အင်ဒိုနီးရှားမှာ ကျင်းပမယ့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ ပူတင်နဲ့ ရှီကျင်းပင်တက်မယ်

ဂျကာတာ၊ သြဂုတ်-၁၉-၂၀၂၂
မျိုးဆက်(VOM)

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တရုတ်သမ္မတရှီကျင်းပင်တို့ဟာ အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ နို၀င်ဘာလအတွင်း ကျင်းပမယ့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ စီစဉ်ထားကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက သြဂုတ် ၁၈ ရက်မှာ အတည်ပြုပြောဆိုပါတယ်။

အဲဒီထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်တယ်လို့ သမ္မတရှီကျင်းပင်နဲ့ ပူတင်တို့က မိမိကိုပြောကြားထားတယ်လို့ ဂျိုကိုဝီဒိုဒိုက ဘာလွန်းဘာ့ဂ်သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။

ဒါဟာ ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲကို တရုတ်သမ္မတနဲ့ ရုရှားသမ္မတတို့ တက်ရောက်မှာဖြစ်ကြောင်း ပထမဆုံးအတည်ပြုချက်လည်းဖြစ်ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုနဲ့ ထိုင်၀မ်အရေး တင်းမာမှုတွေဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း သူတို့နှစ်ဦး ပထမဆုံးအကြိမ်တက်ရောက်မယ့် ထိပ်သီးဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။

အဲဒီဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်သမ္မတဂျိုးဘိုင်ဒင်လည်း တက်ရောက်ဖွယ်ရှိနေပြီး ရုရှားသမ္မတပူတင်နဲ့ တွေ့ဆုံနိုင်ခြေကိုတော့ ရှင်းလင်းစွာမသိရသေးပါဘူး။

ထိပ်သီးဆွေးနွေးပွဲမတိုင်မီ သို့မဟုတ် အစည်းအဝေးပြင်ပမှာ သမ္မတဂျိုးဘိုင်ဒင်ဟာ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ မျက်နှာချင်းဆိုင် လူချင်းတွေ့ဆုံနိုင်ခြေရှိကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဂျကာတာ

Related posts

Leave a Comment

VOM News

FREE
VIEW