အင်ဒိုနီးရှားမှာ ကျင်းပမယ့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ ပူတင်နဲ့ ရှီကျင်းပင်တက်မယ်

ဂျကာတာ၊ သြဂုတ်-၁၉-၂၀၂၂ မျိုးဆက်(VOM) ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တရုတ်သမ္မတရှီကျင်းပင်တို့ဟာ အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ နို၀င်ဘာလအတွင်း ကျင်းပမယ့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ စီစဉ်ထားကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက သြဂုတ် ၁၈ ရက်မှာ အတည်ပြုပြောဆိုပါတယ်။ အဲဒီထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်တယ်လို့ သမ္မတရှီကျင်းပင်နဲ့ ပူတင်တို့က မိမိကိုပြောကြားထားတယ်လို့ ဂျိုကိုဝီဒိုဒိုက ဘာလွန်းဘာ့ဂ်သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။ ဒါဟာ ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲကို တရုတ်သမ္မတနဲ့ ရုရှားသမ္မတတို့ တက်ရောက်မှာဖြစ်ကြောင်း ပထမဆုံးအတည်ပြုချက်လည်းဖြစ်ပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုနဲ့ ထိုင်၀မ်အရေး တင်းမာမှုတွေဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း သူတို့နှစ်ဦး ပထမဆုံးအကြိမ်တက်ရောက်မယ့် ထိပ်သီးဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။ အဲဒီဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်သမ္မတဂျိုးဘိုင်ဒင်လည်း တက်ရောက်ဖွယ်ရှိနေပြီး ရုရှားသမ္မတပူတင်နဲ့ တွေ့ဆုံနိုင်ခြေကိုတော့ ရှင်းလင်းစွာမသိရသေးပါဘူး။ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ သို့မဟုတ် အစည်းအဝေးပြင်ပမှာ သမ္မတဂျိုးဘိုင်ဒင်ဟာ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ မျက်နှာချင်းဆိုင် လူချင်းတွေ့ဆုံနိုင်ခြေရှိကြောင်း…

Read More

နေတိုးအဖွဲ့၀င် ပိုလန်နဲ့ လစ်သူယေးနီးယားအနီးမှာ ဟိုက်ပါဆိုးနစ်ဒုံးကျည် တပ်ဆင်ထားတဲ့ တိုက်လေယာဉ်တွေ ရုရှားဖြန့်ကြက်

မော်စကို၊ သြဂုတ်-၁၉-၂၀၂၂ မျိုးဆက်(VOM) ရုရှားဟာ ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ တိုက်လေယာဉ်တွေကို ဘောတစ်ဒေသရှိ ကာလင်နင်ဂါ့ဒ်မှာ ဖြန့်ကြက်ထားတယ်လို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ Kinzhal ဟိုက်ပါဆိုးနစ်ဒုံးကျည် သုံးစင်းပါတဲ့ MiG-31 တိုက်လေယာဉ် သုံးစင်းကို ကာလင်နင်ဂါ့ဒ်ရှိ စစ်အခြေစိုက်စခန်းမှာ ဖြန့်ကြက်ထားတယ်လို့ ပြောပါတယ်။ လေယာဉ်တွေဟာ မဟာဗျုဟာမြောက် ဟန့်တားမှုရဲ့ တစိတ်တပိုင်းအဖြစ် ၂၄ နာရီပတ်လုံး တာ၀န်ထမ်းဆောင်မှာဖြစ်တယ်လို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ပြောပါတယ်။ အဲဒီဒေသဟာ မြောက်ဘက်မှာ လစ်သူယေးနီးယားနဲ့ တောင်ဘက်မှာ ပိုလန်တို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေပြီး အဲဒီနှစ်နိုင်ငံစလုံးဟာ နေတိုးအဖွဲ့၀င်နိုင်ငံတွေဖြစ်ပါတယ်။ Kinzhal ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေဟာ အကွာအဝေး ကီလိုမီတာ ၂၀၀၀ ထိရောက်ရှိနိုင်ပြီး အသံထက် ၁၀ ဆအမြန်နှုန်းနဲ့ ပစ်ခတ်နိုင်တယ်လို့ ရုရှားသတင်းဌာနတွေက ဖော်ပြထားပါတယ်။ ရုရှားရဲ့ ဒီလိုဖြန့်ကြက်မှုဟာ အမေရိကန်နဲ့ နေတိုးအဖွဲ့တွေရဲ့ စစ်ရေးဖြန့်ကြက်တည်ရှိမှုကို ထိန်းသိမ်းဖို့ ကြိုးပမ်းမှုဖြစ်တယ်လို့ အကဲခတ်တွေက သုံးသပ်ပြောဆိုပါတယ်။…

Read More

ဇီးကုန် နဲ့ မြင်းမူမြို့နယ်တွေမှာ ပစ်ခတ်မှုတွေကြောင့် အုပ်ချုပ်ရေးမှူးအပါအဝင် ၄ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရရ

သြဂုတ် ၊ ၁၉-၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် ၊ ဇီးကုန်းမြို့ ၊ ချမ်းအေးသာယာရပ်ကွက် အုပ်ချုပ်ရေးမှူး နဲ့ ရာအိမ်မှူးတို့ ၂ ယောက်ဟာ မနေ့ သြဂုတ် ၁၈ ရက်မနက်ပိုင်းက လက်ဘက်ရည်ဆိုင်ထိုင်နေချိန် အမည်မသိ သေနတ်သမား ၂ ဦး က ဝင်ရောက်ပစ်ခတ်တာကြောင့် အုပ်ချုပ်ရေးမှူး သေဆုံးပြီး၊ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” အုပ်ချုပ်ရေးမှူး ဦးညွှန့်ဝင်းနိုင်နဲ့ ဦးမော်တို့ ၂ ယောက် လက်ဘက်ရည်ဆိုင်ထဲမှာ ပစ်သတ်ခံရတာပါ ၊ အုပ်ကြီး ဦးညွှန့်ဝင်းနိုင်ဆိုသူက နေရာမှာတင် သေဆုံးခဲ့ပြီး ဦးမော် ဆိုသူကတော့ ပြင်းထန်ဒဏ်ရာရတယ် “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ ကန့်ဘလူမြို့နယ်မှာ မနေ့…

Read More

ရွှေပြည်သာနဲ့ မရမ်းကုန်းမှာ ပစ်ခတ်မှုနဲ့ဗုံးပေါက်ကွဲမှုဖြစ်ပြီး ရာအိမ်မှူး၁ဦးသေ၊ ၁ဦးပစ်ခတ်ဖမ်းဆီးခံရ

ရန်ကုန်၊သြဂုတ် ၁၉၊၂၀၂၂ KK(VOM) ရွှေပြည်သာမြို့နယ်နဲ့မရမ်းကုန်းမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ရာအိမ်မှူး ၁ဦးသေဆုံးကာ ၁ဦးပစ်ခတ်ဖမ်းဆီးခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ရွှေပြည်သာမြို့နယ်၊ လှော်ကားကျေးရွာ၊ လှော်ကားဘုရားလေးမှတ်တိုင်အနီးရှိ နီလာဈေးမှာ ဒီကနေ့ မနက်ပိုင်းက ဇနီးဖြစ်သူနဲ့ စျေးလာဝယ်တဲ့ရာအိမ်မှူးကို အမည်မသိသေနတ်ကိုင်ဆောင်ထားသူ၂ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးသွားတယ်လို့ မြို့ခံတဦးက ပြောပါတယ်။ “သေနတ်နဲ့ဆယ်ချက်ပစ်တာ ကိုးချက်ထိတယ်၊ ပွဲချင်းပြီးပဲ သေသွားတယ်၊ ရာအိမ်မှူးဟောင်းတဦးကိုလည်း ပစ်ခတ်ပြီးဖမ်းသွားတယ်”လို့ ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပြီးနောက် ရွှေပြည်သာ၊ တ-၁၅ရပ် ကွက်၊ ပန်းခြံ(၁၅)မှာနေထိုင်တဲ့ ယခင်ရာအိမ်မှူးဦးခင်စိုးကို ဆိုင်တစ်ဆိုင်မှာ သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။ အလားတူ ဒီကနေ့ မနက် ၁၁နာရီကျော်ကလည်း မရမ်း ကုန်း၊ ဘုရင့်နောင် ၃ ရပ်ကွက်၊ ဦးရေခဲလမ်းနဲ့ အောင်သိဒ္ဓိလမ်းဆုံမှာ ဗုံးနှစ်ကြိမ်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိဘူးလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။ “အောင်သီဒွီလမ်းဆုံမှာ ချထားတဲ့…

Read More

ဆူဒန်မှာ စစ်အစိုးရဆန့်ကျင်ရေး အထွေထွေသပိတ် ပြုလုပ်ဖို့စီစဉ်နေ

ခါတွမ်၊ သြဂုတ်-၁၉-၂၀၂၂ မျိုးဆက်(VOM) ဆူဒန်နိုင်ငံ မြို့တော်ခါတွမ်မှာ လမ်းပေါ်ထွက်ဆန္ဒပြကြတဲ့ ထောင်နဲ့ချီတဲ့ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က သြဂုတ် ၁၈ ရက်မှာ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ ဆူဒန်အလံကိုကိုင်ဆောင်ထားတဲ့ အမျိုးသမီးတွေအပါအ၀င် လူငယ်တွေဟာ ယခင်ဆန္ဒပြပွဲတွေမှာ အသတ်ခံခဲ့ရသူတွေရဲ့ ဓါတ်ပုံတွေကို ကိုင်ဆောင်ပြီး စစ်အုပ်ချုပ်ရေးအလိုမရှိ၊ အရပ်သားအစိုးရသာ ပြည်သူရွေးချယ်မှုလို့ ကြွေးကျော်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ ကားတာယာတွေကို မီးရှို့ပြီး ရဲတွေကို ကျောက်တုံး ကျောက်ခဲနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ အဲဒီဆန္ဒပြပွဲဟာ သြဂုတ် ၂၄ ရက်မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ အထွေထွေသပိတ်ရဲ့တစိတ်တပိုင်းဖြစ်ပါတယ်။ အာဏာပိုင်တွေဟာ ခါတွမ်ရှိ တံတားတွေအနက်မှ စစ်ဌာနချုပ်ရှိရာမြို့ဧရိယာနဲ့ဆက်သွယ်ထားတဲ့ တံတားတစင်းကို ပိတ်ပစ်လိုက်ပါတယ်။ သမ္မတ အိုမာအယ်လ်ဘာရှာရဲ့ နှစ် ၃၀ ကြာအုပ်ချုပ်ရေး အဆုံးသတ်ပြီးနောက် ရွေးကောက်ပွဲတွေမတိုင်မီ အသွင်ကူးပြောင်းရေးကာလမှာ အရပ်သားဦးဆောင်တဲ့ အစိုးရဆီကနေ အောက်တိုဘာလမှာ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ Ref: BBC Photo:…

Read More

မုံရွာ – မန္တလေး ကားလမ်းမှာ စစ်ကားတစီး မိုင်းထိပြီး ဗိုလ်မှူး ၁ ဦးအပါအဝင် ၄ ဦးဒဏ်ရာရ

သြဂုတ် ၊ ၁၉ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ ချောင်းဦးမြောက်ရပ်ကွက် ၊ ပြည်သူအားကစားကွင်း အနီး ၊ မုံရွာ – မန္တလေး ကားလမ်းမှာ မနေ့ သြဂုတ် ၁၈ ရက် နေ့လည်ပိုင်းက စစ်ကား၁ စီး မိုင်းထိမှန်ပြီး ဗိုလ်မှူး ၁ ဦး အပါအဝင် ၄ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ချောင်းဦးမြို့အဝင်ကို လုံခြုံရေးစောင့်ကြပ်နေတဲ့ Vigo Double Cub ခဲရောင်ကား ၁ စီး မိုင်းခွဲတိုက်ခိုက်ခံရတာပါ ၊ အဲ့ဒီ တိုက်ခိုက်မှုကြောင့် ၇၄၇ တပ်က ဗိုလ်မှူး အောင်ကိုမင်း ၊ တပ်သား ဇင်ပြည့်ဖြိုး ၊ ချောင်းဦး…

Read More

ဂန့်ဂေါမြို့နယ်မှာ ကျောင်းဆရာမ ၂ ဦး အသတ်ခံရပြီး ၁ နှစ်အတွင်း လူသတ်မှု ၁ ရာကျော်ခဲ့

သြဂုတ် ၊ ၁၉ ၊ ၂၀၂၂ SP(VOM) မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါမြို့နယ် ၊ မင်းရွာ ကျေးရွာမှာနေထိုင်တဲ့ ကျောင်းဆရာမ ၂ ဦးဟာ မနေ့ သြဂုတ် ၁၈ ရက်က အသတ်ခံလိုက်ရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” အသတ်ခံရတဲ့ ကျောင်းဆရာမ ၂ ဦးကတော့ မူလတန်းကျောင်းအုပ် ဆရာမကြီး ဒေါ်မြင့်မြင့်စန်း နဲ့ ဆရာမ ဒေါ်ယမင်းအေး တို့ဖြစ်တယ် ” လို့ မင်းရွာ ဒေသခံ တယောက်က ပြောပါတယ်။ အဲ့ဒီ ကျောင်းဆရာမ ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး မနေ့ကလူမှုကွန်ရက် ပေါ်မှာ ” စစ်တပ်ကို သတင်းပေးနေတဲ့ ဒလန်ဖြစ်တာကြောင့် ဆက်ပြီးမလုပ်ကြရန် အကြိမ်ကြိမ် သတိပေးပြီးနောက် ရှင်းလင်းလိုက်ရတာ…

Read More

ရတနာ့ဂူပွဲတော် ..

ဆူးငှက် “ဝနာတစ်ခွင်မှာလေ ….ရာဇပလ္လင်တွေ ဝိုင်းပြီးတော့ တစ်ပိုင်းတစ်စစီသာကျန်၊ ပစ္စင်ကျုံးမြောင်းတို့သဏ္ဌာန်၊ မန္တလေးလုံချည်၊ ပိုးလုံချည်တွေထွက်တဲ့ ၎င်းအချက်ကျနေရာပေါ့။ တဘောင်ချို့တဲ့ တောင်မြို့လို့ ဆိုပါတော့ …. စခန်းမြေသာတယ်၊ လွမ်းဖွယ်ရာအမှန် နှစ်ပေါင်းတစ်ရာကျော်ပြန်၊ အင်းကြီးတောင်သမန် ….” (နန်းတော်ရှေ့ဆရာတင် – တာင်သမန်သီချင်း) အမရပူရမြို့သည် ကုန်းဘောင်ခေတ်၏ မင်းနေပြည်တော်အဖြစ် ထင်ရှားခဲ့ရုံသာမက သဘာဝပတ်ဝန်းကျင် သာယာမှုကြောင့်လည်း ထင်ရှားသည်။ အနောက်ဘက်တွင် မင်းဝံတောင်ရိုးနှင့် ဧရာဝတီမြစ်ရှိသည်။ မြို့နှင့်မြစ်ကြားမှာလည်း တက်သိမ်းအင်းရှိသည်။ မြို့အရှေ့မြောက် မျက်နှာမှာ ပုဂံခေတ်ကတည်းက ဆည်ဖို့ထားသော အောင်ပင်လယ်ကန်တော်ရှိသည်။ မြို့အရှေ့ဘက်မှာ ဇောင်းကလောအင်းရှိသည်။ မြို့အရှေ့တောင်အရပ်မှာက ဒုဋ္ဌဝတီမြစ်ရှိသည်။ မြို့တော်၏ အနောက်တောင်ဘက်မှာ တောင်သမန်အင်းရှိသည်။ တကယ်တော့ တောင်သမန်အင်းသည် အမရပူရ မြို့၏ အမှတ်အသားဖြစ်သည်။ တောင်သမန်အင်းဟု ဆိုသော်ငြား ထိုစဉ်က ၁၂ ရာသီရပြည့်ဝပ်သည်မဟုတ်အခါ၌ မြေသြဇာကောင်းသော အင်းအတွင်း ကိုင်းတော၊ ယာတောများဖြင့် စိမ်းစိမ်းစိုသည်။…

Read More
VOM News

FREE
VIEW