ကလေးခရိုင် တိမွေးကုဌာနက ဒုတိယ ညွှန်ကြားရေးမှူး ဆရာဝန် ပစ်သတ်ခံရ

သြဂုတ်၂၈ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့ ၊ ချမ်းမြေ့အောင်စည်ရပ်ကွက်မှာနေတဲ့ ခရိုင်တိရစ္ဆာန်မွေးမြူးရေးနဲ့ ကုသရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဖြစ်တဲ့ ဆရာဝန်ဟာ မနေ့ သြဂုတ် ၂၇ ရက် ညနေပိုင်းက လမ်းမှာ ပစ်သတ်ခံရတယ်လို့ ကလေးမြို့ခံ ဝန်ထမ်း အသိုင်းအဝိုင်းဆီက သိရပါတယ်။ “မနေ့က ညနေ ၆ နာရီဝန်းကျင်မှာ ဒေါက်တာမြင့်ဝင်းက ဆေးကုပြီး ပြန်အလာ လမ်းမှာ အမည်မသိ လူ ၂ ယောက်က ပစ်သတ်သွားတာပါ ၊ အဲ့ဒါကြောင့် ဒေါက်တာဟာ နေရာမှာတင်သေဆုံးခဲ့တာ “လို့ ကလေးမြို့ခံ တယောက်က ပြောပါတယ်။ ပစ်သတ်ခံရတဲ့ ကလေးခရိုင် တိမွေးကု ဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြင့်ဝင်း ကိစ္စနဲ့ ပတ်သက်ပြီး ကလေးမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့် စုံစမ်းစစ်ဆေးနေတယ်လို့…

Read More

မြင်းခြံမြို့က ဝိန့်ဆန်းရွှေဆိုင် ရွှေထည်ပစ္စည်း သိန်း ၃ ထောင်ကျော်ဖိုး ဓားပြတိုက်ခံရ

သြဂုတ်၂၈ ၊ ၂၀၂၂ SP(VOM) မန္တလေးတိုင်း၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့၊ အမှတ်(၈) ရပ်ကွက်၊ စည်ပင်သာယာဈေးကြီး တောင်ဘက်မှာရှိတဲ့ ဝိန့်ဆန်း ရွှေရတနာဆိုင်ဟာ ဒီကနေ့ နေ့လယ်ပိုင်းက ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံ သိန်း ၃ ထောင်ကျော်ဖိုး ပါသွားတယ်လို့ မြင်းခြံမြို့တွေဆီက သိရပါတယ်။ ” မျက်နှာဖုံးနဲ့လူ ၄ ယောက်က ဆိုင်ကယ် ၂ စီးနဲ့ ဆိုင်ကိုရောက်လာတယ်၊ ဆိုင်က လုံခြုံရေးဝန်ထမ်း ၂ ယောက်ကို သေနတ်နဲ့ ဓားမြှောင် အသုံးပြုပြီး လက်မြှောက်ထိုင်ခိုင်းထားတယ် ၊ နောက်ပြီး ရွှေရတနာတွေ ခင်းထားတဲ့ မှန်ကောင်တာကို ရိုက်ခွဲပြီး ရွှေအလေးအချိန် ၁ ပိသာကျော် ရွှေထည်ပစ္စည်းမျိုးစုံကို လုယူသွားတာ ” လို့ မြင်းခြံခရိုင်ရဲတပ်ဖွဲ့နီးစပ်သူ တယောက်က အတည်ပြုပြောပါတယ်။ အဲ့ဒီ လုယက်မှုနဲ့ ပတ်သက်ပြီး မြင်းခြံမြို့ခံ…

