ကိုဗစ်ကူးစက်မှုတွေကြောင့် တရုတ်နိုင်ငံ ချန်ဒူးမြို့က လူ ၂၁ သန်းကို လော့ခ်ဒေါင်းချ

ပေကျင်း၊ စက်တင်ဘာ-၂-၂၀၂၂
မျိုးဆက်(VOM)

ကိုဗစ် လုံး၀ကူးစက်မှုမရှိစေရေး မူဝါဒကို ဆက်လက်ကျင့်သုံးနေတဲ့ တရုတ်နိုင်ငံမှာ ရောဂါကူးစက်မှုတွေမြင့်တက်လာတာကြောင့် ချန်ဒူးမြို့ကို လော့ခ်ဒေါင်းချလိုက်ပါတယ်။

မြို့နေလူ ၂၁ သန်းကို နေအိမ်တွေမှာသာ နေထိုင်ကြဖို့ အမိန့်ထုတ်ထားပြီး မရှိမဖြစ်ကုန်ပစ္စည်းတွေ ၀ယ်ယူုဖို့ တအိမ်တယောက်သာ နေအိမ်ထွက်ခွင့်ပြုထားပါတယ်။

စက်တင်ဘာ ၁ ရက်မှာတော့ မြို့မှာ ရောဂါလက္ခဏာမပြတဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အပါအ၀င် ကူးစက်မှုသစ် ၁၅၇ ခုထိရှိခဲ့ပါတယ်။

မြို့ခံတွေကို လာမယ့်ရက်အနည်းငယ်အတွင်းမှာ စစ်ဆေးမှုတွေပြုလုပ်မှာဖြစ်ပေမယ့် လော့ခ်ဒေါင်းကန့်သက်ချက်တွေ ဘယ်အချိန်မှာ ရုပ်သိမ်းမလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

လက်ရှိမှာတော့ စီချွှန်ပြည်နယ်ရဲ့ မြို့တော် ချန်ဒူးကို ၀င်ထွက်သွားလာမှုတွေ ကန့်သတ်ထားပြီး စာသင်ကျောင်းတွေ ပိတ်ထားကာ လေယာဉ်ခရီးစဉ်တွေကိုလည်း ရပ်ဆိုင်းထားကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။

Ref\; BBC
Photo:Getty Images
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW