စစ်အေးတိုက်ပွဲ အဆုံးသတ်စေခဲ့သူ ဆိုဗီယက်ခေါင်းဆောင်ဟောင်း ဂေါ်ဘာချော့ဗ် ကွယ်လွန်

မော်စကို၊ သြဂုတ်-၃၁-၂၀၂၂
မျိုးဆက်(VOM)

စစ်အေးတိုက်ပွဲကို ငြိမ်းချမ်းစွာ အဆုံးသတ်စေခဲ့တဲ့ ဆိုဗီယက်ခေါင်းဆောင်ဟောင်း အသက် ၉၁ နှစ်အရွယ် မီခေးလ်ဂေါ်ဘာချော့ဗ်ဟာ သြဂုတ် ၃၀ ရက်မှာ ကွယ်လွန်သွားပါတယ်။

၁၉၈၅ ခုနှစ်မှာ အာဏာရခဲ့တဲ့ မစ္စတာဂေါ်ဘာချော့ဗ်ဟာ ဆိုဗီယက်ယူနီယံကို ပြုပြင်ပြောင်းလဲမှုတွေကို စတင်ခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်လည်း ခေတ်သစ်ရုရှားနိုင်ငံပေါ်ပေါက်ခဲ့တဲ့ ဆိုဗီယက်ယူနီယံ တဖြည်းဖြည်း ပြိုကွဲမှုကို တားဆီးနိုင်ခြင်းမရှိခဲ့ပါဘူး။

ဂေါ်ဘာချော့ဗ်ဟာ ကြင်နာမှုရှိတဲ့ ခေါင်းဆောင်တဦးဖြစ်ပြီး သမိုင်းကြောင်းကို ပြောင်းလဲစေခဲ့သူဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဂုဏ်ပြုပြောဆိုပါတယ်။

ဆိုဗီယက်ယူနီယံနဲ့ ဗြိတိန်အပါအ၀င် အနောက်နိုင်ငံတွေအကြားတင်းမာမှုတွေ ပြင်းထန်နေချိန်ဖြစ်တဲ့ ၁၉၉၁ နှစ်မှာ စစ်အေးတိုက်ပွဲအဆုံးသတ်ရေး အခြေအနေတွေကို ဖန်တီးပေးခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး ဗိသုကာအဖြစ် သူ့ကို အနောက်နိုင်ငံတွေက ရှုမြင်ခဲ့ကြပါတယ်။

သူဟာ အရှေ့-အနောက် ဆက်ဆံရေးတွေမှာ အရေးပါတဲ့ အပြောင်းအလဲတွေကို ဦးဆောင်ခဲ့တဲ့အတွက် ၁၉၉၀ ပြည့်နှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ သူဟာ မကွယ်လွန်မီ နာတာရှည်နဲ့ အပြင်းအထန်နာမကျန်းမှုကို ခံစားခဲ့ရတယ်လို့ မော်စကိုရှိ ဆေးရုံက ပြောပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW