ဘရာဇီး ဌာနေတိုင်းရင်းသားမျိုးနွယ်စုက ကမ္ဘာ့အထီးကျန်ဆုံးလူသား ကွယ်လွန်

ဘရာဇီးလီးယား၊ သြဂုတ်-၃၀-၂၀၂၂
မျိုးဆက်(VOM)

ဘရာဇီးနိုင်ငံမှာ လူမှုအသိုင်းအဝိုင်းနဲ့ ကူးလူးဆက်ဆံမှုမရှိတဲ့ ဌာနေတိုင်းရင်းသားမျိုးနွယ်စုတခုမှ နောက်ဆုံးကျန်ရှိတဲ့ ကမ္ဘာ့အထီးကျန်ဆုံး လူသားကွယ်လွန်သွားပြီဖြစ်တယ်လို့ ဘရာဇီးတာ၀န်ရှိသူတွေက သြဂုတ် ၂၉ ရက်မှာ ပြောပါတယ်။

အမည်မသိ အဲဒီအမျိုးသားဟာ လွန်ခဲ့တဲ့ ၂၆ နှစ်တာကာလပတ်လုံး လုံး၀အထီးကျန် တကိုယ်ရေ နေထိုင်ခဲ့ရပြီး သူဟာ အသက် ၆၀ အရွယ်ရှိပြီလို့ ခန့်မှန်းရပြီး သွေးရိုးသားရိုး ကွယ်လွန်သွားတယ်လို့ ယူဆရပါတယ်။

သူ့ရဲ့အလောင်းကို နေထိုင်ရာကောက်ရိုးတဲပြင်ပရှိ ပုခက်ထဲမှာ သြဂုတ် ၂၃ ရက်က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မကြမ်းဖက်ခံရတဲ့ လက္ခဏာတွေမတွေ့ရကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

သူဟာ တွင်းနက်ကြီးတွေတူးထားလေ့ရှိပြီး အချို့ကို ပုန်းအောင်းဖို့အတွက် လည်းကောင်း၊ အချို့ကို တိရိစ္ဆာန်တွေကို ထောင်ချောက်ဆင်ဖို့အတွက်လည်းကောင်း အသုံးပြုတာကြောင့် တွင်းလူသားလို့လည်း လူသိများပါတယ်။

အဲဒီအမျိုးသားဟာ ဘိုလီဗီးယားနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဘရာဇီးနိုင်ငံ ရွန်ဒိုနီးယားပြည်နယ် တာနာရူဒေသမှာနေနထိုင်တဲ့ ဌာနေတိုင်းရင်းသားမျိုးနွယ်စုတခုရဲ့ နောက်ဆုံးကျန်ရှိသူဖြစ်ပါတယ်။

Ref: BBC
Photo: J PESSOA/SURVIVAL INTERNATIONAL
#voiceofmyanmar #VOM #ဘရာဇီးလီးယား

Related posts

Leave a Comment

VOM News

FREE
VIEW