ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ်ထောင်ဒဏ်သုံးနှစ်ချမှတ်မှု အမေရိကန် ပြစ်တင်ရှုတ်ချ

၀ါရှင်တန်၊ စက်တင်ဘာ-၃-၂၀၂၂ မျိုးဆက်(VOM) ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပိုင်တွေက နောက်ထပ်ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်တဲ့အပေါ် အမေရိကန်အနေနဲ့ ပြစ်တင်ရှုတ်ချကြောင်း နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က စက်တင်ဘာ ၃ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပြီး မြန်မာအာဏာပိုင်တွေအပေါ် နောက်ထပ်ဖိအားတွေပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်ကြမ်းနဲ့ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်တဲ့ မမျှတတဲ့စီရင်ချက်တွေကို မိမိတို့အနေနဲ့ ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကို ဖိနှိပ်မှုတွေနဲ့ အကြမ်းဖက်မှုတွေပြင်းထန်ဆိုးရွားလာတဲ့အပေါ် အာဏာပိုင်တွေကို တာ၀န်ယူတာ၀န်ခံဖို့ အတူတကွလုပ်ဆောင်ရမှာဖြစ်တယ်လို့ ဘလင်ကင်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲဖြစ်ပြီးနောက် အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ ဆက်တိုက်ချမှတ်ခဲ့ပေမယ့် ထူးခြားစွာပြောင်းလဲမှုကတော့ ထင်သလောက်မတွေ့ရပါဘူး။ ဇူလိုင်လအတွင်းက ဒီမိုကရေစီတက်ကြွလှုပ်ရှားသူလေးဦးကို အာဏာပိုင်တွေက ကွပ်မျက်ပြီးနောက်မှာ နောက်ထပ်အရေးယူပိတ်ဆို့မှုတွေလုပ်မယ်လို့ အမေရိကန်က ကတိပြုခဲ့ပေမယ့်လည်း ရေနံနဲ့သဘာ၀ဓါတ်ငွေ့လုပ်ငန်းအပေါ် အရေးယူပိတ်ဆို့ဖို့စီစဉ်ထားတာက အကောင်အထည်မပေါ်သေးပါဘူး။ Ref:CNA Photo:AP #voiceofmyanmar #VOM #ဝါရှင်တန်

Read More

ပလက်၀က တိုက်ပွဲရှောင်သူ ၅ ရာကျော် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို ရောက်ရှိနေ

စက်တင်ဘာ ၃-၂၀၂၂ SP(VOM) ချင်းပြည်နယ်တောင်ပိုင်း ၊ ပလက်ဝမြို့နယ် ၊ မိတ်ဝကျေးရွာဘက်မှာ အခုလ ၁ ရက်နေ့ကစလို့ တပ်နဲ့ အေအေတို့ရဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး လေကြောင်းပစ်ခတ်တာတွေရှိလာတဲ့အတွက် မိတ်ဝကျေးရွာဘက်က ဒေသခံတွေဟာ မနေ့ စက်တင်ဘာ ၂ ရက်နေ့မှာ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ လှောင်တလိုင်ခရိုင်ထဲက ကျေးရွာတွေကို တိုက်ပွဲရှောင်ဖို့ ရောက်လာတယ်လို့ မီဇိုရမ်ပြည်နယ် တိုက်ပွဲရှောင်ကူညီထောက်ပံ့နေတဲ့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က လှောင်တလိုင်ခရိုင်ထဲကို မြန်မာစစ်ရှောင် ၅၆၄ ဦးရောက်လာတယ် ၊ လတ်တလော သူတို့ စားဝတ်နေရေးအတွက် Yong Lai Association အရပ်ဖက်အဖွဲအစည်း လူမှုကူညီရေးအဖွဲ့က ဆန် ၅၅ အိတ် ကူညီပေးထားတယ် ၊ ဟိုအရင်နှစ်တွေက ပလက်ဝနယ်ဘက်မှာ တိုက်ပွဲဖြစ်ရင် ပလက်ဝမြို့ပေါ်က စစ်ရှောင်စခန်းတွေမှာ ခိုလှုံကြတယ် ၊…

Read More

ပုသိမ်မှာ ပိုးကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော် သင်းအုပ်ဆရာ နေအိမ်အတွင်း အသတ်ခံရ

စက်တင်ဘာ ၊ ၃-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ်(၁၃) ရပ်ကွက်၊ တိုးချဲ့စံပြ(၃)လမ်းမှာနေတဲ့ ပိုးကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော်က သင်းအုပ်ဆရာတဦး နေအိမ်မှာ အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ အသက် ၅၀ အရွယ်ရှိတဲ့ ပိုးကရင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် သင်းအုပ်ဆရာဦးမန်းကျော်စိုးလတ်(ခ) ဆရာခေးကို နေအိမ်က အလုပ်သမားတွေ နေထိုင်တဲ့ အခန်းဝမှာ မနေ့ စက်တင်ဘာ ၂ ရက် ည ၇ နာရီ ၃၀ မိနစ်အချိန်ခန့်အသတ်ခံထားရတဲ့ ရုပ်အလောင်းကို မိသားစုတွေကတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “ဆရာ့ရဲ့ ဦးခေါင်းကို သံတူရွင်းနဲ့ ၄ ချက်လောက်ရုက်ပြီးမှ ဓားနဲ့ ထပ်ထိုးသွားတာပါ ၊ လည်ပင်းကိုလည်း ပလပ်စတစ်ကြိုးနဲ့ပတ်ပြီး သတ်သွားတာ ၊လတ်တလောတော့ ဆရာ့ရဲ့အိမ်မှာလုပ်နေတဲ့အလုပ်သမားတဦးက သတ်တာလို့ ယူဆတယ် ၊ လက်ရှိ အဲ့ဒီအလုပ်သမားကလည်း ထွက်ပြေးသွားတယ် ၊ရဲတပ်ဖွဲ့ကတော့ လာစစ်ဆေးသွားတယ်”လို့ အသတ်ခံရတဲ့ ဆရာ့ရဲ့တပည့်ဖြစ်သူတဦးကပြောပါတယ်။…

Read More

ပြည်ပထွက်ပြေးသွားတဲ့ သီရိလင်္ကာသမ္မတဟောင်း ရာဇပက်ဆာ နိုင်ငံသို့ပြန်လည်ရောက်ရှိနေ

ကိုလံဘို၊ စက်တင်ဘာ-၃-၂၀၂၂ မျိုးဆက်(VOM) ဇူလိုင်လအတွင်းကဖြစ်ပွားခဲ့တဲ့ လူထုဆန္ဒပြပွဲတွေကြောင့် ပြည်ပကို တိမ်းရှောင်သွားခဲ့တဲ့ သီရိလင်္ကာသမ္မတဟောင်း ဂိုတာဘာယာ ရာဇပက်ဆာဟာ စက်တင်ဘာ ၂ ရက်မှာ သီရိလင်္ကာနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။ မစ္စတာရာဇပက်ဆာဟာ ထိုင်းနိုင်ငံမှာ ယာယီဗီဇာနဲ့ နေထိုင်ခဲ့ပြီးနောက် စင်ကာပူမှတဆင့် သီရိလင်္ကာကို ပြန်လာခဲ့ခြင်းဖြစ်ပြီး ၀န်ကြီးအချို့က လေဆိပ်မှာသွားရောက်ကြိုဆိုခဲ့ကြပါတယ်။ သီရိလင်္ကာနိုင်ငံသမိုင်းမှာ အဆိုးရွားဆုံးစီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရပြီး နိုင်ငံခြားငွေပြတ်လပ်မှုကြောင့် စားနပ်ရိက္ခာနဲ့ လောင်စာဆီ ရှားပါးမှုနဲ့ပတ်သက်ပြီး ရာဇပက်ဆာရဲ့အစိုးရအပေါ် အပြစ်တင်ခဲ့ကြပါတယ်။ သမ္မတဟောင်း ရာဇပက်ဆာ နိုင်ငံကို ပြန်လာတာဟာ နောက်ထပ်ဆန္ဒပြမှုတွေဖြစ်ပွားမှာကို မလိုလားတဲ့ သီရိလင်္ကာအစိုးရသစ်အတွက် အကဲဆတ်တဲ့ကိစ္စရပ်တခုဖြစ်ပြီး သူ့ရဲ့လုံခြုံရေးအတွက် အာမခံဖို့ လိုအပ်လာမှာဖြစ်ပါတယ်။ သမ္မတဟောင်းအနေနဲ့ နိုင်ငံရေးနဲ့ အစိုးရအဖွဲ့ထဲကို ပြန်လည်၀င်ရောက်ဖို့ ကြိုးပမ်းမှုမှန်သမျှကို ဆန့်ကျင်သွားမှာဖြစ်ကြောင်း သီရိလင်္ကာဆန္ဒပြသူအချို့က ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref: BBC Photo:PTI #voiceofmyanmar #VOM #ကိုလံဘို

Read More

ဧရာဝတီတိုင်းထဲက လူမှုကူညီရေးအသင်းတွေ စက်သုံးဆီကြောင့် ရပ်တည်ဖို့ အဆင်မပြေတော့လို့ ရပ်နားလာရ

စက်တင်ဘာ ၊ ၃-၂၀၂၂ မင်းမြတ် စက်သုံးဆီ ဈေးနှုန်းတွ မြင့်တက်လာတာ၊ အလှူရှင်နည်းပါးလာတာနဲ့ ဆီဝယ်ယူတဲ့အခါ အခက်အခဲတွေရှိနေတာကြောင့် ကုန်ကျစရိတ် ပိုများလာလို့ ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ ပရဟိတလူမှုကူညီရေးအသင်းတွေဟာ သယ်ယူပို့ဆောင်တဲ့လုပ်ငန်းတွေ ရပ်နားလာရတယ်လို့ ပရဟိတလူမှုကူညီရေးအသင်းတွေဆီကနေ သိရပါတယ်။ စက်သုံးဆီ တလီတာကို ငွေကျပ် ၃၂၀၀ အထိ ကာလ ရှည်ဈေးမြင့်တက်နေပြီး အလှူရှင်တွေ နည်းပါးလာတာ၊ ပုံမှန်လှူပေးနေတဲ့ အလှူရှင်တွေမလှူနိုင်တော့တာ၊ စက်သုံးဆီဝယ်ယူဖို့ ခက်ခဲလာတာ စတဲ့အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ဧရာဝတီတိုင်းအတွင်းက ပရဟိတလူမှုကူညီရေးအသင်း ၅၀ ကျော်ရဲ့ယာဉ်အစီးရေ ၃၀၀ ကျော်မှာ ၂၀၀ ကျော်ဟာ လုပ်ငန်းတွေ ဆက်မလုပ်နိုင်တော့လို့ ရပ်နားလာရတယ်လို့ သိရပါတယ်။ “အခက်အခဲတွေကို တောင့်ခံလုပ်ကိုင်နေရင်း ဘယ်လိုမှ မရတော့တဲ့ အခြေအနေတွေကြောင့် နားရတဲ့အထိဖြစ်လာကြတာပါ၊ ကျွန်တော်တို့ ပရဟိတအသင်းဆိုတာ ဒုက္ခရောက်နေသူတွေကို ကူညီချင်တဲ့ စိတ်နဲ့ ဆောင်ရွက် တာဖြစ်တယ်၊ မပြည့်မစုံ ကူညီတာတက်…

Read More

ကလေးမြို့လူငယ်ဖွံ့ဖြိုးရေး မိဘမဲ့ပရဟိတ ကျောင်းအုပ်ကြီး ကျောင်းအတွင်းမှာ အသတ်ခံရ

စက်တင်ဘာ ၃-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ကလေးမြို့ တောင်ပိုင်း ၊ သာစည်ကျေးရွာ ၊ ကလေး-ဂန့်ဂေါကားလမ်းမှာရှိတဲ့ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ခံ လူငယ်ဖွံ့ဖြိုးရေး မိဘမဲ့ ပရဟိတကျောင်းက ကျောင်းအုပ်ကြီး (ဂေဟာမှူး) ဖြစ်သူ အသတ်ခံထားရတဲ့ ရုပ်အလောင်းကို မနေ့ စက်တင်ဘာ ၂ ရက် နေ့လယ်ပိုင်းက ဒေသခံလူမှုကူညီရေးအဖွဲ့တွေက တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ” ဂေဟာမှူးဖြစ်သူ ဦးကြာတင့် (ခေါ်) ဘလေးစံ ဆိုတဲ့သူ ကျောင်းဝန်းထဲမှာ အသတ်ခံရတာပါ ၊ ရက်ကကြာပြီဖြစ်မယ် ၊ အလောင်းက ပုတ်ပွစပြုနေပြီ ၊ မနေ့က နေ့လယ်ပိုင်း ၁ နာရီလောက်မှာ အနံ့ရလို့ သွားကြည့်တော့မှ အလောင်းတွေ့ရတာ “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး ကလေးမြို့နယ်လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က” ဘစံ…

Read More

ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ လက်နက်တွေ ထိုင်၀မ်ကို အမေရိကန်ရောင်းချမယ်

ဝါရှင်တန်၊ စက်တင်ဘာ-၃-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်ဟာ ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ လက်နက်တွေ ထိုင်၀မ်ကိုရောင်းချဖို့ စက်တင်ဘာ ၂ ရက်မှာ သဘောတူလိုက်ပါတယ်။ အဲဒီရောင်းချမှုမှာ ကျူးကျော်တိုက်ခိုက်မှုတွေကို ခြေရာခံဖို့ရေဒါစနစ်နဲ့ သင်္ဘောဖျက်ဒုံးကျည်၊ ဝေဟင်ပစ်ဒုံးကျည်တွေပါ၀င်ပြီး ကွန်ဂရက်မှာ မဲခွဲဆုံးဖြတ်ဖို့ လိုအပ်နေပါသေးတယ်။ ၂၅ နှစ်တာကာလအတွင်း အမေရိကန်ရဲ့အဆင့်မြင့်ထိပ်တန်းတာ၀န်ရှိသူတစ်ဦးဖြစ်သူ အမေရိကန် အောက်လွှတ်တော် ဥက္ကဌ နန်စီပလိုစီ ထိုင်၀မ်သို့ သွားရောက်ပြီးနောက်မှာ လက်နက်ရောင်းချမှုကို အမေရိကန်က သဘောတူလိုက်တာဖြစ်ပါတယ်။ ဒီကိစ္စအပေါ် တရုတ်နိုင်ငံက ကန့်ကွက်ထားပြီး လက်နက်ရောင်းချဖို့သဘောတူညီချက်ကို ရုပ်သိမ်းဖို့နဲ့ ဒီလိုမှမဟုတ်ရင် နောက်ဆက်တွဲအကျိုးဆက်တွေ ရင်ဆိုင်ရမယ်လို့ သတိပေးထားပါတယ်။ အဲဒီသဘောတူညီချက်ဟာ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးကို ဆိုးရွားစွာထိခိုက်စေလိမ့်မယ်လို့ တရုတ်နိုင်ငံဘက်က ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM #ဝါရှင်တန်

Read More
VOM News

FREE
VIEW