ယူကရိန်းအပေါ် ရုရှားရဲ့နျူကလီးယားတိုက်ခိုက်မှုမှန်သမျှ ပြတ်ပြတ်သားသားတုံ့ပြန်မယ်လို့ အမေရိကန် သတိပေး

ဝါရှင်တန်၊ စက်တင်ဘာ-၂၆-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းအပေါ် ရုရှားက နျူကလီယားလက်နက်အသုံးပြုမှုမှန်သမျှကို အမေရိကန်က ပြတ်ပြတ်သားသားတုံ့ပြန်သွားမှာဖြစ်ပြီး ရုရှားအနေနဲ့ ဆိုးရွားတဲ့အကျိူးဆက်တွေနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က စက်တင်ဘာ ၂၅ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် စစ်မှုထမ်းဖို့ဆင့်ခေါ်ခဲ့တဲ့ ရုရှားသမ္မတပူတင်က နျူကလီးယားတိုက်ခိုက်နိုင်ခြေကို ခြိမ်းခြောက်ပြောဆိုပြီးနောက် အမေရိကန်က အခုလို သတိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။ ရုရှားအနေနဲ့ ဒီလုပ်ရပ်ကိုလုပ်ခဲ့မယ်ဆိုရင် ဆိုးရွားတဲ့အကျိုးဆက်တွေနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အမေရိကန်က ပြတ်ပြတ်သားသားတုံ့ပြန်သွားမှာဖြစ်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောပါတယ်။ အဲဒီလိုတုံ့ပြန်သွားမယ့်ကိစ္စအသေးစိတ်အချက်အလက်တွေကို သူကထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် ရုရှားနဲ့ပတ်သက်ပြီး သီးသန့်ထားရှိပြီး တိတိကျကျ အသေးစိတ်တွေရှိတယ်လို့ ဂျိတ်ဆူလီဗန်ကပြောပါတယ်။ ပူတင်ဟာ နျူကလီးယားမပြန့်ပွားရေး တာ၀န်၀တ္တရားတွေကို မထီမဲ့မြင်ပြုပြီး ဥရောပအပေါ် အလွန်အကျူးနျူကလီယားခြိမ်းခြောက်မှုတွေပြုလုပ်နေကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း နယူးယောက်မှာပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောဆိုပါတယ်။ Ref: Reuters Photo: Reuters #voiceofmyanmar #VOM #ဝါရှင်တန်

Read More

ရုရှားရဲ့စစ်မှုထမ်းအမိန့် ဆန့်ကျင်ဆန္ဒပြပွဲတွေအတွင်း လူနှစ်ထောင်ကျော် ဖမ်းဆီးခံထားရ

မော်စကို၊ စက်တင်ဘာ-၂၆-၂၀၂၂ မျိုးဆက်(VOM) ရုရှားစစ်တပ်အတွက် စစ်သားသစ် သုံးသိန်းဆင့်ခေါ်တဲ့ အမိန့်ကိုဆန့်ကျင်မှုအဖြစ် ရုရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေအတွင်း လူနှစ်ထောင်ကျော် ဖမ်းဆီးခံထားရပါတယ်။ စက်တင်ဘာ ၂၅ ရက်ကလည်း Dagestan မှာ ဆန္ဒပြမှုတွေဆက်လက်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့၀င်တွေကို ပဋိပက္ခတွေဖြစ်ပွားခဲ့ကာ လူ ၁၀၀ ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ အလွန်အကျွံဖမ်းဆီးမှုတွေကြောင့် စိုးရိမ်ပူပန်ကြောင်း ရုရှားရှိ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ OVD-Info ကပြောပါတယ်။ မကြာသေးမီရက်တွေအတွင်း ရုရှားနိုင်ငံတ၀န်းရှိ မြို့ကြီးတွေမှာ စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့၀င်တွေအကြား ထိပ်တိုက်ပဋိပက္ခတွေကြောင့် စက်တင်ဘာ ၂၄ တရက်တည်းမှာပင် လူ ၇၀၀ ကျော်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ စစ်သားသစ်စုဆောင်းမယ့်ကိစ္စကြောင့် ရုရှားလူငယ်အမျိုးသားအများအပြားဟာ အိမ်နီးချင်းဖင်လန်နဲ့ ဂျော်ဂျီယာတို့ကို ထွက်ပြေးမှုတွေရှိနေပါတယ်။ ဒါ့အပြင် စစ်မှုထမ်းဖို့ အရည်အချင်းမပြည့်မီသူတွေကိုပါ လူသစ်စုဆောင်းရေးတာ၀န်ရှိသူတွေက စစ်မှုထမ်းဖို့ အမိန့်ထုတ်တာတွေ နိုင်ငံအနှံ့မှာရှိနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။…

Read More

မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပစ်ခတ်ပြီးနောက် အမေရိကန်နဲ့ တောင်ကိုရီးယား ရေတပ်ပူးတွဲစစ်ရေး လေ့ကျင့်မှု စတင်

ဆိုးလ်၊ စက်တင်ဘာ-၂၆-၂၀၂၂ မျိုးဆက်(VOM) စက်တင်ဘာ ၂၅ ရက်မှာ မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှုတွေပြုလုပ်ပြီးနောက်မှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကိုရီးယားကျွန်းဆွယ်အနီးမှာ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၂၆ ရက်မှာ စတင်လိုက်ပါတယ်။ အမေရိကန်ဟာ တောင်ကိုရီးယားရဲ့ အဓိကလုံခြုံရေးမဟာမိတ်ဖြစ်ပြီး နျူကလီးယားပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားရန်မှ ကာကွယ်ပေးဖို့ တောင်ကိုရီးယားမှာ အမေရိကန်တပ်ဖွဲ့၀င် ၂၈၅၀၀ တပ်စွဲထားပါတယ်။ တောင်ကိုရီးယားသမ္မတဟောင်း မွန်ဂျေးအင်လက်ထက်မှာ မြောက်ကိုရီးယားနဲ့ သံတမန်ရေးရာ နှစ်ပေါင်းများစွာ ဆက်ဆံမှုမရှိပြီးနောက် အမေရိကန်နဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို အရှိန်မြှင့်သွားမှာဖြစ်ကြောင်း မေလမှာ သမ္မတဖြစ်လာတဲ့ ယွန်းဆွတ်ခ်ယိုးလ်က ကတိပြုပြောဆိုပါတယ်။ မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို တုံ့ပြန်ဖို့အမေရိကန်နဲ့ တောင်ကိုရီးယားမဟာမိတ်နှစ်နိုင်ငံရဲ့ ပြင်းပြတဲ့ ဆန္ဒကိုပြသဖို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ထားပါတယ်။ တောင်ကိုရီးယားအရှေ့ဘက်ကမ်းရိုးတန်းမှာ လေးရက်ကြာပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုမှာ စစ်သင်္ဘောအစင်း ၂၀ ကျော်နဲ့ လေယာဉ်တွေလည်းပါ၀င်ပြီး စစ်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေကို တိုက်ခိုက်တဲ့စစ်ဆင်ရေး၊…

Read More

ရွာသာကြီးရွာမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး ရွာခံလူ ၃၀ ကျော် ဒဏ်ရာရ ၊ လူနေအိမ် ၅ လုံးထက်မနည်း မီးလောင်

စက်တင်ဘာ ၊ ၂၆ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် ၊ ရွှေဘို မန္တလေး မုံရွာ လမ်းဆုံနေရာမှာရှိတဲ့ ရွာသာကြီးကျေးရွာမှာ မနေ့ စက်တင်ဘာ ၂၅ ရက် မနက်အစောပိုင်းက ထိတွေ့ ပစ်ခတ်တာတွေဖြစ်ပွားတဲ့အတွက် ရွာခံလူ ၃၀ ဝန်းကျင် ဒဏ်ရာရပြီး ရွာထဲက လူနေအိမ် ၅ လုံးထက်မနည်း မီးလောင်ခဲ့တယ်လို့ ရွာသာကြီးရွာခံတွေဆီက သိရပါတယ်။ ” မနေ့က မနက်ပိုင်း ၅ နာရီဝန်းကျင်မှာ ရွာထဲကို စစ်ကြောင်းဝင်လာတယ် ၊ အမည်မသိလက်နက်ကိုင်ထားတဲ့လူတွေနဲ့ ပစ်ကြတယ် ၊ ရွာထဲက လူ ၃၀ ဝန်းကျင်ဒဏ်ရာရပြီး ပိတ်မိနေတယ် ၊ အိမ်မွေးတိရစ္ဆာန်တွေလည်း ထိခိုက်သေဆုံးတယ် ၊ လတ်တလောကတော့ နွား၂ ကောင်သေတယ် ၊…

Read More

နောင်ချိုမှာ စစ်ကားနဲ့ ရဲမေမိသားစု စီးလာတဲ့ကား တိုက်မိပြီး ရဲမေနဲ့ ယာဥ်မောင်းပွဲချင်းပြီးသေဆုံး ၊ကလေး၂ဦးနဲ့ အမျိုးသမီးတဦးလည်း ဒဏ်ရာရ

စက်တင်ဘာ ၂၅-၂၀၂၂ VOM (GG) ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမပေါ် က ဘန့်ဘွေးကျေးရွာနားမှာ မနေ့က စက်တင်ဘာ၂၄ ရက်နေ့က စစ်ကားနဲ့ ရဲမေလင်မယားစီးလာတဲ့ အိမ်စီးကား မျက်နာချင်းဆိုင် တိုက်မိပြီး ရဲမေ နဲ့ ယာဥ်မောင်း သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ” ရဲမေမိသားစုမှာ ရဲမေက ပွဲချင်းပြီးသေသွားတယ်။ နောက်ပြီး ယာဥ်မောင်းသူလည်းသေတယ်။ မနေ့က ညနေ ၃ နာရီလောက်မှာဖြစ်တာပါ”လို့ နောင်ချိုဒေသခံပရဟိတသမားတဦးကပြောပါတယ်။ စစ်ကားနဲ့ ရဲမေ အိမ်စီးကာတိုက်မှုမှာ ရဲမေနဲ့ ယာဥ်မောင်း သေဆုံးခဲ့တဲ့အပြင် ကားပေါ်ပါ ကလေးငယ်၂ဦးနဲ့ အမျိုးသမီး ၁ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့လို့ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ ယာဥ်တိုက်မှုမှာ သေဆုံးခဲ့တဲ့ ရဲမေကတော့ ကျောက်မဲမြို့နယ်ရဲစခန်းက ရဲမေ နှင်းဝတ်ရည်(ခ)ဝတ်ရည်ဆိုသူဖြစ်ပြီး ရဲလေ့ကျင့်ရေးသင်တန်းကျောင်း ရ.လ.က ၁၊ အမှတ်စဥ် ၃၂ သင်တန်းဆင်းတပ်ခွဲမှ ရဲမေတဦးဖြစ်တယ်လို့လည်း…

Read More

အုတ်တွင်းမှာ မိုးကြိုးပစ်မှုဖြစ်ပွားပြီး ၁၄ နှစ်အရွယ်ကလေးသေဆုံး၊ ကလေး ၂ယောက်လည်းဒဏ်ရာရ

စက်တင်ဘာ ၂၅-၂၀၂၂ VOM (GG) ပဲခူးတိုင်း ၊အုတ်တွင်းမြို့နယ်၊ ငှက်ပျောတောကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာ အနီးက လယ်ကွင်းထဲမှာ မနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ကမိုးကြိုးပစ်ခံရပြီး ကလေး တယောက်သေဆုံးကာ ကလေး၂ယောက် မိုးကြိုးစက်ကွင်းမိ ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ မိုးကြိုးပစ်ခံရပြီးသေဆုံးသူဟာ အသက် ၁၄ နှစ်အရွယ် ယောကျ်ားလေးဖြစ်ပြီး ကျန်ဒဏ်ရာရရှိတဲ့ ကလေး ၂ယာက်ကတော့ အသက် ၁၃ နှစ်အရွယ်တွေဖြစ်ပြီး အဲ့ဒီအထဲမှာ မသန်စွမ်းကလေးတယောက်ပါဝင်တယ်လို့သိရပါတယ်။ ” မနေ့က နေ့လယ် ၃ နာရီ ၄၀ လောက်မှာဖြစ်တာ။လယ်ထဲမြက်ရိတ်နေချိန် မိုးကြိုးပစ်ခံရတာ တယောက်က နေရာမှာပွဲချင်းပြီးသေတယ်၊အလောင်းကလည်း အိမ်မှာပဲပြင်ထားတယ်၊နောက်တယောက်ကဒဏ်ရာရလို့ ဆေးကုနေပေမယ့် အသက်အန္တရာယ်တော့မစိုးရိမ်ရဘူး”လို့ အုတ်တွင်းမြို့နယ် ဒေသခံ ပရဟိတသမားတဦးကပြောပါတယ်။ ဒဏ်ရာရသူကလေး၂ယောက်ထဲက တယောက်ကို ကျဲပွဲတိုက်နယ်ဆေးရုံမှာဆေးကုသမှုပေးနေပြီး နောက်တယောက်ဖြစ်တဲ့ မသန်စွမ်းကလေးငယ်ကတော့ ဒဏ်ရာမစိုးရိမ်ရတာကြောင့် နေအိမ်မှာပဲ လို့သိရပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနကတော့ သဘာဝဘေးအန္တရာယ်ကြောင့် မိုးကြိုးထိမှန်…

Read More

သမ္မာအာဇီ၀ လာပါပြီ ခင်ဗျ…

=============== ဆူးငှက် ‘ တစ်နှစ်ခါတွင် ကြုံလာပေ၊ ယခုထက်ထိ သတိရနေ..၊ ကြယ်စုံစမ်းငွေ။ မီးရောင်စုံထိန်ထိန်ဝေ….၊ မြူးကွန့်လို့ ညွန့်သမျှတွေ..၊ မြို့မသံသာညင်းပြေ။ ဧည့်ခံမှာတာဝန်ကျေ၊ အသည်းမှာ စိမ့်ငြိမ့်ငြိမ့်ပြေ…၊လုံခင်နုဆွေ၊ တေးတျာသံ ညင်သာပေ၊ လှိုင်းအိထက်စီးသို့ပေ..၊ မြို့မ စေတနာဖြိုးဝ…..။’ ကျွန်တော့်မိတ်ဆွေသည် ဖန်ဆိမ့်လက်ဖက်ရည်ကိုခပ်ဖြည်းဖြည်းတစ်ငုံချင်းသောက်ကာ သီချင်းကိုအရသာခံ နားထောင်နေ၏။ဆေးပေါ့လိပ်ကြီးကိုလည်း ရှိုက်ကာ ရှိုက်ကာ ဖွာရင်း ပြာတောင့်တွေခါပြီးချွေချနေသည်။ ဆေးလိပ်ပြာမှုန့်တွေက စားပွဲပေါ်၊ သူ့လုံချည်ပေါ်သာမက လက်ဖက်ရည် ခွက်ထဲသို့ပါ ကျနေသည်။ သူသည် လက်ဖက်ရည်သာက်သောအခါ ထိုပြာမှုန့်များကို မဖယ်ဘဲသောက်လိမ့်မည်။ ဤသို့ဖြင့်နှင့် အဖန်ခြောက်ဆီ ဝေ့တက်ကာ အေးစက်နေသော လက်ဖက်ရည်တစ်ခွက်ကို ဟောသည် သီချင်းတိပ်ခွေတစ်ခွေဆုံးသည်အထိနားထောင်ရင်း အရသာခံပေတော့သည်။ သေချာသည်မှာ သည်ကနေ့ မိတ်ဆွေသည် ဆောင်းဝင်းလတ်ဝတ္ထုတိုတွေအကြောင်း ပြောမှာမဟုတ်တော့။ အသစ်ထွက် မြို့မဧည့်ခံတေးသီချင်းအကြောင်းကိုပဲ တဖွဲ့တနွဲ့ပြောပေလိမ့်မည်။ ကျွန်တော်လည်း သူနှင့်တန်းမီလမ်းမီ ပြောနိုင်ဖို့ ခေါင်းထဲစီကာစဉ်ကာ ပြင်ဆင်ထားရ၏။ ဤသို့…

Read More
VOM News

FREE
VIEW