စက်တင်ဘာ ၃-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ကလေးမြို့ တောင်ပိုင်း ၊ သာစည်ကျေးရွာ ၊ ကလေး-ဂန့်ဂေါကားလမ်းမှာရှိတဲ့ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ခံ လူငယ်ဖွံ့ဖြိုးရေး မိဘမဲ့ ပရဟိတကျောင်းက ကျောင်းအုပ်ကြီး (ဂေဟာမှူး) ဖြစ်သူ အသတ်ခံထားရတဲ့ ရုပ်အလောင်းကို မနေ့ စက်တင်ဘာ ၂ ရက် နေ့လယ်ပိုင်းက ဒေသခံလူမှုကူညီရေးအဖွဲ့တွေက တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ” ဂေဟာမှူးဖြစ်သူ ဦးကြာတင့် (ခေါ်) ဘလေးစံ ဆိုတဲ့သူ ကျောင်းဝန်းထဲမှာ အသတ်ခံရတာပါ ၊ ရက်ကကြာပြီဖြစ်မယ် ၊ အလောင်းက ပုတ်ပွစပြုနေပြီ ၊ မနေ့က နေ့လယ်ပိုင်း ၁ နာရီလောက်မှာ အနံ့ရလို့ သွားကြည့်တော့မှ အလောင်းတွေ့ရတာ “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး ကလေးမြို့နယ်လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က” ဘစံ…
Read MoreMonth: September 2022
ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ လက်နက်တွေ ထိုင်၀မ်ကို အမေရိကန်ရောင်းချမယ်
ဝါရှင်တန်၊ စက်တင်ဘာ-၃-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်ဟာ ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ လက်နက်တွေ ထိုင်၀မ်ကိုရောင်းချဖို့ စက်တင်ဘာ ၂ ရက်မှာ သဘောတူလိုက်ပါတယ်။ အဲဒီရောင်းချမှုမှာ ကျူးကျော်တိုက်ခိုက်မှုတွေကို ခြေရာခံဖို့ရေဒါစနစ်နဲ့ သင်္ဘောဖျက်ဒုံးကျည်၊ ဝေဟင်ပစ်ဒုံးကျည်တွေပါ၀င်ပြီး ကွန်ဂရက်မှာ မဲခွဲဆုံးဖြတ်ဖို့ လိုအပ်နေပါသေးတယ်။ ၂၅ နှစ်တာကာလအတွင်း အမေရိကန်ရဲ့အဆင့်မြင့်ထိပ်တန်းတာ၀န်ရှိသူတစ်ဦးဖြစ်သူ အမေရိကန် အောက်လွှတ်တော် ဥက္ကဌ နန်စီပလိုစီ ထိုင်၀မ်သို့ သွားရောက်ပြီးနောက်မှာ လက်နက်ရောင်းချမှုကို အမေရိကန်က သဘောတူလိုက်တာဖြစ်ပါတယ်။ ဒီကိစ္စအပေါ် တရုတ်နိုင်ငံက ကန့်ကွက်ထားပြီး လက်နက်ရောင်းချဖို့သဘောတူညီချက်ကို ရုပ်သိမ်းဖို့နဲ့ ဒီလိုမှမဟုတ်ရင် နောက်ဆက်တွဲအကျိုးဆက်တွေ ရင်ဆိုင်ရမယ်လို့ သတိပေးထားပါတယ်။ အဲဒီသဘောတူညီချက်ဟာ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးကို ဆိုးရွားစွာထိခိုက်စေလိမ့်မယ်လို့ တရုတ်နိုင်ငံဘက်က ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM #ဝါရှင်တန်
Read Moreဗြိတိန်သံမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူပန်းချီထိန်လင်း အလုပ်ကြမ်းနဲ့ ထောင် ၁နှစ်စီ ချမှတ်ခံရ
စက်တင်ဘာ ၂-၂၀၂၂ VOM (GG) မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူပန်းချီထိန်လင်းတို့ကို ဖမ်းဆီးပြီး ၁၀ ရက်အကြာမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ဒီကနေ့ စက်တင်ဘာလ ၂ ရက်နေ့မှာ အင်းစိန်ထောင်အထူးတရားရုံးကနေ လဝကအက်ဥပဒေနဲ့ အမိန့်ချမှတ်လိုက်တာဖြစ််တယ်လို့ သိရပါတယ်။ ” ဒီနေ့ အမိန့်ချတယ်။အလုပ်နဲ့ထောင် ၁ နှစ်စီပါ။ မနေ့က အကျဥ်းရုံးစစ်ဆေးမှုလုပ်ပြီး ဒီနေ့အမိန့်ချလိုက်တာ ။လောလောဆယ် ဒီလောက်ပဲသိရသေးတယ်။အသေးစိတ်တော့ မရသေးဘူး”လို့ တရားလွှတ်တော်ရှေ့နေတဦးကပြောပါတယ်။ ဗြိတိန်သံမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ခင်ပွန်းဖြစ်သူ ကိုထိန်လင်းတို့ကို ပြီးခဲ့တဲ့ဩဂုတ်၂၄ ရက်နေ့မှာ ရန်ကုန်၊စမ်းချောင်းမြို့နယ်က နေအိမ်မှာ ဖမ်းဆီးကာ လဝကအက်ဥပဒေပုဒ်မ ၁၃ (၁)၊ ၁၃ (၅) နဲ့ တရားစွဲ ဆိုခဲ့တာဖြစ်ပါတယ်။ ဗစ်ကီဘိုးမန်းဟာ ဗီဇာ နေခွင့်သက်တမ်းချပေးထားတဲ့ စမ်းချောင်းမြို့နယ်မှာ မနေဘဲ ကလောမြို့က ဦးထိန်လင်းအိမ်မှာ သွားရောက်နေထိုင်ခဲ့တဲ့အပေါ်…
Read Moreကျုံပျော်မှာ လောင်းကစားဝိုင်းတွေကို တရားဝင်ပုံစံပေါ်ပေါ်တင်တင်လုပ်နေတယ်လို့ ဒေသခံတွေပြော
စက်တင်ဘာ၊ ၁-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်က၊ ဆင်နှစ်ကောင်ကျေးရွာမှာ လောင်းကစားဝိုင်းတွေကို ငွေကြေးပြည့်စုံတဲ့ သူတဦးက ဦးဆောင်ပြီးတော့ ပြီးခဲ့တဲ့ သြဂုတ်လ ပထမ အပတ်ကနေစတင်ကာ တရားဝင်ပုံစံ ပေါ်ပေါ်တင်တင် လုပ်နေကြတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတွေဆီက နေသိရပါတယ်။ ”ဖွင့်ထားတာ တော်တော်လေးကိုကြာနေပြီ အခုဆို တလကျော်ပြီ ၊ ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူတွေဆီ လောင်းကစားဝိုင်း တစ်ခုကို ငွေကျပ် ၁သိန်းပေးလုပ် တာဆိုပြီး ဂျင် လောင်းကစားဝိုင်း ၂၀ နီးပါးဖွင့်ထားတာ ၊ သွားဆော့တဲ့သူတွေကလည်း ကြိတ်ကြိတ်တိုးလို့တအားစည်ကားတာပဲ ၊အဲ့ဒီငွေကြေးပြည့်စုံသူက ဒီလောင်းကစားဝိုင်းတွေဖွင့်ရင် အကောက်ရတယ် ဈေးရောင်းရတယ်လေ၊ အခုရွာမှာက ဘယ်တုန်းကမှမရှိတဲ့ လောင်းကစားကို ပေါ်ပေါိတင်တင်တရားဝင်ပုံစံ လုပ်နေတာ။”လို့ အမည်မဖော်လိုတဲ့ ဒေသခံတဦးကပြောပါတယ်။ လောင်းကစားဝိုင်းတွေ ပြုလုပ်လာတဲ့ကာလအတွင်း ထိုးသားတဦး နဲ့ ဒိုင်တဦး ဓားနဲ့ထိုးတဲ့အထိ ပြဿနာတွေဖြစ်ပွားတာရှိခဲ့ပြီး ခိုးလုယက်မှု နဲ့မိသားစုအတွင်း ပြဿနာတွေ၊…
Read Moreအာဂျင်တီးနား ဒုသမ္မတ သေနတ်သမားရဲ့လုပ်ကြံသတ်ဖြတ်မှုမှ လက်မတင်လေး လွတ်မြောက်
ဗျူနိုအေရိစ်၊ စက်တင်ဘာ-၂-၂၀၂၂ မျိုးဆက်(VOM) အာဂျင်တီးနား ဒုတိယသမ္မတ Cristina Fernandez de Kirchner ဟာ သေနတ်သမားတဦးက ပစ်ခတ်လုပ်ကြုံဖို့ ကြိုးစားချိန်မှာ သေနတ်ကျည်မထွက်တာကြောင့် လုပ်ကြံသတ်ဖြတ်မှုကနေ လက်မတင်လေး လွတ်မြောက်သွားပါတယ်။ သူ့ရဲ့ ခေါင်းကို လူတဦးက သေနတ်နဲ့ချိန်ရွယ်ပစ်ခတ်ဖို့ ကြိုးစားစဉ်မှာ ဒုတိယသမ္မတဟာ နေအိမ်ပြင်ပမှာ ရောက်ရှိနေတဲ့ ထောက်ခံသူတွေကို နှုတ်ဆက်နေခဲ့ပါတယ်။ သေနတ်ထဲမှာ ကျည်ငါးတောင့်ပါပေမယ့် ပစ်ခတ်ချိန်မှာ သေနတ်ထဲက ကျည်မထွက်ဖြစ်ခဲ့ပြီး သေနတ်သမားဟာ အသက် ၃၅ နှစ်အရွယ် ဘရာဇီးနိုင်ငံသားဖြစ်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ လက်ရှိမှာတော့ ဒီလိုလုပ်ကြံဖို့ကြိုးစားရတဲ့ ရည်ရွယ်ချက်ကို စုံစမ်းစစ်ဆေးနေပါတယ်။ ဒီဖြစ်ရပ်ဟာ အာဂျင်တီးနားနိုင်ငံဟာ ၁၉၈၃ ခုနှစ်မှာ ဒီမိုကရေစီပြန်လည်ကျင့်သုံးပြီးနောက်ပိုင်း အဆိုးရွားဆုံး လုပ်ရပ်ဖြစ်တယ်လို့ သမ္မတ Alberto Fernandez ကပြောပါတယ်။ ဒုတိယသမ္မတဖြစ်သူ Cristina Fernandez de Kirchner ဟာ…
Read Moreဒေါ်အောင်ဆန်းစုကြည်နဲ့ ဦး၀င်းမြင့်တို့ ထောင် ၃ နှစ် ထပ်မံချမှတ်ခံရ
စက်တင်ဘာ ၂-၂၀၂၂ Voice Of Myanmar(VOM) ဒေါ်အောင်ဆန်းစုကြည်၊ ဦး၀င်းမြင့်နဲ့ ဦးမင်းသူတို့ကို ဒီကနေ့မနက်ပိုင်းမှာ ထောင်ဒဏ် ၃နှစ်စီချမှတ်ခံလိုက်ရတယ်လို့ နေပြည်တော်ရှေ့နေအသိုင်းအဝိုင်းကနေ သိရပါတယ်။ နေပြည်တော်ထောင်တွင်းအထူးတရားရုံးကနေ ဒီကနေ့မနက်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံးတယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က)နဲ့ တရားစွဲဆိုထားတဲ့အမှုကို ထောင်၃နှစ်စီ အမိန့်ချလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်က ထောင်ဒဏ် ၁၇နှစ် ချမှတ်ခံထားရတာဖြစ်ပြီး အခု အမှုနဲ့ဆိုရင် ထောင်ဒဏ် အနှစ် ၂၀ချမှတ်ခံထားရပြီဖြစ်သလို နောက်ထပ် အမှု ၈မှုကို ဆက်လက်ရင်ဆိုင်ရအုံးမှာဖြစ်ပါတယ်။ သမ္မတဦးဝင်းမြင့်ကတော့ အရင်က ထောင်ဒဏ် ၂နှစ်ချမှတ်ခံထားရပြီး အခု အမှုနဲ့ဆိုရက် ထောင်ဒဏ် ၅နှစ် ချမှတ်ခံထားရသလို နောက်ထပ် ဒေါ်အောင်ဆန်းစုကြည်စုကြည်နဲ့အတူ အဂတ်ိအမှု ၅မှုကို ဆက်လက်ရင်ဆိုင်ရအုံးမှာ ဖြစ်တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #ဒေါ်အောင်ဆန်းစုကြည် #ဦးဝင်းမြင့် #ဦးမင်းသူ #ထောင်၃နှစ်ချခံရ
Read Moreကိုဗစ်ကူးစက်မှုတွေကြောင့် တရုတ်နိုင်ငံ ချန်ဒူးမြို့က လူ ၂၁ သန်းကို လော့ခ်ဒေါင်းချ
ပေကျင်း၊ စက်တင်ဘာ-၂-၂၀၂၂ မျိုးဆက်(VOM) ကိုဗစ် လုံး၀ကူးစက်မှုမရှိစေရေး မူဝါဒကို ဆက်လက်ကျင့်သုံးနေတဲ့ တရုတ်နိုင်ငံမှာ ရောဂါကူးစက်မှုတွေမြင့်တက်လာတာကြောင့် ချန်ဒူးမြို့ကို လော့ခ်ဒေါင်းချလိုက်ပါတယ်။ မြို့နေလူ ၂၁ သန်းကို နေအိမ်တွေမှာသာ နေထိုင်ကြဖို့ အမိန့်ထုတ်ထားပြီး မရှိမဖြစ်ကုန်ပစ္စည်းတွေ ၀ယ်ယူုဖို့ တအိမ်တယောက်သာ နေအိမ်ထွက်ခွင့်ပြုထားပါတယ်။ စက်တင်ဘာ ၁ ရက်မှာတော့ မြို့မှာ ရောဂါလက္ခဏာမပြတဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အပါအ၀င် ကူးစက်မှုသစ် ၁၅၇ ခုထိရှိခဲ့ပါတယ်။ မြို့ခံတွေကို လာမယ့်ရက်အနည်းငယ်အတွင်းမှာ စစ်ဆေးမှုတွေပြုလုပ်မှာဖြစ်ပေမယ့် လော့ခ်ဒေါင်းကန့်သက်ချက်တွေ ဘယ်အချိန်မှာ ရုပ်သိမ်းမလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ လက်ရှိမှာတော့ စီချွှန်ပြည်နယ်ရဲ့ မြို့တော် ချန်ဒူးကို ၀င်ထွက်သွားလာမှုတွေ ကန့်သတ်ထားပြီး စာသင်ကျောင်းတွေ ပိတ်ထားကာ လေယာဉ်ခရီးစဉ်တွေကိုလည်း ရပ်ဆိုင်းထားကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ Ref\; BBC Photo:Getty Images #voiceofmyanmar #VOM #ပေကျင်း
Read Moreလှိုင်းဘွဲ့မြို့နယ်မှာ ရွှေဆိုင်၂ဆိုင်ဓားပြတိုက်ခံရပြီး သိန်း ၆၀၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းနဲ့ငွေသားတွေပါသွား
စက်တင်ဘာ ၁-၂၀၂၂ VOM (GG) ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းရွာ၊ မြို့မရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမှာဖွင့်ထားတဲ့ ထွန်း ရွှေဆိုင်နဲ့ သရဖူ ရွှေဆိုင် ၂ဆိုင် ဓားပြတိုက်ခံရပြီး ငွေ သိန်း ၆၀၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းတွေ လုယက်ယူဆောင်သွားမှု မနေ့ ဩဂုတ် ၃၁ ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနေ့က မနက် ၉ နာရီကျော်လောက်မှာ သေနတ်ကိုင်ထားတဲ့လူတွေရောက်လာပြီး သေနတ်ပစ်ဖောက်ကာ ဆိုင်အတွင်းရှိ ရွှေထည့်ထားတဲ့မှန်ဘောင်ကိုရိုက်ခွဲကာ ရွှေထည်ပစ္စည်းနဲ့ ဆိုင်ရှိငွေသားအချို့ပါယူဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။ ” သေနတ်သံကြားတော့ အားလုံးဘုန်းကြီးကျောင်းထဲဝင်ပြေးကြတာပဲ၊ ကျွန်တော်လည်း ဝင်ပြေးတာ ဘုန်းကြီးကျောင်းထဲ၊ ဆိုင်တောင်မပိတ်ခဲ့ဘူး။ သေနတ်ပစ်သံတွေကတော့ အချက်ရေများတယ် ။ ရွှေဆိုင်၂ခု ကနေ ရွှေ ၂၀သားလောက်ပါသွားတယ်ကြားတယ်။ လူထိခိုက်တာမျိုးတော့မကြားမိဘူး ” လို့ ဒေသခံတဦးကပြောပါတယ်။ ဓားပြတိုက်သူတွေဟာ ဆိပ်ကမ်းကနေ စက်လှေနဲ့ရောက်လာပြီး ရွှေဆိုင်တွေကိုသေနတ်ပစ်ဖောက်…
Read Moreသန်လျင်မြို့နယ်မှာ စစ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ဗိုလ်ကြီးတဦးအပါအဝင် (၇)ဦး သေဆုံး
စက်တင်ဘာ ၁၊၂၀၂၂ KK(VOM) ရန်ကုန်မြို့၊ သန်လျင်မြို့နယ်၊ စစ်ပင်ကွင်းကျေးရွာမှာ မနေ့ သြဂုတ် ၃၁ရက် ညပိုင်းက စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ဗိုလ်ကြီးတဦးအပါအ၀င် (၇)ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ စစ်ပင်ကွင်းကျေးရွာမှာ မနေ့ည ကိုးနာရီခွဲက တာဝန်ကျနေတဲ့ စစ်သားအချင်းချင်း စကားများရန်ဖြစ်ပြီးနောက် ပစ်ခတ်သံတွေကြားခဲ့ရတယ်လို့ ကျေးရွာနေသူတဦးက ပြောပါတယ်။ “ဆယ်နာရီလောက်မှာ သေနတ်သံတွေကြားတာ အချက်နှစ်ဆယ်ကျော်လောက်ရှိတယ်၊ ပြီးတော့လူနာတင်ယာဥ်တွေရောက်လာတယ်၊ မနက်မှ စစ်သားတွေသေတယ်ဆိုတာကြားတာ”လို့ ရှင်းပြပါတယ်။ တာဝန်ကျစစ်သားအချင်းချင်း စကားများရန်ဖြစ်ပြီးနောက် တပ်သားနှစ်ဦးက ပစ်ခတ်ခဲ့လို့ ဗိုလ်ကြီးအပါအဝင်(၇)ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ စစ်တပ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။ “ကျနော်ကြားတာ ဗိုလ်ကြီးနဲ့တပ်သားခြောက်ဦး သေတယ်၊ တပ်မိသားစုဝင် အမျိုးသမီးနှစ်ဦး ဒဏ်ရာရတယ်ကြားတယ်၊ ဒဏ်ရာရရတဲ့သူတွေရော သေတဲ့သူတွေပါ မင်္ဂလာဒုံစစ်ဆေးရုံမှာပါ”လို့ ပြောပါတယ်။ သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ တပ်သားနှစ်ဦးအနက် တဦးမှာ လက်နက်ခဲယမ်းတွေနဲ့ထွက်ပြေးတိမ်းရှောင်နေတယ်လို့လည်း စစ်တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။ လက်တလော သန်လျင်တံတားကိုပိတ်ဆို့ကာ ကားတွေနဲ့လူတွေကို စစ်ဆေးနေတဲ့အပြင်…
Read Moreရင်ဖွင့်သံ
မန္တလေးခရိုင် တရားရုံးတော်အား ခရိုင် ၃ရုံးပေါင်းပြီးသောအခါ မည်သည့်ရှေ့နေမျှ ရုံးအဝန်းအဝိုင်းထဲ ဖုန်းများယူဆောင်ခွင့် မပြုတော့ပါ။ တရားခွင်ထဲ ဖုန်းယူဆောင်ခြင်း မပြုသည်ကိုလက်ခံပါသည်။ သို့ရာတွင် တရားရုံးဝန်းအတွင်း မယူရဆိုလျှင် တရားရေး၊ဥပဒေဝန်ထမ်းများ၊ရဲများလည်း မယူဆောင်ပါနဲ့ ဘာလို့လဲဆိုက ရှေ့နေဆိုသည်ကလည်း တရားရေးအရာရှိပါဘဲ အဆင့်အတန်းခွဲခြားခွင့်ကို နိုင်ငံတော်စီမံ အုပ်ချူပ်ရေးကောင်စီက ပေးမထားပါဘူး။ ယခု ကိစ္စကို မည်သည့် ခရိုင်တရားရေး အရာရှိက သတ်မှတ်လိုက်ပါသလဲ? တိုင်းဒေသကြီးတရားလွှတ်တော်နှင့် မန္တလေးရှေ့နေကြီးအသင်းက ကူညီဆောင်ရွက်မှုမရှိပါ။ သို့ဖြစ်ပါ၍ တရားရုံးဝန်းထဲဖုန်းယူခွင့်မရှိလျှင် သေရေးရှင်ရေး သာရေးနာရေးနှင့် အမှုများစစ်ဆေးရန် အမှု့မြန်ဆန်ရေး အတွက် အထောက်အကူမရှိကြောင်း မန္တလေးရှေ့နေများမှ အော်ဟစ်အကူအညီတောင်းခံနေကြပါသည်။
Read More