ဒုံးကျည်ပစ်ခတ်မှု မအောင်ခဲ့ဘဲ ပြည်သူတွေထိတ်လန့်စေတဲ့အတွက် တောင်ကိုရီးယားစစ်တပ် တောင်းပန်

ဆိုးလ်၊ စက်တင်ဘာ-၅-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်နဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း ဒုံးကျည်ပစ်ခတ်မှုမအောင်မြင်ခဲ့ဘဲ ကမ်းရိုးတန်းမြို့ Gangneung ဒေသခံတွေထိတ်လန့်မှုဖြစ်ပွားခဲ့တဲ့အပေါ် တောင်ကိုရီးယားစစ်တပ်က အောက်တိုဘာ ၅ ရက်မှာ တောင်းပန်လိုက်ပါတယ်။

ဒုံးကျည်ပစ်ခတ်မှုမအောင်မြင်ခဲ့ဘဲ မီးလောင်ပြီး ပေါက်ကွဲသံတေးထွက်ပေါ်ခဲ့ပြီး လူအသေအပျောက်ထိခိုက်မှုမရှိခဲ့ပေမယ့်လည်း ခုနှစ်နာရီကြာတဲ့အချိန်ထိ ဖြစ်စဉ်ကို တောင်ကိုရီးယားစစ်တပ်က အတည်ပြုခဲ့ခြင်းမရှိပါဘူး။

ပစ်ခတ်လိုက်တဲ့ Hyunmoo-2 ဒုံးကျည်ဟာ ထိပ်ဖူးမပေါက်ကွဲခဲ့ကြောင်းနဲ့ စိုးရိမ်ထိတ်လန့်မှုတွေဖြစ်ပွားခဲ့တဲ့ အတွက်တောင်းပန်ကြောင်း တောင်ကိုရီးယားစစ်တပ်က နောက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ဒုံးကျည်ပစ်ခတ်မှုဟာ အောက်တိုဘာ ၄ ရက်အစောပိုင်းက ဂျပန်နိုင်ငံကိုဖြတ်ကျော်ပြီး မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်ခတ်မှုအပေါ် တောင်ကိုရီးယားက တုံ့ပြန်လုပ်ဆောင်တာဖြစ်ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ လက်ရှိမှာ ပူးတွဲစစ်ရေးလေ့ကျင့်နေပြီး ဒီလိုလေ့ကျင့်မှုအပေါ် ကန့်ကွက်နေတဲ့မြောက်ကိုရီးယားက ၂၀၁၇ ခုနှစ်နောက်ပိုင်း ဂျပန်နိုင်ငံကိုဖြတ်ကျော်ပြီး ဒုံးကျည်ပစ်ခတ်ခဲ့တာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW