ပြင်ပဒေါ်လာဈေး အတက်အကျ မြန်ဆန်နေလို့ အရောင်းအဝယ်တွေ ခဏရပ်ထားရ

အောက်တိုဘာ ၄-၂၀၂၂
SN (VOM)

လက်ရှိ ပြင်ပငွေကြေးဈေးကွက်အတွင်းမှာ ဒေါ်လာဈေးတွေ အတက်အကျ မြန်ဆန်နေလို့ အရောင်းအဝယ်တွေ ခဏရပ်ထားရတယ်လို့ နိုင်ငံခြားငွေလဲကောင်တာတွေဆီက သိရပါတယ်။

ဒီနေ့ အောက်တိုဘာ ၄ ရက်နေ့ ပေါက်ဈေးအရ ပြင်ပငွေကြေးဈေးကွက်မှာ အမေရိကန်တစ်ဒေါ်လာ လဲလှယ်နှုန်း ကျပ် ၂၉၀၀ ကျော် ပြန်ရောက်လာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ တတိယပတ်ကစလို့ ပြန်လည်ကျဆင်းလာတဲ့ ပြည်တွင်းဒေါ်လာဈေးဟာ အောက်တိုဘာ ၁ ရက်က အနိမ့်ဆုံးဈေး ၂၅၅၀ ကျပ်ဝန်းကျင်အထိ ကျခဲ့ပေမယ့် အောက်တိုဘာ ၃ ရက်အရောက်မှာတော့ ၂၉၀၀ ကျပ်ကို ပြန်တက်လာခဲ့ပြီး ၄ ရက်နေ့မှာတော့ ၂၉၅၀ ကျပ်ကို ရောက်ရှိနေပါတယ်။

“‌ဈေးအတက်အကျမြန်နေလို့ အမေရိကန်ဒေါ်လာ အရောင်းအဝယ်ကို ခဏရပ်ထားတယ်။ တခြားငွေကြေးတွေကိုတော့ အရောင်းအဝယ် ပြုလုပ်ပေးနေပါတယ်”လို့ နိုင်ငံခြားငွေလဲကောင်တာတစ်ခုမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကတော့ အမေရိကန်ဒေါ်လာငွေလဲနှုန်း တဖြည်းဖြည်း ကျဆင်းပြီး ဖြစ်သင့်တဲ့ နှုန်းထားကို ရောက်ရှိလာမှာဖြစ်တယ်လို့ စက်တင်ဘာ ၃၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပြောဆိုထားပါသေးတယ်။

#voiceofmyanmar #VOM #ဒေါ်လာစျေး

Related posts

Leave a Comment

VOM News

FREE
VIEW