တနိုင်ငံလုံးအနေနဲ့ ခုနှစ်လတာအတွင်း ယာဥ်တိုက်မှု ၃၅၀၀ ကျော်ဖြစ်ခဲ့ပြီး သေဆုံးသူ ၁၇၀၀ကျော်ရှိခဲ့

ရန်ကုန်၊သြဂုတ် ၁၈-၂၀၂၂
KK(VOM)

နေပြည်တော်အပါအဝင် ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ကနေ ဇူလိုင်လအတွင်း ယာဥ်တိုက်မှုပေါင်း ၃၅၃၃ မှုဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိသူ ၄၈၀၁ဦးနဲ့ သေဆုံးသူ ၁၇၃၀ ဦးရှိခဲ့တယ်လို့ မြန်မာနိူင်ငံယာဥ်ထိန်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။

” ယာဥ်တိုက်မှု ၃၅၃၃ မှုဟာ ရန်ကုန်တိုင်းက ၅၇၇မှုနဲ့အများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းက ၄၇၉မှုနဲ့ ဒုတိယအများဆုံးဖြစ်တယ်၊ အရင်နှစ်နဲ့တော့ သိပ်မကွာဘူး၊ ဒီနှစ်ကတော့ သုံးရာကျော်လောက်နည်းသွားတယ်၊ ဒဏ်ရာရတာတွေ သေတာတွေလည်း နည်းသွားတယ်၊ ချင်းနဲ့ ကယားကတော့ အနည်းဆုံးပဲ”လို့ ယာဥ်ထိန်းရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကနေ သြဂုတ်လအတွင်းကတော့ နေပြည်တော်အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာ ယာဥ်တိုက်မှုပေါင်း ၄၁၅၈ မှုဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိသူ ၅၄၆၀ ဦးရှိပြီး သေဆုံးသူ ၂၀၇၅ ဦးရှိခဲ့တယ်လို့ ယခင်နှစ်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

၂၀၂၁ ခုနှစ် ၇ လတာအတွင်း ယာဥ်တိုက်မှုမှာတော့ ရန်ကုန်တိုင်းမှာ ၅၅၇ မှုဖြစ်ခဲ့ပြီး ပဲခူးတိုင်းက ဒုတိယအများဆုံး ယာဥ်တိုက်မှု ၅၃၂ မှုရှိခဲ့တယ်လို့ သိရပါတယ်။

ယာဉ်မတော်တဆမှုတွေမှာ မော်တော်ယာဉ်ကို အရှိန်ပြင်းစွာမောင်းနှင်ခြင်း၊ယာဉ်မောင်းအိပ်ငိုက်ခြင်း၊ လမ်းမကိုဖြတ်ကူးသူပေါ့ဆခြင်း၊ ဆိုင်ကယ်များမောင်းနှင်ခြင်း၊ မော်တော်ယာဉ်ကို မဆင်မခြင်မောင်းနှင်ခြင်း၊ မော်တော်ယာဉ်ဘီးပေါက်ခြင်း၊ စက်ချို့ယွင်းခြင်း စတဲ့အကြောင်းရင်းတွေကြောင့် ဖြစ်တယ်လို့ အငြိမ်းစားယာဥ်ထိန်းရဲတဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #တနိုင်ငံလုံးယာဥ်တိုက်မှု #၇လတာစာရင်း

Related posts

Leave a Comment

VOM News

FREE
VIEW