ကလေးခရိုင် တိမွေးကုဌာနက ဒုတိယ ညွှန်ကြားရေးမှူး ဆရာဝန် ပစ်သတ်ခံရ

သြဂုတ်၂၈ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့ ၊ ချမ်းမြေ့အောင်စည်ရပ်ကွက်မှာနေတဲ့ ခရိုင်တိရစ္ဆာန်မွေးမြူးရေးနဲ့ ကုသရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဖြစ်တဲ့ ဆရာဝန်ဟာ မနေ့ သြဂုတ် ၂၇ ရက် ညနေပိုင်းက လမ်းမှာ ပစ်သတ်ခံရတယ်လို့ ကလေးမြို့ခံ ဝန်ထမ်း အသိုင်းအဝိုင်းဆီက သိရပါတယ်။

“မနေ့က ညနေ ၆ နာရီဝန်းကျင်မှာ ဒေါက်တာမြင့်ဝင်းက ဆေးကုပြီး ပြန်အလာ လမ်းမှာ အမည်မသိ လူ ၂ ယောက်က ပစ်သတ်သွားတာပါ ၊ အဲ့ဒါကြောင့် ဒေါက်တာဟာ နေရာမှာတင်သေဆုံးခဲ့တာ “လို့ ကလေးမြို့ခံ တယောက်က ပြောပါတယ်။

ပစ်သတ်ခံရတဲ့ ကလေးခရိုင် တိမွေးကု ဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြင့်ဝင်း ကိစ္စနဲ့ ပတ်သက်ပြီး ကလေးမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

မုံရွာခရိုင် ၊ အရာတော်မြို့၊ အမှတ် ၁ ရပ်ကွက် ၊ အောင်မင်္ဂလာနယ်မြေ ၊ မုံရွာ-အရာတော်ကားလမ်းမှာ အခုလ ၂၄ ရက် ညနေ ၅ နာရီဝန်းကျင်က မြို့နယ်စည်ပင်အမှုဆောင်ဦးစီးအရာရှိဖြစ်သူ ဒေါ်ဝါဝါဆွေ ဆိုသူလည်း ပစ်သတ်ခံရတယ်လို့ အရာတော်မြို့ခံတွေဆီက သိရပါတယ်။

ဒါ့အပြင် အခုလ ၂၄ ရက် မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေး-တာဟန်းလမ်းဘေးမှာရှိတဲ့ ကလေးယာဥ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးက ရဲတပ်သား မောင်မြင့်မော် ဆိုသူဟာ ရုံးရှေ့လမ်းတဖက်မှာရှိတဲ့ ကုန်စုံဆိုင်ကနေ စျေးဝယ်ပြီးအပြန် ကားပေါ်ကနေ သေနတ်နဲ့ ပစ်ခတ်သွားတဲ့အတွက် ကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်ရပြီး သေဆုံးသွားတာ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ကလေး #တိမွေးကုဒုညွန် #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW