ဒက္ခိဏခရိုင်တရားရုံးမှာ ဗုံးပေါက်မှုဖြစ်ပွားခဲ့ပြီး ရဲဒုတပ်ကြပ်နဲ့ တရားရုံးလုံခြုံရေးအစောင့် ဒဏ်ရာရ

သြဂုတ် ၂၅-၂၀၂၂
KT(VOM)

နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးမှာ မနေ့ သြဂုတ် ၂၄ရက် ည၈နာရီ၀န်းကျင်က ဗုံး၄လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းကနေ သိရပါတယ်။

တရားရုံးရှေ့ကို ကားတစီးပေါ်က အမျိုးသား၁ဦးဆင်းလာပြီး လက်လုပ်ဗုံး ၄ လုံးကို ပစ်ပေါက်ခဲ့ကာ နေပြည်တော်ကောင်စီလမ်းအတိုင်း ရာဇဌာနီလမ်းမကြီးဘက်ကို မောင်းပြေးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုကြောင့် တရားရုံးတာ၀န်ကျ ရဲဒုတပ်ကြပ် ၁ဦး နူတ်ခမ်းပေါက်ပြဲ၊ ညာပေါင် ပေါက်ပြဲဒဏ်ရာ နဲ့ တရားရုံးလုပ်ခြုံရေး၀န်ထမ်းအစောင့် ၁ ဦးကတော့ ၀မ်းဗိုက် မိုင်းစထိမှန်ဒဏ်ရာတို့ ရရှိခဲ့ပြီး တရားရုံး အုတ်နံရံ နဲ့ ပလက်ဖောင်းတို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဒဏ်ရာရသူ ၂ ဦးကို ခုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်ကုသနေပြီး ဗုံးလာရောက်ပစ်ပေါက်သူတွေကို စုံစမ်းနေတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော် #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW