အုတ်တွင်း အထကကျောင်းက ဆရာမနဲ့ ကျောင်းသားး/သူအချို့ ကိုဗစ်ပိုးထပ်တွေ့ပေမယ့် ကျောင်းကိုမပိတ်သေး

စက်တင်ဘာ ၈-၂၀၂၂
VOM (GG)

ပဲခူးတိုင်း အရှေ့ပိုင်း၊ အုတ်တွင်းမြို့ အထက်တန်းကျောင်းက ၇ တန်းကျောင်းသူ ၁ ဦး စက်တင်ဘာလ ၆ ရက်နေ့က ကိုဗစ်ရောဂါနဲ့သေဆုံးပြီးနောက်ပိုင်း အုတ်တွင်း အထက ကျောင်းနဲ့ ဗောဓိကုန်းအထက်တန်းကျောင်းက ဆရာ၊ဆရာမနဲ့ ကျောင်းသူကျောင်းသားတွေကို ကိုဗစ်ပိုးရှိ၊မရှိ စစ်ဆေးခဲ့ရာ ဆရာမ ၃ ယောက်နဲ့ ကျောင်းသား၊ကျောင်းသူ ၂ ယောက်မှာ ရောဂါပိုးရှိကြောင်းတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ရောဂါပိုးတွေ့ ဆရာမတွေနဲ့ ကျောင်းသားတွေဟာ သေဆုံးကျောင်းသူတက်ရောက်ခဲ့တဲ့ အုတ်တွင်းအထက်တန်းကျောင်းကဖြစ်ပြီး လက်ရှိမှာ ပိုးတွေ့ရှိသူ ၅ ယောက်လုံးကို ဟုမ်းကွာရန်တင်းထားရှိပြီး စာသင်ကျောင်းကိုတော့ ပိတ်ထားတာမျိုးမရှိဘဲ ဆက်ဖွင့်ထားတယ်လို့သိရပါတယ်။

စာသင်ကျောင်းကို မပိတ်ဘဲ ကျောင်းတကျောင်းလုံးကိုတော့ မနေ့က စက်တင်ဘာလ ၇ ရက်နေ့မှာ ဆေးဖြန်းတာတွေ လုပ်ဆောင်ခဲ့ပြီး ကျောင်းသား ကျောင်းသူတွေကို မက်စ်တပ်တာ၊ လက်ဆေးတာတွေလုပ်စေပြီး ကျောင်းဆက်ဖွင့်နေတာဖြစ်တယ်လို့သိရပါတယ်။

“တကျောင်းလုံး ဆေးဖြန်းတယ်၊ကလေးမလေးဆော့ရင်းလဲကျတယ်ဆိုတဲ့နေရာကို ပိုပြီးတော့စနစ်တကျဖြန်းတယ်။၅၂၆ ဦးစစ်တာ၊အဲ့ဒီအထဲမှာ ပိုးတွေ့တဲ့သူ ကွန်တက်တွေ ချက်ခြင်းခေါ်စစ်ပါတယ် မတွေ့ပါဘူး။ ကျောင်းကတော့ မပိတ်ပါဘူး၊ဒါပေမယ့် မက်စ်တပ်တာ လက်ဆေးတာတို့ ကျန်းမာရေးဆိုင်ရာစာထုတ်တယ်။တကျောင်းလုံးအနှံ့ဆေးဖြန်းတာ၊ အခုပိုးတွေ့တဲ့သူတွေကရောဂါလက္ခဏာဘာမှမပြပါဘူး၊စစ်လို့သာ ပိုးရှိကြောင်းတွေ့ရတာပါ”လို့ ကျောင်းကို ဆေးဖြန်းတာတွေ လုပ်ပေးခဲ့တဲ့ အုတ်တွင်းမြို့က ရင်ခုန်သံရှင်ရေးကူညီမှုအသင်း တာဝန်ရှိသူက ပြောပါတယ်။

ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တဲ့ ဆရာမတွေနဲ့ကျောင်းသား၊ကျောင်းသူ ၅ယောက်လုံးက ကိုဗစ်ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်၊သုံးကြိမ်၊လေးကြိမ် အထိ ထိုးနှံထားပြီးသူတွေဖြစ်ကြောင်း၊ လက်ရှိမှာလည်း ကိုဗစ်ရောဂါဆိုင်ရာ ရောဂါလက္ခဏာတွေ ခံစားရတာမျိုးမရှိတာကြောင့် ဟုမ်းကွာရန်တင်းထားထားတယ်လို့သိရပါတယ်။

ရောဂါပိုးတွေ့ သူ ၅ ယောက်လုံးရဲ့ မိသားစုဝင်တွေမှာတော့ ကိုဗစ်ရောဂါ ပိုးမတွေ့ရှိရဘူးလို့ သိရပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့က နေပြည်တော်ကုတင် ၁၀၀၀၀ ဆေးရုံမှာ ကိုဗစ်ရောဂါနဲ့သေဆုံးခဲ့တဲ့ ၇ တန်းကျောင်းသူဟာ အုတ်တွင်းမြို့ ကြက်သွန်ခင်း ၂ ရပ်ကွက်မှာနေထိုင်သူဖြစ်ပြီး အထက အုတ်တွင်းကျောင်းမှာတက်ရောက်နေတဲ့ ကျောင်းသူဖြစ်ပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့မှာ ကျောင်းဝန်းအတွင်း ကစားနေစဥ် ရုတ်တရက် သတိလစ်မူးလဲကျပြီး အုတ်တွင်းမြို့ဆေးခန်းမှာပြသရာ မသက်သာသဖြင့် တောင်ငူဆေးရုံကိုပို့ဆောင်ခဲ့ပေမယ့်လည်း မသက်သာတာကြောင့် နေပြည်တော်ကုတင် ၁၀၀၀ ကို ဆက်လက်ပို့ဆောင်ကုသမှုခံခဲ့ပေမယ့် စက်တင်ဘာလ ၆ ရက်နေ့မနက် ၆ နာရီခွဲလောက်မှာသေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #အုတ်တွင်း

Related posts

Leave a Comment

VOM News

FREE
VIEW