနေကြတာ တွေ့ရတယ်၊ ကယ်ရီဆွဲရတာ…

Read More

ထိုင်၀မ်နဲ့ တရား၀င်ကုန်သွယ်ရေးညှိနှိုင်းမှုတွေ စတင်မယ်လို့ အမေရိကန်ကြေညာ

ဝါရှင်တန်၊ သြဂုတ်-၁၈-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီရဲ့ အငြင်းပွားဖွယ် ခရီးစဉ်ပြီးနောက် ရက်သတ္တပတ်အကြာမှာ ထိုင်၀မ်နဲ့ တရား၀င်ကုန်သွယ်ရေး ညှိနှိုင်းမှုတွေကို စတင်မယ်လို့ အမေရိကန်က သြဂုတ် ၁၇ ရက်မှာ ကြေညာလိုက်ပါတယ်။ သူ့ရဲ့ ခရီးစဉ်ပြီးနောက် အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။ နှစ်ဘက်အကြား ပထမအကျော့ဆွေးနွေးပွဲတွေကို ဆောင်းဦးရာသီမှာ စတင်ဖို့ မျှော်လင့်ထားကြောင်း အမေရိကန်ကုန်သွယ်ရေးရုံးကပြောပါတယ်။ ဆွေးနွေးမှုတွေမှာ ကုန်သွယ်ရေးပံ့ပိုးကူညီမှု၊ ဒစ်ဂျစ်တယ်ကုန်သွယ်ရေးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး စံနှုန်းတွေပါ၀င်မှာ ဖြစ်ပါတယ်။ ၂၁ ရာစု ကုန်သွယ်ရေးဆိုင်ရာ အမေရိကန်-တိုင်ပေ သဘောတူညီချက်ကို ဇွန်လအတွင်းက ပထမဆုံးအကြိမ် ထုတ်ဖော်ကြေညာခဲ့ပြီး လက်ရှိမှာ ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်ဖို့ သဘောတူခဲ့ကြောင်း နှစ်ဘက်စလုံးကပြောပါတယ်။ အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီရဲ့ သြဂုတ်လအစောပိုင်းက ထိုင်၀မ်ခရီးစဉ်အပြီးမှာ တရုတ်နိုင်ငံက ကျွန်းအနီး အကြီးစားစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပြီးနောက် အမေရိကန်နဲ့ ထိုင်၀မ်တို့အကြား ကုန်သွယ်ရေးဆိုင်ရာ တရား၀င်ဆွေးနွေးဖို့…

Read More

မော်လမြိုင်မှာ နေအိမ်အတွင်းဝင်ပြီး လူသတ်ကာ ပစ္စည်းလုယက်မှုဖြစ်ပွား

ဩဂုတ် ၁၈-၂၀၂၂ VOM (GG) မော်လမြိုင်မြို့၊အောင်သုခရပ်ကွက်၊ဓာတ်ပေါင်းစေတီလမ်းက နေအိမ်တအိမ်မှာ လူသတ်ပြီး ပစ္စည်းလုယက်မှု ဒီကနေ့ ဩဂုတ်လ ၁၈ ရက်နေ့ မနက်အစောပိုင်းကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မျက်နှာဖုံးစွပ်ထားတဲ့ အမည်မသိ အမျိုးသား၂ယောက်က နေအိမ်နောက်ဖေးဝင်ပေါက်မှာ ကြိုတင်စောင့်ဆိုင်းကာ အိမ်တံခါးဖွင့်ချိန် ဝင်ရောက်ပြီး အသက် ၄၄ နှစ်အရွယ် အမျိုးသမီးရဲ့လည်ပင်းကို ဓားနဲ့ထိုးတာကြောင့် သေဆုံးခဲ့ပါတယ်။ အဲ့ဒီနောက် နေအိမ်ထဲက အိမ်ပိုင်ရှင်အမျိုးသမီးကြီးကို ဓားနဲ့ထောက်ပြီး ရွှေထည်ပစ္စည်း၊ ဆွဲကြိုးနဲ့လက်ကောက်ကို လုယူသွားတယ်လို့သိရပါတယ်။ ” အသတ်ခံရတဲ့အမျိုးသမီးက တံမျက်စည်းလှည်းပြီး နောက်ဖေးပေါက်တံခါးကနေထွက်ဖို့ တံခါးဖွင့်တဲ့အချိန် မျက်နှာဖုံးစွပ်ထားတဲ့ ၂ယောက်က ဓားနဲ့ထိုးတာ။နေရာမှာပဲ ပွဲချင်းပြီးသေသွားတယ်။သူက အဲ့ဒီအိမ်မှာအလုပ်ကူလုပ်ဖို့ခေါ်ထားတဲ့ ဆွေမျိုးနီးစပ်တယောက်လို့သိရတယ်။ရွှေကတော့ အိမ်ပိုင်ရှင်အဒေါ်ကြီးဆီကလုသွားတာ”လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ မော်လမြိုင်Rescue အဖွဲ့ဝင်တဦးကပြောပါတယ်။ လူသတ်ပစ္စည်းလုယက်မှုက ဒီနေ့မနက်အစော ၅ နာရီ ၃၀ ကဖြစ်ပွားခဲ့တာဖြစ်ပြီး နေအိမ်မှာက သေဆုံးသူ အိမ်အကူအမျိုးသမီးအပါအဝင် လူ ၄…

Read More

အာဖဂန်နစ္စတန်ရှိ ဗလီတခုမှာ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ၂၁ ဦးသေဆုံး၊ ဒါဇင်များစွာ ဒဏ်ရာရ

ကဘူးလ်၊ သြဂုတ်-၁၈-၂၀၂၂ မျိုးဆက်(VOM) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်ရဲ့ အနောက်မြောက်ဘက်ရှိ ဗလီတခုမှာ သြဂုတ် ၁၇ ရက်က ကြီးမားတဲ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ အဲဒီပါက်ကွဲမှုဟာ ညနေပိုင်း ၀တ်ပြုချိန်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ၂၁ ဦးထက်မနည်းသေဆုံးကာ ဒါဇင်များစွာ ဒဏ်ရာရရှိခဲ့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ ကဘူးလ်မှာဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုအတွင်း တာလီဘန်လိုလားတဲ့ ထင်ရှားသတဲ့ ဘာသာရေးခေါင်းဆောင်တဦးသေဆုံးပြီးနောက် ယခုတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ တိုက်ခိုက်မှုကြောင့် လူ ၃၅ ဦးထိ ဒဏ်ရာရရှိသွားပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း တာလီဘန်ထောက်လှမ်းရေးတာ၀န်ရှိသူတဦးက ပြောပါတယ်။ ဗုံးခွဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပြင်းထန်စွာရှုတ်ချကြောင်း တာလီဘန်အဖွဲ့ထုတ်ပြန်ထားပြီး စုံစမ်းစစ်ဆေးမှုတွ လုပ်ဆောင်နေကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ Ref: BBC Photo:DW #voiceofmyanmar #VOM #ကဘူးဘ်

Read More

လူကနေ ခွေးကို မျောက်ကျောက်ရောဂါ ကူးစက်မှု ပထမဆုံးအကြိမ်ဖြစ်ပွား

ပါရီ၊ သြဂုတ်-၁၈-၂၀၂၂ မျိုးဆက်(VOM) ပြင်သစ်နိုင်ငံမှာ လူကနေ ခွေးကို မျောက်ကျောက်ရောဂါ ကူးစက်မှု ဖြစ်ပွားခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သြဂုတ် ၁၇ ရက်မှာ ပြောပါတယ်။ တအိမ်တည်းမှာ အတူနေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ မျောက်ကျောက်ရောဂါလက္ခဏာတွေ စတင်တွေ့ရှိပြီးနောက် ၁၂ ရက်အကြာမှာ သူတို့မွေးမြူထားတဲ့ခွေးကို ရောဂါကူးစက်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ မျိုးရိုးဗီဇ ခွဲခြမ်းစိတ်ဖြာမှုအရ ခွေးကိုကူးစက်တဲ့ ဗိ်ုင်းရပ်စ်ဟာ ခွေးပိုင်ရှင်အမျိုးသားတွေ တွေ့ရှိရတဲ့ ဗိုင်းရပ်စ်နဲ့ အတူတူပင်ဖြစ်ကြောင်း သိရပါတယ်။ ဒီလိုလူကနေ ခွေးကိုမျောက်ကျောက်ရောဂါကူးစက်မှုဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ရောဂါကူးစက်ခံရတဲ့ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ သီးခြားခွဲနေထိုင်ဖို့အရေးကြီးကြောင်း ကျန်းမာရေးကျွမ်းကျင်သူတွေကပြောပါတယ်။ ဒါအပြင် အခြားတိရိစ္ဆာန်တွေကို ကူးစက်နိုင်ခြေကို လျှော့ချဖို့ အတွက် အမှိုက်တွေကိုလည်း ဂရုတစိုက်စွန့်ပစ်ဖို့ လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြုံပြုပြောဆိုပါတယ်။ မျောက်ကျောက်ရောဂါနဲ့ပတ်သက်ပြီး အများပြည်သူ ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇူလိုင်လမှာ ကြေညာခဲ့ပါတယ်။ Ref: BBC Photo:Getty Images…

Read More

ပလက်၀မှာ ရေလမ်းကြောင်းပိတ်ထားလို့စားသောက်ကုန်နဲ့ စက်သုံးဆီတွေ ပြတ်လပ်နေ

သြဂုတ် ၊ ၁၈-၂၀၂၂ SP( VOM) ချင်းပြည်နယ်တောင်ပိုင်း ၊ ရခိုင်ပြည်နယ် အစပ်က ပလက်ဝမြို့မှာ အခုလ ၁ ရက်ကစပြီး ဒီကနေ့အထိ ရေလမ်းကြောင်းတွေ ပိတ်ထားတဲ့အတွက် အခြေခံ စားသောက်ကုန်နဲ့ စက်သုံးဆီတွေ ပြတ်လပ်နေတာရက်ပေါင်း ၂၀ နီးပါးအထိရှိလာပြီဖြစ်တယ်လို့ ပလက်မြို့ခံတွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ ဇူလိုင်နောက်ဆုံးပတ်ကစလို့ AA နဲ့ စစ်တပ်အကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားတယ် ၊ အဲ့ဒါကြောင့် ရေလမ်းကြောင်းကို အခုလ ၁ ရက်ကနေ စပိတ်ထားတာ ဒီကနေ့အထိဖြစ်တယ် ၊ ရေလမ်းကြောင်း ပိတ်ထားတဲ့အတွက် ပလက်ဝမြို့ပေါ်မှာ စားသောက်ကုန်နဲ့ စက်သုံးဆီက ပြတ်နေပြီ ” လို့ ပလက်ဝမြို့ခံတယောက်က ပြောပါတယ်။ ပလက်ဝမြို့ပေါ်မှာ စားသုံးသူရေးရာဌာနက ဆန် ၁ အိတ်ကို ငွေကျပ် ၆ သောင်းအထက် ကျော်လွန် ရောင်းချတာ…

Read More

တနိုင်ငံလုံးအနေနဲ့ ခုနှစ်လတာအတွင်း ယာဥ်တိုက်မှု ၃၅၀၀ ကျော်ဖြစ်ခဲ့ပြီး သေဆုံးသူ ၁၇၀၀ကျော်ရှိခဲ့

ရန်ကုန်၊သြဂုတ် ၁၈-၂၀၂၂ KK(VOM) နေပြည်တော်အပါအဝင် ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ကနေ ဇူလိုင်လအတွင်း ယာဥ်တိုက်မှုပေါင်း ၃၅၃၃ မှုဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိသူ ၄၈၀၁ဦးနဲ့ သေဆုံးသူ ၁၇၃၀ ဦးရှိခဲ့တယ်လို့ မြန်မာနိူင်ငံယာဥ်ထိန်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။ ” ယာဥ်တိုက်မှု ၃၅၃၃ မှုဟာ ရန်ကုန်တိုင်းက ၅၇၇မှုနဲ့အများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းက ၄၇၉မှုနဲ့ ဒုတိယအများဆုံးဖြစ်တယ်၊ အရင်နှစ်နဲ့တော့ သိပ်မကွာဘူး၊ ဒီနှစ်ကတော့ သုံးရာကျော်လောက်နည်းသွားတယ်၊ ဒဏ်ရာရတာတွေ သေတာတွေလည်း နည်းသွားတယ်၊ ချင်းနဲ့ ကယားကတော့ အနည်းဆုံးပဲ”လို့ ယာဥ်ထိန်းရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူတဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကနေ သြဂုတ်လအတွင်းကတော့ နေပြည်တော်အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာ ယာဥ်တိုက်မှုပေါင်း ၄၁၅၈ မှုဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိသူ ၅၄၆၀ ဦးရှိပြီး သေဆုံးသူ ၂၀၇၅ ဦးရှိခဲ့တယ်လို့ ယခင်နှစ်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။…

Read More

ငွှေလွှဲငွေထုတ် လာလုပ်သူတွေကို လျှိုဝှက်ဓာတ်ပုံရိုက်ထားဖို့အပါအဝင် အချက်အလက်တွေရယူဖို့ ဗဟိုဘဏ်အသိပေး

ဩဂုတ် ၁၈-၂၀၂၂ VOM (GG) မိုလ်ဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်တဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ငွေလွှဲ၊ငွေထုတ် လုပ်သူတွေကို လျှို့ဝှက်ပြီး ဓာတ်ပုံရိုက်ထားခြင်း ဒါမှမဟုတ် ဆိုင်မှာ CCTV တပ်ထားရမယ်လို့ ဗဟိုဘဏ်က မနေ့ ဩဂုတ်လ ၁၇ရက် နေ့စွဲနဲ့အသိပေးထုတ်ပြန်လိုက်ပါတယ်။ နောက်ပြီး ကိုယ်စားလှယ်ကနေ တဆင့် ငွေလွှဲ၊ငွေထုတ်ရာမှာ ဖုန်းနံပါတ်ထည့်သွင်းခြင်း၊ လျှို့ဝှက်နံပါတ်အသုံးပြုခြင်းအပြင် ငွေလွှဲပို့သူနဲ့ ငွေလက်ခံသူရဲ့အမည်၊ မှတ်ပုံတင်နံပါတ် ၊ မှတ်ပုံတင် အရှေ့အနောက်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊ ငွေလွှဲပို့တဲ့ အကြောင်းအရင်းကို ကိုယ်စားလှယ်ကနေ အပြည့်အစုံရယူထားရမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ငွေလွှဲသူရဲ့အချက်အလက်ပြည့်ပြည့်စုံစုံ ထည့်သွင်းရမှာဖြစ်ပြီး အချက်အလက်ပြည့်စုံခြင်းမရှိပါက ငွေလွှဲခြင်းလုပ်ငန်းစဉ်မပြီးမြောက်စေဖို့ Systemမှာ လိုအပ်တာကို အမြန်ဆုံးဆောင်ရွက်ကာ ပြီးစီးမှုကို တင်ပြ ရမယ်လို့လည်း ဖော်ပြထားပါတယ်။ အခုလို စာထုတ်ပြန်တာနဲ့ပတ်သက်ပြီး ဗဟိုဘဏ်တာဝန်ရှိသူတဦးကတော့ ” စာထုတ်တာ ဟုတ်ပါတယ်။ စာက ဒီကိုမရောက်သေးဘူး လိုင်းပေါ်အရင်တက်သွားတာပေါ့ “လို့…

Read More

ရေစကြိုမြို့နယ် ငတရော်ကျေးရွာက အိမ်ခြေ ၄ ရာ ကျော် မီးရှို့ဖျက်ဆီးခံရ

သြဂုတ် ၊ ၁၈ ၊ ၂၀၂၂ SP(VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ငတရော်(ငတမျှော်)ကျေးရွာမှာ မနေ့ သြဂုတ် ၁၇ ရက် မနက်ပိုင်းကစလို့ ညနေပိုင်းအထိ လူနေအိမ် ၄ ရာကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ ရေစကြိုမြို့ခံတွေဆီက သိရပါတယ်။ ” မနေ့က မနက်အစောပိုင်းမှာ ရွာဘက်ကို စစ်ကြောင်း ဝင်လာတယ်ကြားရလို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ် ၊ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ ရွာဘက်က မီးခိုးတွေ စထွက်လာတယ် ၊ ရွာမီးရှို့ဖျက်ဆီးခံရတာပါ ၊ညနေ ၅ နာရီကျော်တဲ့အထိ ရွာဘက်က မီးခိုးတွေကို မြင်နေရတုန်းပဲ ၊ ရွာမှာက အိမ်ခြေ ၆ ရာကျော်ရှိတယ် ၊ အခုနောက်ဆုံးကြားရတာက လူနေအိမ်တွေနဲ့ အခြားအဆောက်ဦး ၄ ရာကျော် မီးလောင်ပျက်စီးသွားတယ်…

Read More
VOM News

FREE
VIEW