တာကော်တံတားဂိတ်မှာ ပစ္စတိုသေနတ် အလက် ၃၀ နဲ့ RPG ဗုံးသီးတွေ ပိုင်ရှင်မဲ့ ဖမ်းမိ

စက်တင်ဘာ ၃၀ ၊ ၂၀၂၂
SP( VOM)

ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြိုနဲ့ မိုင်းပျဥ်းမြိုကြားရှိ တာကော်တံတားမှာ မနေ့ စက်တင်ဘာ ၂၉ ရက်၊ နေ့လယ်ပိုင်းက သေနတ်တွေ၊ ကျည်ဆံတွေနဲ့ RPG ဗုံးသီးတွေ ဖမ်းမိတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

” စစ်ဆေး‌ရေးဂိတ် တာကော်တံတားမှာ ကားတစ်စီးပေါ်ကနေ ပစ္စတိုသေနတ် အလက် (၃၀)နဲ့ RPG ဗုံးသီးတွေ ဖမ်းမိပြီး ယာဉ်မောင်း ထွက်ပြေးလွတ်မြောက်သွားတယ် ၊ ပိုင်ရှင်မဲ့ ဖမ်းမိတာ ” လို့ အဲ့ဒီ တာကော်တံတားဂိတ်မှာ အစစ်ဆေးခံခဲ့ရတဲ့ မျက်မြင် ကားသမား တယောက်က ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ လက်နက်တွေဟာ တာချီလိတ်မြိုကနေတဆင့် သယ်ဆောင်လာတာဖြစ်ပြီး ဖမ်းမိတဲ့အသေးစိတ်အချက်လက်ကိုတော့ မသိရှိရသေးပါဘူး။

မနေ့ မနက်အစောပိုင်းကလည်း မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းကြားက တံတားဂိတ်တခုမှာ NISSAN Cedric ကား တစ်စီးပေါ်မှာ သိုလ်ဝှက် သယ်ဆောင်လာတဲ့ PANZER ARMS GEN 2 BP-12 သေနတ် (၄)လက် ၊ ပြောင်းရှည် (၁)လက် ၊ GLOCK ပစ္စတို သေနတ် (၂)လက် ၊ ပွိုင်-၃၂ ပစ္စတိုသေနတ် (၁)လက် ၊ SIGSAUER ပစ္စတိုသေနတ် (၂) လက် ၊ ကျည်အိမ်မျိုးစုံ (၂၇)ခုကျည်ဆံ (၁၅၀)တောင့်၊ သေနတ်ဒင် (၁)ခု နဲ့ Saloon ကား (၁)စီး နဲ့အတူ လက်နက်ခဲယမ်းတွေကို သယ်ယူလာတဲ့ လူ ၂ ဦးကို ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့က ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် လားရှိုး မန္တလေး ပြည်ထောင်စု လမ်းမကြီးပေါ်မှာ SIG SAUER ပစ္စတိုသေနတ် (၂)လက် ၊ BERTTA ပစ္စတိုသေနတ် (၁)လက် ၊ GLOCK ပစ္စတို သေနတ် (၅)လက် ၊ ပွိုင့်-22 သေနတ် (၃)လက် ၊ ကျည်ဆံ (၅၃၀၀)တောင့် ၊ အသံတိတ်ပြောင်း (၅)ခု နဲ့ ကျည်အိမ် (၆)ခု ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

” မနေ့က လက်နက်တွေ ဖမ်းမိတာတွေရှိသလို လုံခြုံရေး အဖွဲ့တွေဆီက လုယက်ခံရတာတွေလည်း ရှိတယ် ” လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့နီးစပ်သူ တ​ယောက်က ပြောပါတယ်။

မနေ့က မနက်ပိုင်းမှာ မန္တလေးတိုင်း ၊ အမရပူရမြို့နယ် ၊ မြစ်ငယ်တံတားနားမှာ ရဲအချုပ်ကားတစ်စီပေါ်ကနေ အချုပ်သား တချို့က အစောင့်ရဲဆီက သေနတ်လုယူ ထွက်ပြေးတဲ့ ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #လက်နက်တွေဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW