ရုရှားစစ်တပ်ထဲ၀င်ဖို့ အကျဉ်းသားတွေကိုပါ ငွေပေးစည်းရုံးပြီး တပ်သားသစ် စုဆောင်းမှုတွေ လုပ်ဆောင်နေ

မော်စကို၊ သြဂုတ်၂၈-၂၀၂၂
မျိုးဆက်(VOM)

ရုရှားသမ္မတပူတင်ဟာ လာမယ့်လတွေအတွင်း ရုရှားစစ်တပ်မှာ တပ်ဖွဲ့၀င် ၁၃၇၀၀၀ ကို ထပ်မံခန့်အပ်နိုင်ဖွယ်ရှိတဲ့ အမိန့်တရပ်ကို လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပါတယ်။

လက်ရှိမှာတော့ ရုရှားစစ်တပ်မှာ စစ်ဘက်၀န်ထမ်း တသန်းကျော်နဲ့ အရပ်ဘက်၀န်ထမ်း ကိုးသိန်းသာ ခန့်အပ်ဖို့ ကန့်သတ်ထားပါတယ်။

ရုရှားနိုင်ငံအနှံ့မှာ ငွေကြေးမက်လုံးများစွာနဲ့ တပ်သားသစ်စုဆောင်းရေး တွန်းအားပေးလုပ်ဆောင်မှုတွေရှိနေချိန်မှာ သမ္မတပူတင်က အမိန့်ကို လက်မှတ်ထိုးလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ခြောက်လအတွင်း ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်ချိန်မှစပြီး စစ်ပွဲအတွင်း ရုရှားတပ်ဖွဲ့၀င် ခုနှစ်သောင်းမှ ရှစ်သောင်းအကြား သေဆုံးခဲ့တယ်လို့ အနောက်နိုင်ငံတာ၀န်ရှိသူတွေက ပြောပါတယ်။

တပ်သားသစ်စုဆောင်းသူတွေဟာ အကျဉ်းထောင်တွေကိုပါ သွားရောက်ပြီး ထောင်ကလွတ်မြောက်ခွင့်နဲ့ ငွေကြေးပါပေးပြီး အကျဉ်းသားတွေကို တပ်သားသစ်အဖြစ် စုဆောင်းနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ရုရှားဒေသအများအပြားမှာ စေတနာ့၀န်ထမ်းတပ်ရင်းတွေ တည်ထောင်ထားကြောင်း ဗြိတိန်ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ဖော်ပြောဆိုထားပါတယ်။

ဒါပေမယ့်လည်း ယူကရိန်းစစ်မြေပြင်ကို သွားရောက်ဖို့အတွက် စိတ်အားထက်သန်မှုနည်းပါးတာကြောင့် တပ်သားသစ်တွေစုဆောင်းရေးဟာ ထင်သလောက် မလွယ်လှဘူးလို့ ဆိုပါတယ်။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW