အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ရဲ့နေအိမ်ကို အက်ဖ်ဘီအိုင်က အသိမပေးဘဲ ၀င်ရောက်စီးနှင်း

၀ါရှင်တန်၊ သြဂုတ်-၉-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ ဖလော်ရီဒါရှိနေအိမ်ကို အက်ဖ်ဘီအိုင်အေးဂျင့်တွေက သြဂုတ် ၈ ရက်မှာ ၀င်ရောက်စီးနှင်းခဲ့ပြီး မီးခံသေတ္တာကိုပါ ဖောက်ထွင်းခဲ့ကြောင်း ဒေါ်နယ်ထရန့်က ပြောပါတယ်။

Palm Beachမှာရှိတဲ့ သူ့ရဲ့ Mar-a-Lago စံအိမ်ကို အက်ဖ်ဘီအိုင်အေဂျင့်များစွာက စီးနှင်းသိမ်းပိုက်ခဲ့တယ်လို့ ဒေါ်နယ်ထရန့်က ထုတ်ပြန်ထားပါတယ်။

အဲဒီရှာဖွေမှုဟာ ဒေါ်နယ်ထရန့်လက်၀ယ်မှာရှိတဲ့ စာရွက်စာတမ်းတွေကို စုံစမ်းစစ်ဆေးမှုတရပ်နဲ့ဆက်နွယ်နေဖွယ်ရှိကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။

ဒါဟာ သူရာထူးမှအနားယူပြီး အိမ်ဖြူတော်မှထွက်ခွာချိန်မှာ ဖလော်ရီဒါရှိ နေအိမ်သို့ယူဆောင်သွားတဲ့ စာရွက်စာတမ်းတွေနဲ့ ဆက်စပ်နေတယ်လို့ အမေရိကန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ဒီလို စီးနှင်းရှာဖွေမှုအတွင်း အက်ဖ်ဘီအိုင်အေဂျင့်တွေက စာရွက်စာတမ်းအချို့ကို သိမ်းယူသွားကြောင်း ဒေါ်နယ်ထရန့်ရဲ့ ရှေ့နေဖြစ်သူက ခရစ္စတီနာဘော့ဘ်က ပြောပါတယ်။

သက်ဆိုင်ရာ အစိုးရဌာနအားလုံးနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီးဖြစ်လို့ မိမိနေအိမ်ကို အကြောင်းကြားခြင်းမရှိဘဲ ၀င်ရောက်စီးနှင်းဖို့ မလိုအပ်သလို သင့်တော်တဲ့ လုပ်ရပ်မဟုတ်ကြောင်း ဒေါ်နယ်ထရန့်ကပြောပါတယ်။

ဒါဟာ သူ့ကိုသမ္မတအဖြစ်ထပ်မံ၀င်ရောက်ယှဉ်ပြိုင်ခြင်းမှ တားဆီးဖို့အတွက် တရားစီရင်ရေးစနစ်ကို လက်နက်အဖြစ် အသုံးပြုခြင်းဖြစ်ကြောင်း သူက ဝေဖန်ပြောဆိုပါတယ်။

သမ္မတဟောင်းဒေါ်နယ်ထရန့်ဟာ ၂၀၂၄ ခုနှစ်မှာ သမ္မတလောင်းအဖြစ် တတိယအကြိမ်မြောက် ၀င်ရောက်ယှဉ်ပြိုင်နိုင်ခြေနဲ့ပတ်သက်ပြီး ပြင်ဆင်မှုတွေပြုလုပ်နေချိန်မှာ သူ့အပေါ် ဥပဒေကြောင်းအရ စုံစမ်းစစ်ဆေးမှုတွေတိုးပွားလာနေပါတယ်။

Ref: BBC
Photo: Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW