မြန်မာနိုင်ငံကို တရားမဝင်တင်ပို့မယ့် ထိန်းချုပ် ဓာတုပစ္စည်းတွေကို မီဇိုရမ် ရဲက ဖမ်းဆီး

အောက်တိုဘာ ၁ ၊ ၂၀၂၂
SP(VOM)

မြန်မာနိုင်ငံဘက်ကို တရားမဝင် တင်ပို့မယ့် မီးလောင်ပေါက်ကွဲစေနိုင်တဲ့ ထိန်းချုပ်ဓာတုပစ္စည်းတွေကို မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ မနေ့ စက်တင်ဘာ ၃၀ ရက်မှာ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

အဲ့ဒီ ထိန်းချုပ် ဓာတုပစ္စည်း ဖြစ်တဲ့ Acetone (အိုင်ဆိုတုန်း)ပေပါ ၄၃ လုံး၊ ၆၈၈၀ လီတာကို အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ Chalbawiha Junction Khankawn Police Check ဂိတ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့ညက အိန္ဒိယနိုင်ငံသား ၂ ဦးမောင်းနှင်လာတဲ့ကားပေါ်ကနေ ဖမ်းဆီးမိတာလို့ အဲ့ဒီ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နေပြည်တော်အခြေစိုက် မြန်မာနိုင်ငံမူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ အရေးကြီး ကြီးကြပ်ကန့်သတ် ၊ ဓာတုပစ္စည်း ကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူတဦးက ” အိုင်ဆိုတုန်း (Acetone)ဆိုတာ အရောင်မဲ့ အရည်အမျိုးအစားဓာတုပစ္စည်းဖြစ်တယ်၊ ဓာတုထိန်းချုပ် ကြီးကြပ် ကန့်သတ်အရေးကြီးစာရင်းမှာ ပါဝင်တယ် ၊ မီးလောင်လွယ်စေတယ် ၊ တလွဲအသုံးပြုမယ်ဆိုရင် ပေါက်ကွဲစေတယ် ၊ စက်မှုကုန်ကြမ်းသုံး ဓာတုပစ္စည်း အမျိုးအစားဖြစ်တယ် ၊ မူးယစ်ဆေးဝါး ဖော်မြူလာမှာ အသုံးပြုနိုင်တဲ့ ပရီကာဆာ ဓာတုပစ္စည်းဖြစ်တယ် ၊ ဥပဒေက ခွင့်ပြုထားတာမရှိတဲ့အတွက် မြန်မာနိုင်ငံမှာလည်း တွေ့ရင် ဖမ်းပါတယ် “လို့ ပြောပါတယ်။

Acetone ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ (INCB) ရဲ့ စာရင်းတွေမှာ အနီရောင်စာရင်း သတ်မှတ်ထားပြီး အိုင်ဆိုတုန်းဟာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တရားမဝင်ထုတ်လုပ်ရာမှာ ရှေ့ပြေး ဓာတုပစ္စည်းဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်ကလည်း အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ ရှာဟာခရိုင်ထဲမှာ မြန်မာနိုင်ငံဘက်ကို တရားမဝင်တင်ပို့မယ့် တိုက်ခိုက်ရေး ဝတ်စုံတွေ ၊ ရေဒီယို ဝတ်စုံတွေ ၊ နည်းဗျူဟာ အင်္ကျီတွေ ၊ နည်းဗျူဟာ လက်အိတ်တွေ ၊ ဖိနပ်တွေ အပါအဝင် လေသေနတ်နဲ့ လေသနတ်ကျည်ဆံတွေ ၊ ကာလတန်ဖိုးငွေ ရူပီး ၁၆ သိန်းဝန်းကျင်ကို အိန္ဒိယရဲက ဖမ်းဆီးတာ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmarv #VOM #မီဇိုရမ် #ထိန်းချုပ်ဓာတုပစ္စည်းဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW