ပြည်မြို့၊နဝဒေးတံတားပေါ်ကနေ အသက်၃နှစ်ကလေးနဲ့အမေဖြစ်သူ ခုန်ချမှုဖြစ်ပွား

ဩဂုတ် ၂၈-၂၀၂၂
VOM (GG)

ပြည်မြို့၊ နဝဒေးတံတားပေါ် ကနေ သားအမိနှစ်ဦး ခုန်ချမှု ဒီနေ့ဩဂုတ်၂၈ ရက် ညနေ ၃ နာရီလောက်မှာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“ကလေးကိုချီနေတာ မြင်တဲ့သူတွေလည်းရှိတယ်၊ဒါပေမယ့် အဲ့ဒီလိုခုန်ချမယ်လို့တော့ မထင်ကြဘူး။ပြီးမှ ခုန်ချမှန်းသိကြတာ၊ ပထမကလေးအလောင်းပေါ်လာသေးတယ်။ မခုတော့ ရေစီးနဲ့မျှောသွားတယ် မတွေ့သေးဘူး”လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ ပြည်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

မြစ်ထဲခုန်ချတဲ့ သားအမိဟာ မိခင်ဖြစ်သူကအသက် ၂၄ ဖြစ်ပြီး ကလေးက အသက် ၃ နှစ်အရွယ်ဖြစ်ကြောင်း၊ ပြည်မြို့၊ မြို့သစ် ၁၂ လမ်းမှာ နေထိုင်တယ်လို့သိရပါတယ်။

လက်ရှိမှာ သားအမိနှစ်ယောက်ကို သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့တွေပူးပေါင်းပြီး ရှာဖွေမှုတွေလုပ်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ပြည် #နဝဒေးတံတား #သားအမိနှစ်ဦးခုန်ချမှုဖြစ်ပွား

Related posts

Leave a Comment

VOM News

FREE
VIEW