ဆူဒန်မှာ စစ်အစိုးရဆန့်ကျင်ရေး အထွေထွေသပိတ် ပြုလုပ်ဖို့စီစဉ်နေ

ခါတွမ်၊ သြဂုတ်-၁၉-၂၀၂၂
မျိုးဆက်(VOM)

ဆူဒန်နိုင်ငံ မြို့တော်ခါတွမ်မှာ လမ်းပေါ်ထွက်ဆန္ဒပြကြတဲ့ ထောင်နဲ့ချီတဲ့ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က သြဂုတ် ၁၈ ရက်မှာ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။

ဆူဒန်အလံကိုကိုင်ဆောင်ထားတဲ့ အမျိုးသမီးတွေအပါအ၀င် လူငယ်တွေဟာ ယခင်ဆန္ဒပြပွဲတွေမှာ အသတ်ခံခဲ့ရသူတွေရဲ့ ဓါတ်ပုံတွေကို ကိုင်ဆောင်ပြီး စစ်အုပ်ချုပ်ရေးအလိုမရှိ၊ အရပ်သားအစိုးရသာ ပြည်သူရွေးချယ်မှုလို့ ကြွေးကျော်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ကားတာယာတွေကို မီးရှို့ပြီး ရဲတွေကို ကျောက်တုံး ကျောက်ခဲနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ အဲဒီဆန္ဒပြပွဲဟာ သြဂုတ် ၂၄ ရက်မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ အထွေထွေသပိတ်ရဲ့တစိတ်တပိုင်းဖြစ်ပါတယ်။

အာဏာပိုင်တွေဟာ ခါတွမ်ရှိ တံတားတွေအနက်မှ စစ်ဌာနချုပ်ရှိရာမြို့ဧရိယာနဲ့ဆက်သွယ်ထားတဲ့ တံတားတစင်းကို ပိတ်ပစ်လိုက်ပါတယ်။

သမ္မတ အိုမာအယ်လ်ဘာရှာရဲ့ နှစ် ၃၀ ကြာအုပ်ချုပ်ရေး အဆုံးသတ်ပြီးနောက် ရွေးကောက်ပွဲတွေမတိုင်မီ အသွင်ကူးပြောင်းရေးကာလမှာ အရပ်သားဦးဆောင်တဲ့ အစိုးရဆီကနေ အောက်တိုဘာလမှာ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။

Ref: BBC
Photo: AFP
#voiceofmyanmar #VOM #ခါတွမ်

Related posts

Leave a Comment

VOM News

FREE
VIEW