တရုတ်နဲ့ တင်းမာနေချိန် အမေရိကန် ဒုံးကျည်တင်စစ်သင်္ဘောနှစ်စင်း ထိုင်၀မ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်း

ဝါရှင်တန်၊ သြဂုတ်-၂၈-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန် စစ်သေင်္ဘာနှစ်စင်းဟာ ထိုင်၀မ်ရေလက်ကြားကို သြဂုတ် ၂၇ ရက်မှာ ဖြတ်သန်းခုတ်မောင်းခဲ့ကြောင်း အမေရိကန်ရေတပ်က ထုတ်ပြန်ကြေညာပါတယ်။

အမေရိကန်အောက်လွှတ်တော်အမတ် နန်စီပလိုစီ ထိုင်၀မ်ကို သြဂုတ်လမှာ သွားရောက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်တို့အကြား တင်းမာမှုတွေ မြင့်တက်နေပြီးနောက် ထိုင်၀မ်ရေလက်ကြားကို အမေရိကန်စစ်သင်္ဘောတွေ ပထမဆုံး ဖြတ်သန်းခုတ်မောင်းတာဖြစ်ပါတယ်။

နန်စီပလိုစီရဲ့ ထိုင်၀မ်ခရီးစဉ်အပေါ် တရုတ်နိုင်ငံကလည်း ကျွန်းအနီးမှာ အကြီးစားစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ပြီး တုံ့ပြန်ခဲ့ပါတယ်။

ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်ထားတဲ့ အမေရိကန်စစ်သင်္ဘော USS Antietam နဲ့ USS Chancellorsville တို့ဟာ ထိုင်၀မ်ရေလက်ကြားကို ခုတ်မောင်းခဲ့ပြီး ဒါဟာ နိုင်ငံတကာရေပိုင်နက်မှာ လွတ်လပ်စွာ ခုတ်မောင်းသွားလာခွင့်ကို ပြသတာဖြစ်တယ်လို့ အမေရိကန် ရေတပ်က ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံဟာ ထိုင်၀မ်ကို သူ့ရဲ့ပိုင်နက်အဖြစ် ရှုမြင်ထားပြီး ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင် စစ်အင်အားအသုံးပြုမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: BBC
Photo: US 7TH FLEET
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW