လူ ၁၀၀၀ ကျော်သေပြီး ၃၃ သန်းအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ရေဘေးကြောင့် နိုင်ငံတကာအကူအညီတွေ ပါကစ္စတန်တောင်းခံ

အစ္စလာမ္မာဘတ်၊ သြဂုတ်-၂၈-၂၀၂၂
မျိုးဆက်(VOM)

ပါကစ္စတန်နိုင်ငံမှာ လူ ၁၀၀၀ ကျော်သေဆုံးခဲ့တဲ့ ရေဘေးကြောင့် နိုင်ငံတကာက အကူအညီတွေပေးဖို့ တာ၀န်ရှိသူတွေက တောင်းခံထားရပါတယ်။

အမေရိကန်၊ ဗြိတိန်၊ ယူအေအီးနဲ့ အခြားနိုင်ငံတွေက ရေဘေးအတွက် ကူညီမှုတွေ ပေးခဲ့ပေမယ့်လည်း ရန်ပုံငွေများစွာ လိုအပ်နေသေးတယ်လို့ ပါကစ္စတန်ပြည်ထဲရေး၀န်ကြီးဌာနက တာ၀န်ရှိသူ ဆယ်လ်မန်ဆူဖီက ပြောပါတယ်။

နိုင်ငံတွင်းမှာ ဇွန်လကတည်းက ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် လူ ၁၀၀၀ ကျော်သေဆုံးခဲ့ပြီး လူသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကာ ရေဘေးသင့်ပြည်သူတွေကို အစွမ်းကုန်ကူညီဖို့ ကြိုးစားနေကြောင်း သူကပြောပါတယ်။

နိုင်ငံအနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်မှာ မြစ်တွေရေလျှံမှုကြောင့် လူထောင်ပေါင်းများစွာ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပြီး အရှေ့တောင်ပိုင်းမှာရှိတဲ့ Sindh ပြည်နယ်ကတော့ ရေဘေးဒဏ် အခံရဆုံးဖြစ်ပါတယ်။

ရေးကြီးရေလျှံမှုကြောင့် နိုင်ငံလူဦးရေ ၁၅ ရာခိုင်နှုန်းဖြစ်တဲ့ ပြည်သူ ၃၃ သန်းရေဘေးသင့်ခဲ့ရတယ်လို့ ပါကစ္စတန်၀န်ကြီးချုပ် Shehbaz Sharif ကပြောပါတယ်။

Ref: BBC
Photo: Getty Images
#voiceofmyanmar #VOM #အစ္စလာမ္မာဘတ်

Related posts

✕
VOM News

FREE
VIEW