ဈေးကွက်ထဲ ရွှေထည်ရောင်းချမှုတွေ များပြားနေ

အောက်တိုဘာ ၅ – ၂၀၂၂
SN (VOM)

လတ်တလော ပြည်တွင်းရွှေဈေးကွက်အတွင်း အဝယ်ထက် ရွှေထည်ရောင်းချမှုတွေ များပြားနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က သိရပါတယ်။

“အရောင်းကတော့ တောက်လျှောက် လာရောင်းတယ်။ တချို့ဆိုင်တွေမှာ ပိုက်ဆံကို ၂ပတ်လောက်နေမှ ရှင်းပေးတယ်။ လာရောင်းတာကို ပြန်ကျို၊ ကျိုပြီးတော့ အတုံးအခဲလုပ် ပြန်ရောင်း၊ ရောင်းပြီးတော့မှ လာရောင်းထားတဲ့သူတွေကို ပိုက်ဆံပြန်ပေးတယ်။ ရွှေက ဒီရာသီဆို ပုံမှန်စျေးကျတတ်ပါတယ်။ ဝယ်လိုအားနည်းပြီး ရောင်းတာတွေများတယ်။ ရွှေစျေးက ဒီဇင်ဘာလလောက်အထိ ကျနိုင်တယ်။ ဘတ်ဂျတ်ပိတ်တဲ့ လတွေလည်းဖြစ်တော့ ဌာနဆိုင်ရာတွေကလည်း မဝယ်တော့ဘူး။ စျေးကွက်ကတော့အေးတယ်။ မိုးတွင်းဆိုတော့ အလုပ်အကိုင်တွေသိပ်မကောင်းလို့ဝယ်လိုအားနည်းတာလည်းပါတယ်” လို့ YGEA မှ တာဝန်ရှိသူက ပြောပါတယ်။

အောက်တိုဘာ ၅ ရက်နေ့ နံနက်ပိုင်း ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၇၂၅ ဖြစ်ပြီး အရင်တစ်ပတ် ရွှေဈေးနှုန်းထက် ၉၆ ဒေါ်လာ ပိုနေသလို YGEA ရဲ့ ရည်ညွှန်းဈေးနှုန်းမှာလည်း ၂,၀၁၀,၀၀၀ ကျပ်ဖြစ်ရာ အရင်တစ်ပတ်ထက် ၉၆,၀၀၀ ကျပ် ပိုများနေခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ပြင်ပ ဈေးကွက်ပေါက်ဈေးမှာ ၂,၇၂၀,၀၀၀ ဖြစ်ပြီး ရည်ညွှန်းဈေးနှုန်းထက် ၇၁၀,၀၀၀ ပိုမိုနေပါတယ်။

ပြီးခဲ့တဲ့ ကာလတွေက တက်စျေးမိထားတဲ့ ကုန်သည်တွေကတော့ ပျှမ်းမျှတန်ဖိုးကျအောင် လက်ရှိမှာ ရွှေပြန်လည် ဝယ်ယူတာတွေရှိနေပြီး နှစ်စဥ် စက်တင်ဘာ၊ နိုဝင်ဘာ၊ အောက်တိုဘာနဲ့ ဒီဇင်ဘာလတွေမှာ ရွှေစျေးကျလေ့ရှိတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ရွှေစျေး

Related posts

Leave a Comment

VOM News

FREE
VIEW