သတင်းအမှား ဘယ်နှစ်မျိုးရှိသလဲ နဲ့ သတင်းတခုမျှဝေတော့မယ်ဆိုရင် သိထားသင့်သည့်အကြောင်းအရာများ

ဩဂုတ် ၈-၂၀၂၂
Voice Of Myanmar

ဒီနေ့ခေတ်မှာ ဆိုရှယ်မီဒီယာကို လူတွေ အသုံးပြုတာ များပြားလာတာနဲ့အမျှ ကောလာဟလ၊ သတင်းတုနဲ့ သတင်းမှားတွေက ကျယ်ကျယ်ပြန့်ပြန့်ထွက်လာနေပါတယ်။ ဒီလို သတင်းတု၊ သတင်းမှား၊ သတင်းယောင်တွေ ဘယ်နှစ်မျိုးရှိသလဲဆိုတာကို ဗဟုသုတအဖြစ်နဲ့ မျှဝေပေးလိုက်ပါတယ်။

(၁)လှောင်ပြောင်သရော်တဲ့သတင်း
——————————-
တယောက်ယောက်ကို အန္တရာယ်ဖြစ်ဖို့ မရည်ရွယ်ပေမယ့် ဖော်ပြထားတဲ့ အချက်အလက်တွေကတော့ ရေလိုက်လွဲစေပြီး တဦးတယောက်ကို လှောင်ပြောင်ထားတာပါ။

(၂)ဦးတည်ချက်မှားအောင် လှည့်စားထားတဲ့သတင်း
——————————-
အချက်အလက်နဲ့ဖြစ်စဉ်တွေကို လိုအပ်တဲ့ပုံစံဖြစ်အောင် ယူဆရေးသားထားပြီး တစုံတယောက်ကို ပြဿနာ ဒါမှမဟုတ် အခက်အခဲဖြစ်အောင် ရေးသားထားတဲ့ သတင်းအတု ဖြစ်ပါတယ်။

(၃)အယောင်ဆောင်သတင်း
——————————-
ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်များအသွင် ရေးသားထားတာဖြစ်ပါတယ်။

(၄)မှားယွင်းတဲ့အကြောင်းအရာတွေနဲ့ ပုံဖော်ရေးသားထားတဲ့သတင်း
——————————-
အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ ဒါမှမဟုတ် ဖြစ်ပျက်နေတဲ့ သတင်းအကြောင်းအရာတွေကို လုပ်ကြံဖန်တီးပြီး အချက်အလက်အမှား၊ အယူအဆအမှားတွေနဲ့ ကောက်နုတ်ဖော်ပြထားတဲ့ သတင်းအမှားပုံစံတမျိုး ဖြစ်ပါတယ်။

(၅)မှားယွင်းချိတ်ဆက်ထားတဲ့ သတင်းအတု
——————————-
ခေါင်းကြီးသတင်းတွေကို ဖော်ပြထားတဲ့ပုံနဲ့ စာတမ်းထိုးတွေမှာတော့ အမှန်တကယ်ဖော်ပြထားတဲ့ အကြောင်းအရာတွေနဲ့ ကိုက်ညီမှုမရှိတဲ့ သတင်းတုတမျိုးကို ဆိုလိုပါတယ်။

(၆)လုပ်ဇာတ်ခင်း(သို့)ရာနှုန်းပြည့် မှားယွင်းတဲ့သတင်း
——————————-
အကြောင်းအရာအားလုံး ရာနှုန်းပြည့်မှားယွင်းနေပြီး ဖြစ်စဉ်တွေကလည်း အန္တရာယ်ဖြစ်စေဖို့နဲ့ လှည့်ဖြားဖို့ ရည်ရွယ်တဲ့ သတင်းအတုတမျိုးပါ။

(၇)ကြိုးကိုင်ခြယ်လှယ်ထားတဲ့ သတင်း
——————————-
သတင်းရုပ်ပုံအမှန်ကို တနည်းတဖုံပြုပြင်ပြီး သတင်းအမှားအဖြစ် လှည့်စားပြီး ကြိုးကိုင်ခြယ်လှယ်တဲ့ သတင်းအတု အမျိုးအစားဖြစ်ပါတယ်။

(သတင်းတပုဒ်ကို မျှဝေတော့မယ်ဆိုလျှင်)

☑️ သတင်းရေးသူကို စိစစ်ပါ။
☑️ ခေါင်းစဉ်တစ်ခုတည်းကိုပဲ မဖတ်ပါနဲ့။
☑️ သတင်းကို အစအဆုံးဖတ်ပါ။
☑️ သတင်းထုတ်ဝေတဲ့ နေ့စွဲကို စစ်ပါ။
☑️ အလားတူဖြစ်ရပ်ကို အခြားသတင်းရင်းမြစ်များက ရေးထားသည်နှင့် နှိုင်းယှဉ်ကြည့်ပါ။
☑️ အင်တာနက်ပေါ် လျင်မြန်စွာ ဖြန့်ဝေနေတဲ့ မက်ဆေ့ချ်များ၊ အသံဖိုင်များ၊ ဗီဒီယိုနှင့် အမည်မသိ မသေချာသော ပုံများကို မမျှဝေပါနဲ့။

#voiceofmyanmar #VOM #ကောလဟလနဲ့သတင်းမှားသတိထား

(အခု အချက်အလက်များဟာ Internews Fact Check Team နဲ့ တာချီလိတ်သတင်းအေဂျင်စီက ပြုလုပ်ထားတာကို ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်)

Related posts

Leave a Comment

VOM News

FREE
VIEW