ဗြိတိန်သံမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူပန်းချီထိန်လင်း အလုပ်ကြမ်းနဲ့ ထောင် ၁နှစ်စီ ချမှတ်ခံရ

စက်တင်ဘာ ၂-၂၀၂၂ VOM (GG) မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူပန်းချီထိန်လင်းတို့ကို ဖမ်းဆီးပြီး ၁၀ ရက်အကြာမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ဒီကနေ့ စက်တင်ဘာလ ၂ ရက်နေ့မှာ အင်းစိန်ထောင်အထူးတရားရုံးကနေ လဝကအက်ဥပဒေနဲ့ အမိန့်ချမှတ်လိုက်တာဖြစ််တယ်လို့ သိရပါတယ်။ ” ဒီနေ့ အမိန့်ချတယ်။အလုပ်နဲ့ထောင် ၁ နှစ်စီပါ။ မနေ့က အကျဥ်းရုံးစစ်ဆေးမှုလုပ်ပြီး ဒီနေ့အမိန့်ချလိုက်တာ ။လောလောဆယ် ဒီလောက်ပဲသိရသေးတယ်။အသေးစိတ်တော့ မရသေးဘူး”လို့ တရားလွှတ်တော်ရှေ့နေတဦးကပြောပါတယ်။ ဗြိတိန်သံမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ခင်ပွန်းဖြစ်သူ ကိုထိန်လင်းတို့ကို ပြီးခဲ့တဲ့ဩဂုတ်၂၄ ရက်နေ့မှာ ရန်ကုန်၊စမ်းချောင်းမြို့နယ်က နေအိမ်မှာ ဖမ်းဆီးကာ လဝကအက်ဥပဒေပုဒ်မ ၁၃ (၁)၊ ၁၃ (၅) နဲ့ တရားစွဲ ဆိုခဲ့တာဖြစ်ပါတယ်။ ဗစ်ကီဘိုးမန်းဟာ ဗီဇာ နေခွင့်သက်တမ်းချပေးထားတဲ့ စမ်းချောင်းမြို့နယ်မှာ မနေဘဲ ကလောမြို့က ဦးထိန်လင်းအိမ်မှာ သွားရောက်နေထိုင်ခဲ့တဲ့အပေါ်…

Read More

ကျုံပျော်မှာ လောင်းကစားဝိုင်းတွေကို တရားဝင်ပုံစံပေါ်ပေါ်တင်တင်လုပ်နေတယ်လို့ ဒေသခံတွေပြော

စက်တင်ဘာ၊ ၁-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်က၊ ဆင်နှစ်ကောင်ကျေးရွာမှာ လောင်းကစားဝိုင်းတွေကို ငွေကြေးပြည့်စုံတဲ့ သူတဦးက ဦးဆောင်ပြီးတော့ ပြီးခဲ့တဲ့ သြဂုတ်လ ပထမ အပတ်ကနေစတင်ကာ တရားဝင်ပုံစံ ပေါ်ပေါ်တင်တင် လုပ်နေကြတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတွေဆီက နေသိရပါတယ်။ ”ဖွင့်ထားတာ တော်တော်လေးကိုကြာနေပြီ အခုဆို တလကျော်ပြီ ၊ ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူတွေဆီ လောင်းကစားဝိုင်း တစ်ခုကို ငွေကျပ် ၁သိန်းပေးလုပ် တာဆိုပြီး ဂျင် လောင်းကစားဝိုင်း ၂၀ နီးပါးဖွင့်ထားတာ ၊ သွားဆော့တဲ့သူတွေကလည်း ကြိတ်ကြိတ်တိုးလို့တအားစည်ကားတာပဲ ၊အဲ့ဒီငွေကြေးပြည့်စုံသူက ဒီလောင်းကစားဝိုင်းတွေဖွင့်ရင် အကောက်ရတယ် ဈေးရောင်းရတယ်လေ၊ အခုရွာမှာက ဘယ်တုန်းကမှမရှိတဲ့ လောင်းကစားကို ပေါ်ပေါိတင်တင်တရားဝင်ပုံစံ လုပ်နေတာ။”လို့ အမည်မဖော်လိုတဲ့ ဒေသခံတဦးကပြောပါတယ်။ လောင်းကစားဝိုင်းတွေ ပြုလုပ်လာတဲ့ကာလအတွင်း ထိုးသားတဦး နဲ့ ဒိုင်တဦး ဓားနဲ့ထိုးတဲ့အထိ ပြဿနာတွေဖြစ်ပွားတာရှိခဲ့ပြီး ခိုးလုယက်မှု နဲ့မိသားစုအတွင်း ပြဿနာတွေ၊…

Read More

အာဂျင်တီးနား ဒုသမ္မတ သေနတ်သမားရဲ့လုပ်ကြံသတ်ဖြတ်မှုမှ လက်မတင်လေး လွတ်မြောက်

ဗျူနိုအေရိစ်၊ စက်တင်ဘာ-၂-၂၀၂၂ မျိုးဆက်(VOM) အာဂျင်တီးနား ဒုတိယသမ္မတ Cristina Fernandez de Kirchner ဟာ သေနတ်သမားတဦးက ပစ်ခတ်လုပ်ကြုံဖို့ ကြိုးစားချိန်မှာ သေနတ်ကျည်မထွက်တာကြောင့် လုပ်ကြံသတ်ဖြတ်မှုကနေ လက်မတင်လေး လွတ်မြောက်သွားပါတယ်။ သူ့ရဲ့ ခေါင်းကို လူတဦးက သေနတ်နဲ့ချိန်ရွယ်ပစ်ခတ်ဖို့ ကြိုးစားစဉ်မှာ ဒုတိယသမ္မတဟာ နေအိမ်ပြင်ပမှာ ရောက်ရှိနေတဲ့ ထောက်ခံသူတွေကို နှုတ်ဆက်နေခဲ့ပါတယ်။ သေနတ်ထဲမှာ ကျည်ငါးတောင့်ပါပေမယ့် ပစ်ခတ်ချိန်မှာ သေနတ်ထဲက ကျည်မထွက်ဖြစ်ခဲ့ပြီး သေနတ်သမားဟာ အသက် ၃၅ နှစ်အရွယ် ဘရာဇီးနိုင်ငံသားဖြစ်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ လက်ရှိမှာတော့ ဒီလိုလုပ်ကြံဖို့ကြိုးစားရတဲ့ ရည်ရွယ်ချက်ကို စုံစမ်းစစ်ဆေးနေပါတယ်။ ဒီဖြစ်ရပ်ဟာ အာဂျင်တီးနားနိုင်ငံဟာ ၁၉၈၃ ခုနှစ်မှာ ဒီမိုကရေစီပြန်လည်ကျင့်သုံးပြီးနောက်ပိုင်း အဆိုးရွားဆုံး လုပ်ရပ်ဖြစ်တယ်လို့ သမ္မတ Alberto Fernandez ကပြောပါတယ်။ ဒုတိယသမ္မတဖြစ်သူ Cristina Fernandez de Kirchner ဟာ…

Read More

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦး၀င်းမြင့်တို့ ထောင် ၃ နှစ် ထပ်မံချမှတ်ခံရ

​စက်တင်ဘာ ၂-၂၀၂၂ Voice Of Myanmar(VOM) ဒေါ်အောင်ဆန်းစုကြည်၊ ဦး၀င်းမြင့်နဲ့ ဦးမင်းသူတို့ကို ဒီကနေ့မနက်ပိုင်းမှာ ထောင်ဒဏ် ၃နှစ်စီချမှတ်ခံလိုက်ရတယ်လို့ နေပြည်တော်ရှေ့နေအသိုင်းအဝိုင်းကနေ သိရပါတယ်။ နေပြည်တော်ထောင်တွင်းအထူးတရားရုံးကနေ ဒီကနေ့မနက်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံးတယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က)နဲ့ တရားစွဲဆိုထားတဲ့အမှုကို ထောင်၃နှစ်စီ အမိန့်ချလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်က ထောင်ဒဏ် ၁၇နှစ် ချမှတ်ခံထားရတာဖြစ်ပြီး အခု အမှုနဲ့ဆိုရင် ထောင်ဒဏ် အနှစ် ၂၀ချမှတ်ခံထားရပြီဖြစ်သလို နောက်ထပ် အမှု ၈မှုကို ဆက်လက်ရင်ဆိုင်ရအုံးမှာဖြစ်ပါတယ်။ သမ္မတဦးဝင်းမြင့်ကတော့ အရင်က ထောင်ဒဏ် ၂နှစ်ချမှတ်ခံထားရပြီး အခု အမှုနဲ့ဆိုရက် ထောင်ဒဏ် ၅နှစ် ချမှတ်ခံထားရသလို နောက်ထပ် ဒေါ်အောင်ဆန်းစုကြည်စုကြည်နဲ့အတူ အဂတ်ိအမှု ၅မှုကို ဆက်လက်ရင်ဆိုင်ရအုံးမှာ ဖြစ်တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #ဒေါ်အောင်ဆန်းစုကြည် #ဦးဝင်းမြင့် #ဦးမင်းသူ #ထောင်၃နှစ်ချခံရ

Read More

ကိုဗစ်ကူးစက်မှုတွေကြောင့် တရုတ်နိုင်ငံ ချန်ဒူးမြို့က လူ ၂၁ သန်းကို လော့ခ်ဒေါင်းချ

ပေကျင်း၊ စက်တင်ဘာ-၂-၂၀၂၂ မျိုးဆက်(VOM) ကိုဗစ် လုံး၀ကူးစက်မှုမရှိစေရေး မူဝါဒကို ဆက်လက်ကျင့်သုံးနေတဲ့ တရုတ်နိုင်ငံမှာ ရောဂါကူးစက်မှုတွေမြင့်တက်လာတာကြောင့် ချန်ဒူးမြို့ကို လော့ခ်ဒေါင်းချလိုက်ပါတယ်။ မြို့နေလူ ၂၁ သန်းကို နေအိမ်တွေမှာသာ နေထိုင်ကြဖို့ အမိန့်ထုတ်ထားပြီး မရှိမဖြစ်ကုန်ပစ္စည်းတွေ ၀ယ်ယူုဖို့ တအိမ်တယောက်သာ နေအိမ်ထွက်ခွင့်ပြုထားပါတယ်။ စက်တင်ဘာ ၁ ရက်မှာတော့ မြို့မှာ ရောဂါလက္ခဏာမပြတဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အပါအ၀င် ကူးစက်မှုသစ် ၁၅၇ ခုထိရှိခဲ့ပါတယ်။ မြို့ခံတွေကို လာမယ့်ရက်အနည်းငယ်အတွင်းမှာ စစ်ဆေးမှုတွေပြုလုပ်မှာဖြစ်ပေမယ့် လော့ခ်ဒေါင်းကန့်သက်ချက်တွေ ဘယ်အချိန်မှာ ရုပ်သိမ်းမလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ လက်ရှိမှာတော့ စီချွှန်ပြည်နယ်ရဲ့ မြို့တော် ချန်ဒူးကို ၀င်ထွက်သွားလာမှုတွေ ကန့်သတ်ထားပြီး စာသင်ကျောင်းတွေ ပိတ်ထားကာ လေယာဉ်ခရီးစဉ်တွေကိုလည်း ရပ်ဆိုင်းထားကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ Ref\; BBC Photo:Getty Images #voiceofmyanmar #VOM #ပေကျင်း

Read More
VOM News

FREE
VIEW