ကလေးမြို့လူငယ်ဖွံ့ဖြိုးရေး မိဘမဲ့ပရဟိတ ကျောင်းအုပ်ကြီး ကျောင်းအတွင်းမှာ အသတ်ခံရ

စက်တင်ဘာ ၃-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ကလေးမြို့ တောင်ပိုင်း ၊ သာစည်ကျေးရွာ ၊ ကလေး-ဂန့်ဂေါကားလမ်းမှာရှိတဲ့ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ခံ လူငယ်ဖွံ့ဖြိုးရေး မိဘမဲ့ ပရဟိတကျောင်းက ကျောင်းအုပ်ကြီး (ဂေဟာမှူး) ဖြစ်သူ အသတ်ခံထားရတဲ့ ရုပ်အလောင်းကို မနေ့ စက်တင်ဘာ ၂ ရက် နေ့လယ်ပိုင်းက ဒေသခံလူမှုကူညီရေးအဖွဲ့တွေက တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

” ဂေဟာမှူးဖြစ်သူ ဦးကြာတင့် (ခေါ်) ဘလေးစံ ဆိုတဲ့သူ ကျောင်းဝန်းထဲမှာ အသတ်ခံရတာပါ ၊ ရက်ကကြာပြီဖြစ်မယ် ၊ အလောင်းက ပုတ်ပွစပြုနေပြီ ၊ မနေ့က နေ့လယ်ပိုင်း ၁ နာရီလောက်မှာ အနံ့ရလို့ သွားကြည့်တော့မှ အလောင်းတွေ့ရတာ “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး ကလေးမြို့နယ်လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က” ဘစံ အသတ်ခံရတာ ရက်အနည်းငယ်ကြာပြီလို့ ခန့်မှန်းရတယ် ၊ ဦးခေါင်းပေါက်ပြဲ ဖောက်ဝင်ဒဏ်ရာ ၊ လည်ပင်းထိုးသွင်းပြတ်ရှ ဒဏ်ရာ ၊ မျက်နှာ ထိုးသွင်းပြတ်ရှဒဏ်ရာ ၊ နဖူးချိုင့်ဝင်ဒဏ်ရာတွေနဲ့ သေဆုံးနေတာပါ ၊ ကနဦး စစ်ဆေးပေါ်ပေါက်ချက်အရကတော့ ၊ အဲ့ဒီကျောင်းက မိဘမဲ့ကျောင်းသား ၇ ယောက်က သတ်တာလို့ သိရတယ် ၊ တပည့်ကနေ ဆရာကိုယ်ပြန်သတ်ထားတာပါ ၊ အမှုဖွင့်စစ်ဆေးနိုင်ဖို့ အလောင်းကို ရဲဆေးစာနဲ့ ဆေးရုံကို ပို့ထားတယ် ” လို့ ပြောပါတယ်။

အဲ့ဒီအပြင် လူသတ်မှုကျူးလွန်သူတွေလို့ သံသယရှိသူတွေကိုလည်း လိုက်လံ ဖမ်းဆီးနေပြီဖြစ်တယ်လို့ သိရပါတယ်။

ကလေးမြို့နယ်မှာ ပြီးခဲ့တဲ့ ၁၈ လတာ ကာလအတွင်း လူသတ်မှုကြောင့် သေဆုံးရသူ ၄၀ ကျော်ရှိပြီး အဲ့ဒီ အထဲမှာ ကျောင်းဆရာ ၊ဆရာမ ၊မြို့နယ်ထွေ/အုပ် ဝန်ထမ်းတွေ ၊ ဌာနဆိုင်ရာ ဝန်ထမ်းတချို့နဲ့ သတင်းထောက် လင်မယားလည်း ပါဝင်တယ်လို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။

အဲ့ဒီ သေဆုံးသူ ၄၀ ကျော်ဟာ အသတ်ခံရလို့ သေဆုံးရသူတွေဖြစ်ပြီး နှစ်ဘက် ပစ်ခတ် တိုက်ခိုက်ရာမှာ သေဆုံးသူတွေ ပါဝင်ခြင်း မရှိဘူးလို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ကလေး #လူငယ်ဖွံ့ဖြိုးရေးကျောင်အုပ်ကြီး #အသတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW