ရွှေပြည်သာနဲ့ မရမ်းကုန်းမှာ ပစ်ခတ်မှုနဲ့ဗုံးပေါက်ကွဲမှုဖြစ်ပြီး ရာအိမ်မှူး၁ဦးသေ၊ ၁ဦးပစ်ခတ်ဖမ်းဆီးခံရ

ရန်ကုန်၊သြဂုတ် ၁၉၊၂၀၂၂
KK(VOM)

ရွှေပြည်သာမြို့နယ်နဲ့မရမ်းကုန်းမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ရာအိမ်မှူး ၁ဦးသေဆုံးကာ ၁ဦးပစ်ခတ်ဖမ်းဆီးခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရွှေပြည်သာမြို့နယ်၊ လှော်ကားကျေးရွာ၊ လှော်ကားဘုရားလေးမှတ်တိုင်အနီးရှိ နီလာဈေးမှာ ဒီကနေ့ မနက်ပိုင်းက ဇနီးဖြစ်သူနဲ့ စျေးလာဝယ်တဲ့ရာအိမ်မှူးကို အမည်မသိသေနတ်ကိုင်ဆောင်ထားသူ၂ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးသွားတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“သေနတ်နဲ့ဆယ်ချက်ပစ်တာ ကိုးချက်ထိတယ်၊ ပွဲချင်းပြီးပဲ သေသွားတယ်၊ ရာအိမ်မှူးဟောင်းတဦးကိုလည်း ပစ်ခတ်ပြီးဖမ်းသွားတယ်”လို့ ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ရွှေပြည်သာ၊ တ-၁၅ရပ်
ကွက်၊ ပန်းခြံ(၁၅)မှာနေထိုင်တဲ့ ယခင်ရာအိမ်မှူးဦးခင်စိုးကို ဆိုင်တစ်ဆိုင်မှာ သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

အလားတူ ဒီကနေ့ မနက် ၁၁နာရီကျော်ကလည်း မရမ်း
ကုန်း၊ ဘုရင့်နောင် ၃ ရပ်ကွက်၊ ဦးရေခဲလမ်းနဲ့ အောင်သိဒ္ဓိလမ်းဆုံမှာ ဗုံးနှစ်ကြိမ်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိဘူးလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“အောင်သီဒွီလမ်းဆုံမှာ ချထားတဲ့ ပုံစံတူရုပ်တုကနေ ဗုံးပေါက်တာ၊ နောက်တစ်လုံးက မပေါက်ကွဲသေးတဲ့ ဗုံးကို စစ်တပ်က ယမ်းကပ်ပြီးဖောက်ခွဲပစ်တာ”လို့ ရှင်းပြပါတယ်။

ရန်ကုန်က မြို့နယ်အချို့မှာ သြဂုတ် ၁ ရက်ကနေ သြဂုတ် ၁၉ရက်အတွင်း ပစ်ခတ်မှုနဲ့ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံးသူ ၁၂ ဦးနဲ့ ဒဏ်ရာရရှိသူ ၁၈ဦးရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW