ဟိုပုံးမြို့နယ်က တိုက်ပွဲရှောင်စခန်းတွေ အလှူရှင် နည်းပါးလာတဲ့အတွက် အခက်တွေ့လာ

သြဂုတ် ၊ ၉ ၊ ၂၀၂၂ SP( VOM) ရှမ်းပြည်တောင်ပိုင်း ၊ ဟိုပုံးမြို့နယ် ၊ ပန်လုံကျေးရွာသစ်က စစ်ရှောင်တွေဟာ ဒီနှစ် မိုးရာသီမှာ အလှူရှင်တွေနည်းပါးလာပြီး မိုးအဆက်မပြတ် ရွာနေတာကြောင့် စားဝတ်နေရေး ကိစ္စရပ်တွေအပြင် ကျန်းမာရေးကိစ္စတွေပါ အခက်တွေ့နေရတယ်လို့ စစ်ရှောင်တွေကူညီပေးနေတဲ့ ဟိုပုံးမြို့ခံ ပရဟိတ အဖွဲ့တွေဆီက သိရပါတယ်။ ” အဓိက အခက်အခဲကတော့ စားဝတ်နေရေးနဲ့ ကျန်းမာရေးဖြစ်တယ် ၊ စစ်ရှောင် ၅ ရာကျော်ရှိတဲ့အနက်က ကျန်းမာရေး မကောင်းသူ ၁ ရာဝန်းကျင်ရှိတယ် ၊ စားသောက်ကုန် မလုံလောက်မှုက မိသားစုတိုင်းလိုဖြစ်နေတယ် ၊ မိုးက အဆက်မပြတ်ရွာနေတာကြောင့် ကူညီထောက်ပံ့တဲ့ အလှူရှင် အလာနည်းပြီး ဖြစ်ရတာ ” လို့ ဒေသခံ စစ်ဘေးရှောင် ပရဟိတသမား တယောက်က ပြောပါတယ်။ အဲ့ဒီ တိုက်ပွဲရှောင်…

Read More

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ရဲ့နေအိမ်ကို အက်ဖ်ဘီအိုင်က အသိမပေးဘဲ ၀င်ရောက်စီးနှင်း

၀ါရှင်တန်၊ သြဂုတ်-၉-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ ဖလော်ရီဒါရှိနေအိမ်ကို အက်ဖ်ဘီအိုင်အေးဂျင့်တွေက သြဂုတ် ၈ ရက်မှာ ၀င်ရောက်စီးနှင်းခဲ့ပြီး မီးခံသေတ္တာကိုပါ ဖောက်ထွင်းခဲ့ကြောင်း ဒေါ်နယ်ထရန့်က ပြောပါတယ်။ Palm Beachမှာရှိတဲ့ သူ့ရဲ့ Mar-a-Lago စံအိမ်ကို အက်ဖ်ဘီအိုင်အေဂျင့်များစွာက စီးနှင်းသိမ်းပိုက်ခဲ့တယ်လို့ ဒေါ်နယ်ထရန့်က ထုတ်ပြန်ထားပါတယ်။ အဲဒီရှာဖွေမှုဟာ ဒေါ်နယ်ထရန့်လက်၀ယ်မှာရှိတဲ့ စာရွက်စာတမ်းတွေကို စုံစမ်းစစ်ဆေးမှုတရပ်နဲ့ဆက်နွယ်နေဖွယ်ရှိကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါဟာ သူရာထူးမှအနားယူပြီး အိမ်ဖြူတော်မှထွက်ခွာချိန်မှာ ဖလော်ရီဒါရှိ နေအိမ်သို့ယူဆောင်သွားတဲ့ စာရွက်စာတမ်းတွေနဲ့ ဆက်စပ်နေတယ်လို့ အမေရိကန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဒီလို စီးနှင်းရှာဖွေမှုအတွင်း အက်ဖ်ဘီအိုင်အေဂျင့်တွေက စာရွက်စာတမ်းအချို့ကို သိမ်းယူသွားကြောင်း ဒေါ်နယ်ထရန့်ရဲ့ ရှေ့နေဖြစ်သူက ခရစ္စတီနာဘော့ဘ်က ပြောပါတယ်။ သက်ဆိုင်ရာ အစိုးရဌာနအားလုံးနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီးဖြစ်လို့ မိမိနေအိမ်ကို အကြောင်းကြားခြင်းမရှိဘဲ ၀င်ရောက်စီးနှင်းဖို့ မလိုအပ်သလို သင့်တော်တဲ့ လုပ်ရပ်မဟုတ်ကြောင်း ဒေါ်နယ်ထရန့်ကပြောပါတယ်။ ဒါဟာ သူ့ကိုသမ္မတအဖြစ်ထပ်မံ၀င်ရောက်ယှဉ်ပြိုင်ခြင်းမှ တားဆီးဖို့အတွက် တရားစီရင်ရေးစနစ်ကို…

Read More

စစ်ကိုင်းတိုင်းမှာ ကုန်တင်ကား ဓားပြတိုက်ခံရတဲ့ဖြစ်စဥ် ၁ ပတ်အတွင်း ၅ ကြိမ်ရှိ

သြဂုတ် ၊ ၉ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်းထဲက အဝေးပြေးလမ်းတွေပေါ်မှာ ကုန်စည်ပို့ဆောင်နေတဲ့ ကုန်တင်ကားကြီးတွေ ဓားပြတိုက်ခံရတာဟာ ဒီလ ၁ ရက်နေ့ နောက်ပိုင်းကစလို့ မနေ့ သြဂုတ် ၈ ရက်အထိ ၁ ပတ်အတွင်း ၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ မုံရွာအခြေစိုက် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” ကုန်တင်ကားတွေ ဓားပြတိုက် လုယက်ခံရတဲ့ လမ်းကြောင်းတွေက ရွှေဘို မြစ်ကြီးနား အဝေးပြေးလမ်း ၊ ကလေး ၊ ကလေးဝ တမူး လမ်းနဲ့ တမူး စေတီ ဟုမ္မလင်း လမ်းတွေမှာ အဖြစ်များတယ် ၊ အဲ့ဒီအပြင် ခရီးတို လမ်းပိုင်းတွေမှာလည်း ဓားပြတိုက် လုယက်ခံရတာတွေရှိတယ် “လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တဦးက ပြောပါတယ်။ အဲ့ဒီလို ဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး အဝေးပြေး…

Read More

ဓာတ်မြေဩဇာစျေး ၁ သိန်း၃သောင်းနီးပါး မြင့်တက်လာပြီး ပစ္စည်းတွေ မှာမရဖြစ်နေ

ဩဂုတ် ၉-၂၀၂၂ GG (VOM) ဓာတ်မြေသြဇာစျေးနူန်း ယခုရက်ပိုင်းအတွင်းမှာ တအိတ်ကို ၁၂၅၀၀၀ ကျပ် အထိ မြင့်တက်သွားတယ်လို့ စိုက်ပျိုးရေးအရောင်းဆိုင်တွေနဲ့လယ်သမားတွေ ဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိူင်လတုန်းကမှ မြေဩဇာတွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့ ၁၅ ပတ်လည် မြေဩဇာစျေး တအိတ်ကို ၁၀၅၀၀၀ ကျပ်သာရှိပေမယ့် မနေ့ ဩဂုတ်လ ၈ ရက်နေ့မှာတော့ မြေဩဇာတအိတ်ကို ၁၂၅၀၀၀ ကျပ်အထိ စျေးမြင့်တက်သွားတာဖြစ်ပါတယ်။ အခုလို မြေဩဇာစျေးတက်တာနဲ့ ပတ်သက်ပြီး စိုက်ပျိုးရေးအရောင်းဆိုင် တခုက ” ကုမ္ပဏီကကို ပစ္စည်းမှာမရတော့ဘူး ၊အခုလောလောဆယ် မှာလို့မရဘူး ။ နောက်ပြီး စျေးတွေကလည်း ဟိုမှာကိုတက်နေတာဆိုတော့ ကျမတို့လည်း ရှိတာကို တက်ရောင်းရတဲ့သဘော။ ကျမတို့တင်မဟုတ်ဘူး ဆိုင်တိုင်းအဲ့ဒီလိုပဲ စျေးအကုန်တက်ရောင်းတယ် ” လို့ ပြောပါတယ်။ မြင်းပျံ ပုလဲ ဓာတ်မြေဩဇာက ၁၀၅၀၀၀ ကျပ် ဖြစ်သွားတယ်လို့…

Read More

စစ်ကိုင်းတိုင်းမှာ ၈ လအတွင်း ရွာပေါင်း ၁ ရာကျော် မီးရှို့ဖျက်ဆီးခံရပြီးဖြစ်

သြဂုတ် ၊ ၉ ၊ ၂၀၂၂ SP( VOM) ဒီနှစ် ဇန္နဝါရီကနေ သြဂုတ် ၉ ရက်အထိ ၈ လအတွင်း စစ်ကိုင်းတိုင်းထဲမှာ ကျေးရွာပေါင်း ၁ ရာကျော် မီးရှို့ဖျက်ဆီးရခံပြီး မီးလောင်ပြင်တချို့မှာ လူသေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ ” ရွာပေါင်း ၁ ရာကျော် မီးရှို့ဖျက်ဆီးခံရတယ် ၊ လူနေအိမ်နဲ့ အခြား အဆောက်ဦး ထောင်နဲ့ချီပြီး ဆုံးရှုံးတယ် ၊ လူသေဆုံးမှုဟာလည်း ရာဂဏန်း နီးပါး ရှိနေတာ ” လို့ စစ်ကိုင်းတိုင်း ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ် ။ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်က လူနေအိမ်နဲ့ အဆောက်ဦး ၁၅၈ လုံး မီးရှို့ခံထားရတဲ့ ရေဦးခရိုင်…

Read More

ရွှေမြင်းမိုရ် မြတောင်

ဆူးငှက် ““ဘုံလေးဆင့် တိမ်ပြင်မှာ၊ စိန်ဒရင် လျှံမောင်းတဲ့၊ မှန်ကျောင်းတော် ဝေယန့်သာခေါင်၊ နေရဗြန့်တန်ဆောင်။ ရွှေမြင်းမိုရ် မြတောင်ကို … အို … မြအရောင် ရှက်သန်းလို့လေး””ဟူ၍ မြတောင်ကျောင်းသားဟောင်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းက စစ်ကိုင်းပြန် မှာတော်ပုံဆောင်းပါးတွင် မြတောင်ကျောင်းကြီးဘွဲ့ တေးထပ်ကို ရေးစပ်ခဲ့ပါ၏။ တကယ်တော့ ၁၂၄၆ခုနှစ်က တည်ဆောက်ခဲ့သော မြတောင်ရွှေကျောင်းတော်ကြီး၏ တန်ဖိုးကို ထိုအချိန်က ““သံပုရာသီးတစ်လုံးဖိုး””ဟူ၍ မှတ်သားခဲ့သောကြောင့် ပြောင်းပြန်သင်္ကေတအရ ၅သန်းကျော် ကုန်ကျခဲ့သည်ဟု မှတ်သားရ၏။ မြန်မာတို့၏ သယံဇာတဖြစ်သော ကျွန်းသစ်လုံးကြီးများ၊ရွှေ၊ငွေ၊ ပတ္တမြား၊ကျောက်မျက်များနှင့် အံ့မခန်း တည်ဆောက်သဖြင့် အသပြာ ၅ သန်းကျော် ကုန်သည့် ရွှေကျောင်းတော်ကြီးကို ယခုခေတ်အခါတွင် ကွန်ကရစ်တိုင်လုံး၊ဘော်စနီရွှေမင်၊ ပုံသွင်းအင်္ဂတေပန်းပု၊ ကြွေပြားကပ် အခင်းများနှင့်ပင် သန်း ၅ ရာကျော် ကုန်နိုင်လောက်၏။ ကုန်းဘောင်ဆက် တတိယတွဲ စာမျက်နှာ ၆၈၅ တွင်…

Read More

ဒီပဲယင်းနယ်ဘက်မှာ ဒေသခံရွာသား ၄၀ နီးပါး ပျောက်ဆုံးနေ

​ သြဂုတ် ၊ ၈ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာ ၅ ခုကို အခုလ ၆ ရက်ကစလို့ ထိတွေ့တိုက်ပွဲတွေအတွင်း ဒေသခံရွာသား ၄၀ နီးပါး ဒီကနေ့အထိ ပျောက်ဆုံးနေတယ်လို့ ဒီပဲယင်းမြို့ခံတွေဆီက သိရပါတယ်။ အဲ့ဒီ လူတွေပျောက်ဆုံးနေတာနဲ့ ပတ်သက်လို့ ဒီပဲယင်းနယ်ခံ တယောက်က ” လျှော်ဖြူရွာမှာက ၁၄ ဦး၊ နဂါးဘိုရွာမှာက ၁၂ ဦး၊ အင်ပင်ကြီးရွာမှာက ၉ ဦး၊ ရွာဒင်ရွာမှာက ၂ ဦး၊ ကိုင်းကံရွာမှာက ၁ ဦး ၊ လက်တလောစာရင်းပေါ်လာတဲ့ ပျောက်ဆုံးသူ ၃၈ ဦးရှိတယ် ” လို့ ပြောပါတယ်။ အဲ့ဒီ ပျောက်ဆုံးနေတဲ့ လူ ၄၀…

Read More

တရုတ်နိူင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး နှလုံးရောဂါနဲ့ ကွယ်လွန်

သြဂုတ် ၈၊၂၀၂၂ KK(VOM) တရုတ်ပြည့်သူ့သမ္မတနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေဟာ မနေ့ကအစည်းအဝေးတစ်ခုကို တက်ဖို့အသွား ကူမင်းလေဆိပ်မှာ နှလုံးရောဂါနဲ့ကွယ်လွန်သွားတယ်လို့ သံရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ ဘေကျင်းကနေ ကူမင်းကို အစည်းအဝေးတက်ဖို့အသွား ကူမင်းလေဆိပ်မှာ ရုတ်တရက်လဲကျသွားသေဆုံးခဲ့တာဖြစ်တယ်လို့ သံရုံးနဲ့နီးစပ်သူတဦးက ပြောပါတယ်။ “ကူမင်းလေဆိပ်မှာ ရုတ်တရက်လဲကျသွားတယ် အဲ့ဒီအထဲက သတိမရတော့တာ ဆရာဝန်တွေတော့ စစ်တော့ ဆုံးသွားပြီ၊ အရင်ကလည်း နှလုံးရောဂါအခံရှိပါတယ်”လို့ ပြောပါတယ်။ သံအမတ်ကြီး ဦးမျိုးသန့်ဖေဟာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရတဲ့ မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ အလားတူ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၈ ရက်ကလည်း ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။ #voiceofmyanmar #VOM #တရုတ်နိုင်ငံဆိုင်ရာမြန်မာသံအမတ် #ဦးမျိုးသန့်ဖေ #ကွယ်လွန်

Read More

ဟင်္သာတမှာ ၇လကျော်အတွင်း ချိပ်ပိတ်သိမ်းဆည်းခံရတဲ့ လူနေအိမ် ၃ဒါဇင်ကျော်အထိရှိလာ

သြဂုတ် ၈၊၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ဟင်္သာတမြို့နယ်ထဲမှာ ၂၀၂၂ခုနှစ် ဇန်နဝါရီလကနေ မနေ့ သြဂုတ်လ ၇ ရက်အထိ ၇ လကျော်အတွင်း NLDလွှတ်တော်အမတ် နေအိမ်အပါအဝင် နေအိမ်လုံး ၃ဒါဇင်ကျော်ချိပ်ပိတ်သိမ်း ဆည်းခံထားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ”တမြို့လုံးမှာချိပ်ပိတ်ခံရတဲ့ နေအိမ်တွေက မနည်းတော့ပါဘူး၊ချိပ်ပိတ်ခံရတဲ့နေအိမ်တွေက NLD လွှတ်တော်အမတ်ရဲ့နေအိမ်နဲ့ ပညာရေးဝန်ထမ်း တွေရဲ့နေအိမ်တွေအများဆုံးပါဝင်တယ်၊ ၇ လကျော်ကျော်အတွင်းမှာ ချိပ်ပိတ်ခံရတဲ့ နေအိမ်အလုံး ၃၀ ကျော်သွားပြီ၊ ရဲတွေရယ်စစ်သားတွေရယ်အရပ်ဝတ်နဲ့လူအချို့ရယ် သေနတ်တွေကိုင်ပြီး နိုင်ငံတော်ပိုင်သိမ်းတယ်လို့ ရေးထားတဲ့ ဗီနိုင်းကြီးကပ်သွားပြီးချိပ်ပိတ်သွားတာပါ။” လို့ ဟင်္သာတမြို့ခံတက်ကြွလှုပ်ရှားသူတွေနဲ့နီးစပ်သူတယောက်ကပြောပါတယ်။ ချိပ်ပိတ်ခံရတဲ့နေအိမ်တွေဟာ ဟင်္သာတမြို့ပေါ် တာကလေးရပ်ကွက်၊ ဗာဂျီးနီးယား ၅ လမ်းမှာရှိတဲ့ NLD ပါတီရဲ့တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းရဲ့နေအိမ်နဲ့ ဗာဂျီးနီးယား ၆ လမ်းမှာရှိတဲ့ NLD တာကလေးရပ်ကွက် ဥက္ကဋ္ဌ ဦးမောင်ဆန်းတို့ရဲ့နေအိမ် ၂ လုံးအပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၉…

Read More

သတင်းအမှား ဘယ်နှစ်မျိုးရှိသလဲ နဲ့ သတင်းတခုမျှဝေတော့မယ်ဆိုရင် သိထားသင့်သည့်အကြောင်းအရာများ

ဩဂုတ် ၈-၂၀၂၂ Voice Of Myanmar ဒီနေ့ခေတ်မှာ ဆိုရှယ်မီဒီယာကို လူတွေ အသုံးပြုတာ များပြားလာတာနဲ့အမျှ ကောလာဟလ၊ သတင်းတုနဲ့ သတင်းမှားတွေက ကျယ်ကျယ်ပြန့်ပြန့်ထွက်လာနေပါတယ်။ ဒီလို သတင်းတု၊ သတင်းမှား၊ သတင်းယောင်တွေ ဘယ်နှစ်မျိုးရှိသလဲဆိုတာကို ဗဟုသုတအဖြစ်နဲ့ မျှဝေပေးလိုက်ပါတယ်။ (၁)လှောင်ပြောင်သရော်တဲ့သတင်း ——————————- တယောက်ယောက်ကို အန္တရာယ်ဖြစ်ဖို့ မရည်ရွယ်ပေမယ့် ဖော်ပြထားတဲ့ အချက်အလက်တွေကတော့ ရေလိုက်လွဲစေပြီး တဦးတယောက်ကို လှောင်ပြောင်ထားတာပါ။ (၂)ဦးတည်ချက်မှားအောင် လှည့်စားထားတဲ့သတင်း ——————————- အချက်အလက်နဲ့ဖြစ်စဉ်တွေကို လိုအပ်တဲ့ပုံစံဖြစ်အောင် ယူဆရေးသားထားပြီး တစုံတယောက်ကို ပြဿနာ ဒါမှမဟုတ် အခက်အခဲဖြစ်အောင် ရေးသားထားတဲ့ သတင်းအတု ဖြစ်ပါတယ်။ (၃)အယောင်ဆောင်သတင်း ——————————- ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်များအသွင် ရေးသားထားတာဖြစ်ပါတယ်။ (၄)မှားယွင်းတဲ့အကြောင်းအရာတွေနဲ့ ပုံဖော်ရေးသားထားတဲ့သတင်း ——————————- အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ ဒါမှမဟုတ် ဖြစ်ပျက်နေတဲ့ သတင်းအကြောင်းအရာတွေကို လုပ်ကြံဖန်တီးပြီး အချက်အလက်အမှား၊ အယူအဆအမှားတွေနဲ့ ကောက်နုတ်ဖော်ပြထားတဲ့…

Read More
VOM News

FREE
VIEW