ထိုင်၀မ်နဲ့ တရား၀င်ကုန်သွယ်ရေးညှိနှိုင်းမှုတွေ စတင်မယ်လို့ အမေရိကန်ကြေညာ

ဝါရှင်တန်၊ သြဂုတ်-၁၈-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီရဲ့ အငြင်းပွားဖွယ် ခရီးစဉ်ပြီးနောက် ရက်သတ္တပတ်အကြာမှာ ထိုင်၀မ်နဲ့ တရား၀င်ကုန်သွယ်ရေး ညှိနှိုင်းမှုတွေကို စတင်မယ်လို့ အမေရိကန်က သြဂုတ် ၁၇ ရက်မှာ ကြေညာလိုက်ပါတယ်။

သူ့ရဲ့ ခရီးစဉ်ပြီးနောက် အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။ နှစ်ဘက်အကြား ပထမအကျော့ဆွေးနွေးပွဲတွေကို ဆောင်းဦးရာသီမှာ စတင်ဖို့ မျှော်လင့်ထားကြောင်း အမေရိကန်ကုန်သွယ်ရေးရုံးကပြောပါတယ်။

ဆွေးနွေးမှုတွေမှာ ကုန်သွယ်ရေးပံ့ပိုးကူညီမှု၊ ဒစ်ဂျစ်တယ်ကုန်သွယ်ရေးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး စံနှုန်းတွေပါ၀င်မှာ ဖြစ်ပါတယ်။

၂၁ ရာစု ကုန်သွယ်ရေးဆိုင်ရာ အမေရိကန်-တိုင်ပေ သဘောတူညီချက်ကို ဇွန်လအတွင်းက ပထမဆုံးအကြိမ် ထုတ်ဖော်ကြေညာခဲ့ပြီး လက်ရှိမှာ ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်ဖို့ သဘောတူခဲ့ကြောင်း နှစ်ဘက်စလုံးကပြောပါတယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီရဲ့ သြဂုတ်လအစောပိုင်းက ထိုင်၀မ်ခရီးစဉ်အပြီးမှာ တရုတ်နိုင်ငံက ကျွန်းအနီး အကြီးစားစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပြီးနောက် အမေရိကန်နဲ့ ထိုင်၀မ်တို့အကြား ကုန်သွယ်ရေးဆိုင်ရာ တရား၀င်ဆွေးနွေးဖို့ ယခုကဲ့သို့ ကြေညာလိုက်တာဖြစ်ပါတယ်။

အမေရိကန်နဲ့ ထိုင်၀မ်တို့အကြား ကုန်သွယ်မှုဟာ ၂၀၂၀ ပြည့်နှစ်မှာ ဒေါ်လာ ၁၀၆ ဘီလီယံထိ ရှိခဲ့ပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW