မြောက်ကိုရီးယားက နျူလက်နက်သုံးရင် ကြီးလေးပြတ်သားတဲ့ တုံ့ပြန်မှုရင်ဆိုင်ရမယ်လို့ တောင်ကိုရီးယား သတိပေး

ဆိုးလ်၊ အောက်တိုဘာ-၁-၂၀၂၂
မျိုးဆက်(VOM)

မြောက်ကိုရီးယားရဲ့ ရန်စမှုတွေနဲ့ ခြိမ်းခြောက်မှုတွေကို ကိုယ်တွယ်ဖြေရှင်းရေးအတွက် အမေရိကန်နဲ့ မဟာမိတ်ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းဖို့လုပ်ဆောင်သွားမယ်လို့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်က အောက်တိုဘာ ၁ ရက်က ပြောပါတယ်။

တကယ်လို့ မြောက်ကိုရီးယားက နျူကလီးယားလက်နက်သုံးလာမယ်ဆိုရင် တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဆီကနေ ပြတ်သားပြီး ကြီးမားတဲ့တုံ့ပြန်မှုကို ရင်ဆိုင်ရလိမ့်မယ်လို့ သူက သတိပေးပြောဆိုပါတယ်။

အောက်တိုဘာ ၁ ရက်မှာ ကျရောက်တဲ့ တောင်ကိုရီးယားတပ်မတော်နေ့ အထိမ်းအမှတ်အခမ်းအနားကို နိုင်ငံတောင်ပိုင်းရှိ စစ်ဌာနချုပ်၌ပြုလုပ်ရာမှာ ပြုလုပ်ရာမှာ သမ္မတ ယွန်းဆွတ်ခ်ယိုးလ်က အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ဆန့်ကျင်မှုတွေရှိနေပေမယ့်လည်း မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီးယားလက်နက်နဲ့ ဒုံးပျံစမ်းသပ် ထုတ်လုပ်တာတွေကိုကို မစွန့်လွှတ်သေးကြောင်း တောင်ကိုရီးယား သမ္မတက ပြောပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် နျူကလီးယားဖျက်သိမ်းရေး ဆုံးဖြတ်ချက်ကို မြောက်ကိုရီးယားက ချမှတ်သင့်ကြောင်း တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်က ပြောပါတယ်။

Ref: NHK
Photo:AP
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW