အာဖဂန်နစ္စတန်မှာ ပုဂ္ဂလိကစာသင်ကျောင်းကို အသေခံဗုံးခွဲတိုက်ခိုက်မှု လူ ၁၉ ဦးသေဆုံး

ကဘူးလ်၊ စက်တင်ဘာ-၃၀-၂၀၂၂
မျိုးဆက်(VOM)

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်ရှိ ပုဂ္ဂလိကကျောင်းတခုကျောင်မှာ စက်တင်ဘာ ၃၀ ရက်ကဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၁၉ ဦးထက်မနည်းသေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။

ဗုံးခွဲတိုက်ခိုက်မှုဟာ ကဘူးလ်မြို့အနောက်ဘက်မှာ ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ ကျောင်းသား ကျောင်းသူတွေဟာ တက္ကသိုလ်စာမေးပွဲ အစမ်းဖြေဆိုမှုပြုလုပ်နေချိန်ဖြစ်ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

အဲဒီဒေသမှာ နေထိုင်ကြသူအများစုဟာ ယခင်ကတိုက်ခိုက်မှုတွေမှာ ပစ်မှတ်ထားခံခဲ့ရတဲ့ ဟာဇာရာလူမျိုးစုတွေဖြစ်ကြပြီး ၎င်းတို့သည် အာဖဂန်နစ္စတန်၏ တတိယအကြီးဆုံးလူမျိုးစုပါတယ်။

တိုက်ခိုက်ခံရသော ပုဂ္ဂလိက စာသင်ကျောင်း အမျိုးသားတွေအပြင် အမျိုးသမီးတွေကိုပါ သင်ကြားပေးနေတဲ့ စာသင်ကျောင်းဖြစ်ပြီး ဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေဟာ မိန်းကလေးအများစုဖြစ်ပါတယ်။

အာဖဂန်နစ္စတန်မှာ လွန်ခဲ့တဲ့နှစ်သြဂုတ်လမှစပြီး တာလီဘန်တွေအာဏာရချိန်မှစပြီး နိုင်ငံတွင်းရှိ အမျိုးသမီးစာသင်ကျောင်းအများစုကို ပိတ်ထားခဲ့ရပေမယ့်လည်း အချို့သောပုဂ္ဂလိက စာသင်ကျောင်းတွေကတော့ ဖွင့်လှစ်ထားပါတယ်။

အသေခံဗုံးခွဲတိုက်ခိုက်မှုကိုဘယ်အဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုဟာ လူမဆန်မှုနဲ့ ကိုယ့်ကျင့်တရား စံနှုန်းတွေကင်းမဲ့ခြင်းဖြစ်ကြောင်း အာဖဂန်ပြည်ထဲရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ကဘူးလ်

Related posts

Leave a Comment

VOM News

FREE
VIEW