Read More

ပြည်မြို့၊နဝဒေးတံတားပေါ်ကနေ အသက်၃နှစ်ကလေးနဲ့အမေဖြစ်သူ ခုန်ချမှုဖြစ်ပွား

ဩဂုတ် ၂၈-၂၀၂၂ VOM (GG) ပြည်မြို့၊ နဝဒေးတံတားပေါ် ကနေ သားအမိနှစ်ဦး ခုန်ချမှု ဒီနေ့ဩဂုတ်၂၈ ရက် ညနေ ၃ နာရီလောက်မှာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ “ကလေးကိုချီနေတာ မြင်တဲ့သူတွေလည်းရှိတယ်၊ဒါပေမယ့် အဲ့ဒီလိုခုန်ချမယ်လို့တော့ မထင်ကြဘူး။ပြီးမှ ခုန်ချမှန်းသိကြတာ၊ ပထမကလေးအလောင်းပေါ်လာသေးတယ်။ မခုတော့ ရေစီးနဲ့မျှောသွားတယ် မတွေ့သေးဘူး”လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ ပြည်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။ မြစ်ထဲခုန်ချတဲ့ သားအမိဟာ မိခင်ဖြစ်သူကအသက် ၂၄ ဖြစ်ပြီး ကလေးက အသက် ၃ နှစ်အရွယ်ဖြစ်ကြောင်း၊ ပြည်မြို့၊ မြို့သစ် ၁၂ လမ်းမှာ နေထိုင်တယ်လို့သိရပါတယ်။ လက်ရှိမှာ သားအမိနှစ်ယောက်ကို သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့တွေပူးပေါင်းပြီး ရှာဖွေမှုတွေလုပ်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။ #voiceofmyanmar #VOM #ပြည် #နဝဒေးတံတား #သားအမိနှစ်ဦးခုန်ချမှုဖြစ်ပွား

Read More

ရခိုင်မှာ တပ်နဲ့အေအေ တိုက်ပွဲဖြစ်ပြီး ရာနဲ့ချီတဲ့ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

ဩဂုတ် ၂၉-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ ဩဂုတ်လ ၂၆ ရက်နေ့က စပြီး တပ်နဲ့ အေအေတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာဟာ ဒီကနေ့အထိစစ်ရေးပဋိပက္ခဖြစ်ပွားနေပြီး ရာနဲ့ချီတဲ့ ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ ဩဂုတ်လ ၂၆ ရက်နေ့ ညနေပိုင်းကစပြီး မောင်တောမြို့နယ်မြောက်ပိုင်း၊ ခမောင်းဆိပ်မြို့၊ မင်းခမောင်းတိုက်နယ်အနီးတို့မှာ တပ်နဲ့အေအေတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီအခြေအနေနဲ့ ပတ်သက်ပြီး မင်းခမောင်းတိုက်နယ်ရှိ ဒေသခံတဦးက”တိုက်ပွဲဖြစ်ကြတယ်ဆိုတာကတော့ သေချာပါတယ်။ နှစ်ဖက်အပြန်အလှန်ပစ်ကြတဲ့အသံပါပဲ။ ဒီနေ့ဆိုရင်လည်း လေယာဉ်နဲ့ ငရံ့ချောင်းအထက်ဘက် တောင်ပေါ်သို့ လာကြဲပါတယ်။ ဂျက်တိုက်လေယာဉ်နဲ့ လာကြဲတာ ခဏလေးကမှ ပြန်သွားတယ်” လို့ ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ မင်းခမောင်းရွာအလွန် ခမောင်းဆိပ်ဗျူဟာကုန်းအောက်မှာ ဖြစ်ကြတာလို့ဒေသခံတွေကပြောပြချက်အရ သိရပါတယ်။ တိုက်ပွဲစဖြစ်တဲ့နေကအခြေအနေကို ဒေသခံ ပညာရေးဝန်ထမ်းတဦးက“၂၆ ရက်နေ့ ၄ နာရီခွဲလောက်မှာ မင်းခမောင်းရွာရဲ့ မြောက်ဘက်ကနေ သေနတ်…

Read More

လူ ၁၀၀၀ ကျော်သေပြီး ၃၃ သန်းအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ရေဘေးကြောင့် နိုင်ငံတကာအကူအညီတွေ ပါကစ္စတန်တောင်းခံ

အစ္စလာမ္မာဘတ်၊ သြဂုတ်-၂၈-၂၀၂၂ မျိုးဆက်(VOM) ပါကစ္စတန်နိုင်ငံမှာ လူ ၁၀၀၀ ကျော်သေဆုံးခဲ့တဲ့ ရေဘေးကြောင့် နိုင်ငံတကာက အကူအညီတွေပေးဖို့ တာ၀န်ရှိသူတွေက တောင်းခံထားရပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ယူအေအီးနဲ့ အခြားနိုင်ငံတွေက ရေဘေးအတွက် ကူညီမှုတွေ ပေးခဲ့ပေမယ့်လည်း ရန်ပုံငွေများစွာ လိုအပ်နေသေးတယ်လို့ ပါကစ္စတန်ပြည်ထဲရေး၀န်ကြီးဌာနက တာ၀န်ရှိသူ ဆယ်လ်မန်ဆူဖီက ပြောပါတယ်။ နိုင်ငံတွင်းမှာ ဇွန်လကတည်းက ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် လူ ၁၀၀၀ ကျော်သေဆုံးခဲ့ပြီး လူသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကာ ရေဘေးသင့်ပြည်သူတွေကို အစွမ်းကုန်ကူညီဖို့ ကြိုးစားနေကြောင်း သူကပြောပါတယ်။ နိုင်ငံအနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်မှာ မြစ်တွေရေလျှံမှုကြောင့် လူထောင်ပေါင်းများစွာ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပြီး အရှေ့တောင်ပိုင်းမှာရှိတဲ့ Sindh ပြည်နယ်ကတော့ ရေဘေးဒဏ် အခံရဆုံးဖြစ်ပါတယ်။ ရေးကြီးရေလျှံမှုကြောင့် နိုင်ငံလူဦးရေ ၁၅ ရာခိုင်နှုန်းဖြစ်တဲ့ ပြည်သူ ၃၃ သန်းရေဘေးသင့်ခဲ့ရတယ်လို့ ပါကစ္စတန်၀န်ကြီးချုပ်…

Read More

တရုတ်နဲ့ တင်းမာနေချိန် အမေရိကန် ဒုံးကျည်တင်စစ်သင်္ဘောနှစ်စင်း ထိုင်၀မ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်း

ဝါရှင်တန်၊ သြဂုတ်-၂၈-၂၀၂၂ မျိုးဆက်(VOM) အမေရိကန် စစ်သေင်္ဘာနှစ်စင်းဟာ ထိုင်၀မ်ရေလက်ကြားကို သြဂုတ် ၂၇ ရက်မှာ ဖြတ်သန်းခုတ်မောင်းခဲ့ကြောင်း အမေရိကန်ရေတပ်က ထုတ်ပြန်ကြေညာပါတယ်။ အမေရိကန်အောက်လွှတ်တော်အမတ် နန်စီပလိုစီ ထိုင်၀မ်ကို သြဂုတ်လမှာ သွားရောက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်တို့အကြား တင်းမာမှုတွေ မြင့်တက်နေပြီးနောက် ထိုင်၀မ်ရေလက်ကြားကို အမေရိကန်စစ်သင်္ဘောတွေ ပထမဆုံး ဖြတ်သန်းခုတ်မောင်းတာဖြစ်ပါတယ်။ နန်စီပလိုစီရဲ့ ထိုင်၀မ်ခရီးစဉ်အပေါ် တရုတ်နိုင်ငံကလည်း ကျွန်းအနီးမှာ အကြီးစားစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ပြီး တုံ့ပြန်ခဲ့ပါတယ်။ ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်ထားတဲ့ အမေရိကန်စစ်သင်္ဘော USS Antietam နဲ့ USS Chancellorsville တို့ဟာ ထိုင်၀မ်ရေလက်ကြားကို ခုတ်မောင်းခဲ့ပြီး ဒါဟာ နိုင်ငံတကာရေပိုင်နက်မှာ လွတ်လပ်စွာ ခုတ်မောင်းသွားလာခွင့်ကို ပြသတာဖြစ်တယ်လို့ အမေရိကန် ရေတပ်က ထုတ်ပြန်ပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်၀မ်ကို သူ့ရဲ့ပိုင်နက်အဖြစ် ရှုမြင်ထားပြီး ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင် စစ်အင်အားအသုံးပြုမယ်လို့…

Read More

ရုရှားစစ်တပ်ထဲ၀င်ဖို့ အကျဉ်းသားတွေကိုပါ ငွေပေးစည်းရုံးပြီး တပ်သားသစ် စုဆောင်းမှုတွေ လုပ်ဆောင်နေ

မော်စကို၊ သြဂုတ်၂၈-၂၀၂၂ မျိုးဆက်(VOM) ရုရှားသမ္မတပူတင်ဟာ လာမယ့်လတွေအတွင်း ရုရှားစစ်တပ်မှာ တပ်ဖွဲ့၀င် ၁၃၇၀၀၀ ကို ထပ်မံခန့်အပ်နိုင်ဖွယ်ရှိတဲ့ အမိန့်တရပ်ကို လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပါတယ်။ လက်ရှိမှာတော့ ရုရှားစစ်တပ်မှာ စစ်ဘက်၀န်ထမ်း တသန်းကျော်နဲ့ အရပ်ဘက်၀န်ထမ်း ကိုးသိန်းသာ ခန့်အပ်ဖို့ ကန့်သတ်ထားပါတယ်။ ရုရှားနိုင်ငံအနှံ့မှာ ငွေကြေးမက်လုံးများစွာနဲ့ တပ်သားသစ်စုဆောင်းရေး တွန်းအားပေးလုပ်ဆောင်မှုတွေရှိနေချိန်မှာ သမ္မတပူတင်က အမိန့်ကို လက်မှတ်ထိုးလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ခြောက်လအတွင်း ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်ချိန်မှစပြီး စစ်ပွဲအတွင်း ရုရှားတပ်ဖွဲ့၀င် ခုနှစ်သောင်းမှ ရှစ်သောင်းအကြား သေဆုံးခဲ့တယ်လို့ အနောက်နိုင်ငံတာ၀န်ရှိသူတွေက ပြောပါတယ်။ တပ်သားသစ်စုဆောင်းသူတွေဟာ အကျဉ်းထောင်တွေကိုပါ သွားရောက်ပြီး ထောင်ကလွတ်မြောက်ခွင့်နဲ့ ငွေကြေးပါပေးပြီး အကျဉ်းသားတွေကို တပ်သားသစ်အဖြစ် စုဆောင်းနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ရုရှားဒေသအများအပြားမှာ စေတနာ့၀န်ထမ်းတပ်ရင်းတွေ တည်ထောင်ထားကြောင်း ဗြိတိန်ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒါပေမယ့်လည်း ယူကရိန်းစစ်မြေပြင်ကို သွားရောက်ဖို့အတွက် စိတ်အားထက်သန်မှုနည်းပါးတာကြောင့် တပ်သားသစ်တွေစုဆောင်းရေးဟာ ထင်သလောက် မလွယ်လှဘူးလို့ ဆိုပါတယ်။ Ref:…

Read More

စစ်ကိုင်းတိုင်းမှာ ရက်၂၀ ကျော်အတွင်း မီးဘေးဒုက္ခသည် ၇ ထောင်ကျော် ထပ်တိုးလာ

သြဂုတ်၂၈ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်းက ရေဦး ၊ ဒီပဲယင်း ၊ ဝက်လက် ၊ မြင်းမူ ၊ မြောင် ၊ အရာတော် ၊ ယင်းမာပင် စတဲ့မြို့နယ်တွေထဲက ကျေးရွာတချို့ဟာ မီးရှို့ဖျက်ဆီးခံရတာကြောင့် အခုလ ရက်ပေါင်း ၂၀ ကျော်မှာ မီးဘေးဒုက္ခသည် ၇ ထောင်ကျော် ထပ်တိုးလာတယ်လို့ ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့တွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ ၁၈ လအတွင်းမှာ မီးဘေးဒုက္ခသည် ၂ သောင်း ဝန်းကျင်ရှိတယ် ၊ ဒီလ ၃ ရက်ကနေ ၂၇ ရက်အထိ ၊ ရက်ပေါင်း ၂၀ ကျော် ကာလထဲမှာ နောက်ထပ် မီးဘေး ဒုက္ခသည် ၇ ထောင်ကျော် ထပ်တိုးလာတယ် ၊ အဲ့ဒီ ဒုက္ခသည်တွေဟာ ဘုန်းကြီးကျောင်းတွေ…

Read More

အာဠဝီ စီလမ်းပေါ်က ဘတ်ဖဲလိုးပွိုင့်

ဆူးငှက် မန္တလေးက ၂၂စီလမ်းသည် ပဒေသရာဇ်ရှင်ဘုရင်လက်ထက်က ‘အမင်္ဂလာလမ်း’ ဖြစ်ခဲ့၏။ အာဠဝီ လမ်းဟုလည်း ခေါ်ကြ၏။ အာဠဝီတံခါး ခေါ် ကြေးမုံတံခါးသည်ပင် ‘ဂဗ္ဗေ’ဟူသည့် ဓာတ်ဘက်နံသင့် အက္ခရာယူသော်လည်း တစ်နည်းအားဖြင့် နန်းမြို့တွင်းမှ သေသောသူတို့ကို ထုတ်ဆောင်ရာ အမင်္ဂလာတံခါးဖြစ်သောကြောင့် အဆိုပါ တံခါးမှ ဝင်ထွက်သွားလာ မကြာမကြာကြုံတွေ့ရသော သူများသည် မရဏဿတိကမ္မဋ္ဌာန်းကို ကြေးမုံပြင်ကဲ့သို့ အာရုံပြ ကြည့်ရှုကြကုန်လောဟု သတိပေးသော အထိမ်းအမှတ်ဖြင့် ‘ကြေးမုံ’ တံခါးဟု သမုတ်ခဲ့ခြင်းလည်းဖြစ်သည်။ နန်းမြို့တွင်းတွင် ဒင်္ဂါးစက်ရုံတော် တောင်ဘက်ကပ်လျက်တွင်မူ သင်္ချိုင်းတော်များရှိပါ၏။ ထိုသင်္ချိုင်းတော်များတွင် ပဉ္စမသင်္ဂါယနာတော်တင် မင်းတုန်းမင်းတရားကြီး၊ ရွှေဘိုမင်းတရား၏ အဂ္ဂမဟေသီမိဖုရားခေါင်ကြီး၊ သီပေါမင်း၏မယ်တော် လောင်းရှည်မိဖုရားကြီးနှင့် ဆင်ဖြူမရှင်မိဖုရားကြီးတို့၏ ဂူဗိမာန်ကြီးများရှိသည်။ ထို့ပြင်မြောက်ဥယျာဉ်တော် ရွှေပြည် ဥယျာဉ်ကွက်အတွင်းတွင် တောင်နန်းမတော် မိဖုရားခေါင်ကြီး သင်္ချိုင်းတော်ရှိသလို၊ သစ်တပ် အနောက်မြောက်ထောင့်တွင်လည်း မြောက်နန်းမတော် မိဖုရားသင်္ချိုင်းတော်တစ်ခု ရှိသည်။ ကျန်ရှိသည့် မင်းညီမင်းသား၊…

Read More
VOM News

FREE
VIEW