နေတိုးအဖွဲ့၀င် ပိုလန်နဲ့ လစ်သူယေးနီးယားအနီးမှာ ဟိုက်ပါဆိုးနစ်ဒုံးကျည် တပ်ဆင်ထားတဲ့ တိုက်လေယာဉ်တွေ ရုရှားဖြန့်ကြက်

မော်စကို၊ သြဂုတ်-၁၉-၂၀၂၂
မျိုးဆက်(VOM)

ရုရှားဟာ ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ တိုက်လေယာဉ်တွေကို ဘောတစ်ဒေသရှိ ကာလင်နင်ဂါ့ဒ်မှာ ဖြန့်ကြက်ထားတယ်လို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Kinzhal ဟိုက်ပါဆိုးနစ်ဒုံးကျည် သုံးစင်းပါတဲ့ MiG-31 တိုက်လေယာဉ် သုံးစင်းကို ကာလင်နင်ဂါ့ဒ်ရှိ စစ်အခြေစိုက်စခန်းမှာ ဖြန့်ကြက်ထားတယ်လို့ ပြောပါတယ်။

လေယာဉ်တွေဟာ မဟာဗျုဟာမြောက် ဟန့်တားမှုရဲ့ တစိတ်တပိုင်းအဖြစ် ၂၄ နာရီပတ်လုံး တာ၀န်ထမ်းဆောင်မှာဖြစ်တယ်လို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ပြောပါတယ်။

အဲဒီဒေသဟာ မြောက်ဘက်မှာ လစ်သူယေးနီးယားနဲ့ တောင်ဘက်မှာ ပိုလန်တို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေပြီး အဲဒီနှစ်နိုင်ငံစလုံးဟာ နေတိုးအဖွဲ့၀င်နိုင်ငံတွေဖြစ်ပါတယ်။

Kinzhal ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေဟာ အကွာအဝေး ကီလိုမီတာ ၂၀၀၀ ထိရောက်ရှိနိုင်ပြီး အသံထက် ၁၀ ဆအမြန်နှုန်းနဲ့ ပစ်ခတ်နိုင်တယ်လို့ ရုရှားသတင်းဌာနတွေက ဖော်ပြထားပါတယ်။

ရုရှားရဲ့ ဒီလိုဖြန့်ကြက်မှုဟာ အမေရိကန်နဲ့ နေတိုးအဖွဲ့တွေရဲ့ စစ်ရေးဖြန့်ကြက်တည်ရှိမှုကို ထိန်းသိမ်းဖို့ ကြိုးပမ်းမှုဖြစ်တယ်လို့ အကဲခတ်တွေက သုံးသပ်ပြောဆိုပါတယ်။

Ref: NHK
Photo:Getty Images
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW